spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းအဂတိကော်မရှင်ထံတိုင်ကြားခံရမှု မှတ်ချက်ပေးစရာမရှိကြောင်း ဝန်ကြီးချုပ်ပြော

    အဂတိကော်မရှင်ထံတိုင်ကြားခံရမှု မှတ်ချက်ပေးစရာမရှိကြောင်း ဝန်ကြီးချုပ်ပြော

    -

    ရွှေရိုး (မော်လမြိုင်၊ ဇွန်၂၁)

    အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံထားရခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးစရာမရှိကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

    “မှတ်ချက်ပေးစရာမရှိဘူး။ ဘာမှ ပြောစရာမလိုဘူး။ ဘာမှ မပြောဘူး”ဟု ဒေါက်တာအေးဇံက ပြောသည်။

    မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာရှိ ရွာလယ်ဓမ္မာရုံတွင် ကျင်းပသည့်လူထုတွေ့ဆုံပွဲအပြီး တိုင်ကြားခံရသည့်ကိစ္စနှင့် ပတ်သက်၍ သတင်းမီဒီယာများက မေးမြန်းရာတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

    “ပြီးခဲ့တဲ့ လွှတ်တော်ပုံမှန်အစည်းအဝေးမှာတော့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးရဲ့မေးခွန်းကို ဝန်ကြီးနဲ့ ဝန်ကြီးချုပ်ဖြေဆိုခဲ့တာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မကိုက်ဘူး။ လွဲမှားနေတယ်။ နောက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့လည်း ငြိစွမ်းနေတယ်။ အဲဒီလို မြင်တဲ့အတွက် တိုင်ကြားထားတဲ့သဘောပါပဲ” ဟု တိုင်ကြားသူများကိုယ်စား ရေးမြို့နယ် အခြေစိုက် ရေတော်ဝင်းသတင်းလွှာ အယ်ဒီတာချုပ် ဦးအောင်နိုင်ဝင်းက ပြောသည်။

    ရေးမြို့နယ် အောင်သပြေ(နှစ်ကရင်လမ်းဝ)-နှစ်ကရင်ကျေးရွာချင်းဆက်လမ်း ကျပ်သန်း (၁၀၀၀) စီမံကိန်း တင်ဒါမခေါ်သည့်ကိစ္စအပြင် ကျိုက်ထီးရိုးဘုရားပေါ်ရှိ အမှိုက်ဖျက်ဆီးစက်ကို တင်ဒါလုပ်ထုံးလုပ်နည်း လွဲမှားစွာ ဆောင်ရွက်ထားသည့်ကိစ္စနှင့် ပတ်သက်၍ မွန်ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းအချို့က ဇွန်လ ၁၈ ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားခြင်း ဖြစ်သည်။


    Photo- မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks