Homeသတင်းမွန်ပြည်နယ် ဒူးရင်းသီး အထွက်နှုန်းနည်းသဖြင့် ဈေးကောင်းရရှိနေ

မွန်ပြည်နယ် ဒူးရင်းသီး အထွက်နှုန်းနည်းသဖြင့် ဈေးကောင်းရရှိနေ

-

ရူပါဗလွဲ(ဇွန် ၁၂)

မွန်ပြည်နယ်တွင် ယခုနှစ် နွေရာသီကြာရှည်မှုကြောင့် ဒူးရင်းပင်များ ခြောက်သွေ့ပြီး အထွက်နှုန်းနည်းသဖြင့် ဒူးရင်းသီးများဈေးကောင်းရရှိနေကြောင်း တွေ့ရှိရသည်။

“ဒီနှစ် ဒူးရင်းသီးအထွက်နှုန်းနည်းတယ် ဈေးကောင်းတယ်၊ ခါတိုင်းနှစ်ကျတော့ အသီးထွက်တာများတယ် ဈေးနည်းတယ် တစ်နှစ်နဲ့တစ်နှစ်က မတူဘူး၊ ဒီနှစ်က နွေရာသီကြာရှည်တော့ အသီးထွက်တာနည်းတယ်”ဟု ရေးမြို့မှ ဒူးရင်းသီးခြံရှင် ဒေါ်တင်ရှိန်က ပြောသည်။

ယမန်နှစ်တွင် ဒူရင်းသီးတစ်လုံးကို အများဆုံးတစ်ထောင့်ခြောက်ရာ (၁၆၀၀) ကျပ်သာ ဈေးပေါက်ခဲ့ကြောင်း ရေးမြို့နယ်ထွက် ဒူးရင်းသီးများကို ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသို့ ပို့ဆောင်နေသူ ဒူးရင်းသီးရောင်းဝယ်ရေးဒိုင် ဒေါ်နွယ်နွယ်က ပြောသည်။

သို့ရာတွင် ဒေါ်နွယ်နွယ်က “စပေါ်ချိန်က ၄၉၀၀ လောက်ဖြစ်တယ် အခုမှ ဈေးနည်းနည်းကျလာခဲ့ပြီးတော့ အခုမှ ၂၅၀၀ ဖြစ်တာ ပထမတုန်းက သီးတဲ့ခြံ သီးတယ် မသီးတဲ့ခြံ မသီးဘူးလေ၊ ဒူးရင်းက အခုအချိန်ဆိုရင် အခြားပြည်နယ်ဘက်ကလည်း အများကြီးသီးကြတဲ့အခါတော့ ကိုယ့်ပြည်နယ်ဘက်ခြမ်းက အသီးတွေ ဈေးလျော့ကျလာတယ်”ဟု ဆက်ပြောသည်။

စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်နေသည့် ရေးမြို့နယ်တွင် သီးနှံစိုက်ပျိုးမြေဧရိယာပေါင်း ၂၇၅,၃၃၀ ဧက ရှိကြောင်း သိရသည်။

အလားတူ သံဖြူဇရပ်မြို့နယ်နှင့် ကရင်ပြည်နယ်တို့တွင်လည်း လက်ရှိအချိန်တွင် ဒူးရင်းသီးအထွက်နှုန်းနည်းပါးလျက်ရှိပြီး ဈေးနှုန်းမြင့်တက်နေကြောင်း တွေ့ရှိရသည်။


Photo-ရေးဒေသထွက် ဒူးရင်းသီး(MNA)


ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts