spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းလူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဋ္ဌာန မွန်ပြည်နယ်တွင် တိုးချဲ့ဖွဲ့စည်းမည်

    လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဋ္ဌာန မွန်ပြည်နယ်တွင် တိုးချဲ့ဖွဲ့စည်းမည်

    -

    ရွှေရိုး (မော်လမြိုင်-ဇူလိုင် ၂)

    ယနေ့ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁/၂၀၁၉) အရေးပေါ်အစည်းအဝေး၌ မွန်ပြည်နယ် အစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဋ္ဌာနအသစ်တစ်ခုအား တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း တွေ့ရှိရသည်။

    “ကျွန်တော်တို့ မွန်ပြည်နယ်မှာ စီမံဘဏ္ဍာဝန်ကြီးဖြစ်တဲ့ ကျွန်တော်က လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့ အင်အားဦးစီးဋ္ဌာနကို ကျွန်တော်ကနေပြီးတော့ ပထမဦးဆုံး ခွဲထုတ်တာပေါ့နော်။ ခွဲထုတ်တဲ့အခါကျတော့ ကျွန်တော်ကတော့ စီမံဘဏ္ဍာပဲ ကျန်တယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဋ္ဌာနကတော့ သီးသန့်ထွက်သွားတာပေါ့၊ အခုကတော့ လစ်လပ်နေတာပေါ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဋ္ဌာနက အသစ်တစ်ခု ထပ်မံဖွဲ့စည်းလိုက်တယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်က ပြောသည်။

    သို့ရာတွင် အဆိုပါဝန်ကြီးနေရာအတွက် မည်သူအား ခန့်အပ်တာဝန်ပေးသွားမည်ကို ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးသော်လည်း နိုင်ငံတော်နှင့် ပြည်သူ့ကို အလုပ်လုပ်ပေးမည့်သူကိုသာ နိုင်ငံတော်မှ ရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက “အစိုးရ သက်တမ်းကုန်ခါနီးမှ ပုံဖော်တယ်ဆိုရင် ပြန်ပြီးတော့ အသစ်လိုမျိုးဖြစ်သွားတယ်။ အချိန်ကတော့ သိပ်လုံလောက်မယ်လို့ ကျွန်တော် မယူဆဘူး။ အဲဒါကြောင့်မို့ အလုပ်ဖြစ်နိုင်ချေက အဲဒီအချိန်အပိုင်းအခြားပေါ်မှာ အများကြီး မူတည်တယ်။ အချိန်အရမ်းနည်းနေရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ တက်လာတဲ့ဝန်ကြီးကလည်း သူကျွမ်းကျင်အောင် လေ့လာရင်းနဲ့ သက်တမ်းကပြည့်ပြီ”ဟု ပြောသည်။

    ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၄၈ (ဂ)(၁) ပါပြဋ္ဌာန်းချက်အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မှ အဆိုပါဝန်ကြီးဌာနအသစ်အတွက် သဘောတူညီချက်ချမှတ်နိုင်ကြောင်း နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

    “လူဝင်မှုကြီးကြပ်ရေးဝန်ကြီးနေရာအတွက် အသစ်တစ်ခုသီးသန့်ရောက်လာတော့ တွက်လာမှာပေါ့၊ အဓိကတော့ အစိုးကက အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးချင်တာ၊ နောက်ပြီးတော့ အဲဒီလူတွေကိုလည်း နိုင်ငံသားဖြစ်ခွင့်ရှိတဲ့လူတွေလည်း မြန်မြန်လေးဆောင်ရွက်ပေးနိုင်စေဖို့ အဓိကတော့ အလုပ်အကိုင်အခွင့်အလမ်းက ပိုပြီးတော့ ဖန်တီးပေးချင်တယ်”ဟု မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က ပြောသည်။

    လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့၌ ဝန်ကြီးဌာန (၁၁) ခုတွင် ဝန်ကြီးချုပ်အပါအဝင်ဝန်ကြီး ၁၂ ဦးအထိရှိလာမည် ဖြစ်သည်။

    သို့ရာတွင် သမ္မတ ဦးဝင်းမြင့် အဆိုပြုပေးပို့လာသည့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဖွဲ့စည်းမည့်ကိစ္စကို ဇွန်လ၂၆ ရက်
    ၌ ကျင်းပခဲ့သော ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေး၌ သဘောမတူ ကန့်ကွက်သည်ဟု ဆုံးဖြတ်ခဲ့ကြောင်း သတင်းများတွင် တွေ့ရှိရသည်။

    Photo-
    စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks