spot_img
Wednesday, January 14, 2026
More
    spot_img
    Homeသတင်းအောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်းတင်ဒါမခေါ်သည့်ကိစ္စ အတိုင်ပင်ခံပုဂ္ဂိုလ်ညွှန်ကြားချက်မဟုတ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဝန်ခံလိုက်ရပြီ

    အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်းတင်ဒါမခေါ်သည့်ကိစ္စ အတိုင်ပင်ခံပုဂ္ဂိုလ်ညွှန်ကြားချက်မဟုတ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဝန်ခံလိုက်ရပြီ

    -

    အယ်ဒီတာ့အာဘော် ( ဇွန် ၁)

    အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်းကို တင်ဒါမခေါ်ဘဲ နီးစပ်ရာကုမ္ပဏီတစ်ခုကို လက်သိပ်ထိုးချပေးခဲ့သည့်ကိစ္စမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်မဟုတ်ကြောင်း နေပြည်တော်၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဝန်ခံလိုက်ရပြီဟု ကြားသိရသည်။

    ယင်းကဲ့သို့ အတိုင်ပင်ခံပုဂ္ဂိုလ်မပြောခဲ့သလို နုတ်မိန့်ဆိုတာလည်း မဟုတ်ပါကြောင်း၊ လွှတ်တော်တွင် နောက်ဆက်တွဲ မေးခွန်းဖြေကြားရင်း စကားပြောသွားမှားခဲ့သည်ဟု ဝန်ကြီးချုပ်ဖြေရှင်းချက်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက မေလ ၃၁ ရက်နေ့တွင် သတင်းထောက်များကို ရှင်းလင်းပြောကြားခဲ့သည်။

    ကျပ်သန်း ၁၀၀၀ ကျေးရွာချင်းဆက်လမ်းခင်းသည့်ကိစ္စကို တင်ဒါမခေါ်ဘဲ လုပ်ကိုင်ခွင့်ပြုခဲ့မှုကြောင့် ပြီးခဲ့သည့်မေ ၃ ရက်နေ့က ကျင်းပခဲ့သည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ထွက်ပေါက်ပိတ်နေသည့် ဝန်ကြီးချုပ်က အတိုင်ပင်ခံပုဂ္ဂိုလ်၏ နာမည်ပါဝါအား မည်ကဲ့သို့ ပြောဆိုအသုံးချခဲ့သည်ကို မွန်လွှတ်တော်အရေး စောင့်ကြည့်လေ့လာသူများ ကြားသိခဲ့ရသည့်အတိုင်းပင် ဖြစ်သည်။

    သို့သော် ယင်းကဲ့သို့ စကားမှားပြောဆိုမှားရှိခဲ့သည်ကိုဝန်ခံခဲ့သည့်အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ခွင့်လွှတ်ကောင်းခွင့်လွှတ်နိုင်မည်ဟု ယူဆစရာရှိသော်လည်း ကျပ်သန်း ၁၀၀၀ တင်ဒါမခေါ်သည့်ကိစ္စအား ဝန်ကြီးချုပ် မည်ကဲ့သို့တာဝန်ယူဖြေရှင်းပေးမည်ကို ပါတီအဖွဲ့အစည်းအသီးသီးနှင့် လူအများက စောင့်ကြည့်နေကြဆဲ ဖြစ်သည်။

    အဆိုပါ တင်ဒါမခေါ်သည့်ကိစ္စသည် သမ္မတရုံးထုတ်ပြန်ထားသည့် တင်ဒါစည်းမျဉ်းစည်းကမ်းများ၊ တင်ဒါလုပ်ထုံးလုပ်နည်း (ညွှန်ကြားချက်အမှတ် ၁/၂၀၁၇) လည်း ကိုက်ညီခြင်းမရှိဘဲ လုံးဝမှားယွင်းနေကြောင်း၊ ထို့အတူ နောက်ဆုံး ပြင်ဆင်လိုက်သည့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်လည်း ငြိစွန်းနေသည်။

    နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က “သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်သည့် တင်ဒါခေါ်ယူမှုများ၊ တင်ဒါစည်းမျဉ်းများအတွင်း လက်တလုံးခြား လုပ်ကိုင်ဆောင်ရွက်မှုများကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ထပ်မံသတိပေးလိုပါတယ်”ဟု မကြာခဏဆိုသလို သတိပေးပြောကြားခဲ့ဘူးသည်။

    ထို့ကြောင့် NLD အစိုးရလက်ထက်တွင် ချမှတ်ထားသည့် တင်ဒါစည်းမျဉ်းစည်းကမ်းများအတိုင်း NLD ဦးဆောင်သော ပြည်နယ်အစိုးရ လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အပေါ် မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းကြမည်ကို အချိန်အတိုင်းအတာတစ်ခုအထိတော့ စောင့်ကြည့်နေရဦးမည်ဟု ယူဆရပါကြောင်း။


    Photo- မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts