spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်မှုမြှင့်တင်ရေးဆွေးနွေးပွဲ မွန်ပြည်သစ်ဦးဆောင်ကျင်းပ

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်မှုမြှင့်တင်ရေးဆွေးနွေးပွဲ မွန်ပြည်သစ်ဦးဆောင်ကျင်းပ

    -

    ရွှေရိုး(မော်လမြိုင်-မေ ၃၀)

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်မှု မြှင့်တင်ရေးအတွက် နှစ်ရက်ကြာ ဆွေးနွေးပွဲတစ်ရပ်ကို မေလ ၃၀ ရက်နေ့တွင် မော်လမြိုင်မြို့၊ ရာမညဟိုတယ်မွန်ပြည်သစ်ပါတီ ဦးဆောင်ကျင်းပခဲ့ကြောင်း တွေ့ရှိရသည်။

    မွန်ပြည်သစ်ပါ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်းနှင့် အဖွဲ့ဝင်များ၊ မွန်ညီညွတ်ရေးပါတီမှ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မွန်ဇာတ်သဘင်အဖွဲ့၊ မွန်လူမှုအဖွဲ့အစည်းများနှင့် ရာမညရှေ့နေကွန်ယက်တို့က တက်ရောက်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

    “အဓိကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ မွန်အမျိုးသားရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးပါဝင်မှု များလာစေဖို့နဲ့ ရှေ့လုပ်ငန်းစဉ် ရေးဆွဲချမှတ်သွားနိုင်ဖို့အတွက် ဒီဆွေးနွေးပွဲကို ကျင်းပတာဖြစ်တယ်”ဟု မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးဆွေးနွေးမှု နည်းပညာအထောက်အကူပြုအဖွဲ့ TAT မှ နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

    ဆွေးနွေးပွဲရလဒ်များကိုအခြေခံ၍ ယခင်အစည်းအဝေးများတွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည့်အတိုင်း မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီနှင့် မွန်လူမှုအဖွဲ့အစည်းများ အင်အားစု (၃) ရပ်တို့ အကောင်အထည်ဖော်မည့်ရှေ့လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ဦးဆောင်မှုအပါအဝင် အခြားလုပ်ဆောင်သင့်သည့်လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။

    မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် မိလဝီဟန်က “ဒီဆွေးနွေးပွဲမှာ ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေလည်း ပါဝင်တက်ရောက်ကြတယ်၊ အမျိုးသမီးတွေမှာ သူတို့ ဖြစ်နေတဲ့ဆန္ဒတွေ လုပ်ချင်တဲ့အခွင့်အလမ်းတွေကို ဒီဆွေးနွေးပွဲမှာ လူကြီးတွေကို နားဖောက်ပြီးသား ဖြစ်လို့ အကျိုးရှိတယ်။ ပြီးတော့ လူငယ်တွေကို ဆွဲခေါ်မှုပေါ့၊ အမျိုးသားရေးလုပ်ငန်းစဉ်တွေမှာတော့ အမျိုးသမီး အမျိုးသားမရွေးဘဲ ဆွဲခေါ်မှုတစ်ရပ်လည်း ဖြစ်ပါတယ်”ဟု ပြောသည်။

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်ဦးဆောင်မှုအခန်း မြင့်မားလာစေရေးအတွက် မဟာဗျုဟာရေးဆွဲခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ အမျိုးသမီးများကဏ္ဍကိုလည်း ဆွေးနွေးခဲ့ကြသည်။

    ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ(NMSP)မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြန်လည်သုံးခြင်း၊ မွန်ညီညွတ်ရေးပါတီ(MUP)မှ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ၂၀၂၀ ရွေးကောက်ပွဲကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း တွေ့ရှိရသည်။


    Photo- အမျိုးသမီးများပါဝင်မှုမြှင့်တင်ရေးဆွေးနွေးပွဲ(MNA)


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks