spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းကော်မတီ ၈ ရပ်ဖွဲ့စည်းပြီး

    မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းကော်မတီ ၈ ရပ်ဖွဲ့စည်းပြီး

    -

    ရူပါဗလဲ (မော်လမြိုင်၊ ဇွန် ၁၄)

    မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးအစီအစဉ် ၁၅ နှစ် စီမံချက်အရ မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးလုပ်ငန်းကော်မတီ ၈ ရပ်ကို ကော်မတီဝင် (၁၉) ဦးဖြင့် ဇွန်လ ပထမပတ်တွင် ဖွဲ့စည်းပြီးဖြစ်ကြောင်းမွန်ပြည်နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။

    “ကလေးလုပ်သားပပျောက်ရေးအတွက်ကို လုပ်ငန်းကော်မတီ ၈ ရပ်ဖွဲ့ပြီးသွားပါပြီ၊ ဒီလုပ်ငန်းကော်မတီရဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက တက်တက်ကြွကြွနဲ့ ဆောင်ရွက်ကြသလိုမျိုး စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနပိုင်ရှင်တွေကလည်း ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်”ဟု မွန်ပြည်နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ဒု-ညွန်ကြားရေးမှူး ဒေါ်ကြည်အေးက ပြောသည်။

    အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ အဆိုးရွားပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး၊ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး စသည့်လုပ်ငန်း (၈) ခုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    အများအားဖြင့် ကလေးလုပ်သားများသည် ရာဘာခြံလုပ်ငန်း၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ လမ်းခင်းလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းမှာ အများဆုံးလုပ်ကိုင်နေရကြောင်း အမျိုးသမီးနှင့် ကလေးအခွင့်အရေး စွမ်းရည်မြှင့်တင်ရေးအစီအစဉ် WRCP Program Coordinator မိဟံသာထောက ပြောသည်။

    ၎င်းက “ကလေးလုပ်လို့ရတဲ့အလုပ်၊ လုပ်လို့မရတဲ့အလုပ်ဆိုတာရှိတယ်၊ ဒါပေမယ့် ဒီဒေသမှာကျတော့ ကလေးကို ခိုင်းလို့မရမှန်း သူတို့မသိကြဘူး၊ တစ်ချို့ကျတော့ ကလေးတွေတတ်သင့်တဲ့အလုပ်တွေ၊ မိဘတွေကို ဝိုင်းကူမယ့်အလုပ်တွေကတော့ အဲ့ဒါတစ်မျိုးရှိတယ်၊ ကလေးအလုပ်မဟုတ်တဲ့ အလုပ်တွေကို လုပ်နေရတဲ့ ကလေးတွေ ဒီဒေသမှာ အများကြီးရှိနေတယ်”ဟု ဆိုသည်။

    မိသားစုစားဝတ်နေရေး ဆင်းရဲမွဲတေမှုကြောင့် ကလေးလုပ်သားများဖြစ်ပေါ်လာရပြီး အစိုးရတစ်ရပ်အနေဖြင့် ကလေးလုပ်သားကိစ္စကို မူဝါဒရေးဆွဲ၍ ဦးစားပေးဖြေရှင်းရမှာဖြစ်သလို မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တာဝန်ယူဖြေရှင်းပေးသင့်ကြောင်း မိဟံသာထောက ဆက်ပြောသည်။

    သို့ရာတွင် မွန်ပြည်နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးစာရင်းအရ မွန်ပြည်နယ်တွင် အသက်အရွယ် (၁၄ မှ ၁၆) နှစ်အထိ ကလေးလုပ်သားပေါင်း ၃၅၀ ကျော်ခန့်သာရှိသည်ဟု ဖော်ပြခဲ့သော်လည်း မြန်မာနိုင်ငံရှိ ကလေးအလုပ်သမား ၆ သိန်းကျော်ခန့်သည် ဘေးအန္တရာယ်ရှိသည့် (သို့မဟုတ်) ဘေးဖြစ်စေသည့်အလုပ်များကို လုပ်ကိုင်နေရပြီး ကျန်းမာရေး၊လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာများ ထိခိုက်နေရကြောင်း ဇွန်လ ၁၁ ရက်နေ့က ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။


    Photo- ကလေး အလုပ်သမား (Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks