spot_img
Thursday, February 6, 2025
More
    spot_img
    Homeသတင်းAMDP နှင့် MNP တို့ကိုပယ်ဖျက်၍ မွန်ညီညွတ်ရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

    AMDP နှင့် MNP တို့ကိုပယ်ဖျက်၍ မွန်ညီညွတ်ရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

    -

    မွန်သတင်းအေဂျင်စီ(ဇူလိုင် ၁၂)

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP တို့ နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့စွဲဖြင့် မွန်ညီညွတ်ရေးပါတီ Mon Unity Party-MUP ကို မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

    ထိုသို့ ဖျက်သိမ်းလိုက်သော ပါတီပိုင်ပစ္စည်းအားလုံးကို မွန်ညီညွတ်ရေးပါတီပိုင် ပစ္စည်းအဖြစ် စာရင်းပြောင်း လက်ခံရယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်း၍ မွန်ညီညွတ်ရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ရာ ကော်မရှင်က မှတ်ပုံတင်အမှတ် (၁၁၇)၊ ၁၁-၇-၂၀၁၉ ရက်စွဲပါ ကြေညာချက်အမှတ် (၁၂၀/၂၀၁၉) ဖြင့် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကို မှတ်ပုံတင်အမှတ် (၁၃)၊ ၂၄-၅-၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ် (၅၁/၂၀၁၀) ဖြင့် လည်းကောင်း၊ မွန်အမျိုးသားပါတီကို မှတ်ပုံတင်အမှတ် (၅၈)၊ ၁၀-၇-၂၀၁၂ ရက်စွဲပါ ကြေညာချက်အမှတ် (၃၄/၂၀၁၂) ဖြင့် လည်းကောင်း နိုင်ငံရေးပါတီများအဖြစ် ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

    အလားတူ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ Chin National Democratic Party, ချင်းတိုးတက်ရေးပါတီ Chin Progressive Party နှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ် ၃ ပါတီပူးပေါင်း၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ Chin National League for Democracy အဖြစ် ကော်မရှင်က ဇူလိုင် ၁၁ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း အစိုးရထုတ်သတင်းစာများ၌ ဖော်ပြသည်။


    Photo-AMDP နှင့် MNP ပယ်ဖျက်ကြောင်း သတင်းစာပါကြေညာချက်(ကြေးမုံ)


    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,700SubscribersSubscribe
    spot_img

    Latest posts