spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းအခွန်တံဆိပ် မကပ်ပေးသည့် ဖုန်းနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်များကို သတင်းပေးတိုင်ကြားပါက ဆုချီးမြှင့်မည်

    အခွန်တံဆိပ် မကပ်ပေးသည့် ဖုန်းနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်များကို သတင်းပေးတိုင်ကြားပါက ဆုချီးမြှင့်မည်

    -

    မင်းချမ်းညီ (မော်လမြိုင်၊ မေ ၂၃)

    လာမည့် ဇွန်လ ၁ ရက်နေ့မှစတင်၍ ဖုန်းနှင့်ဆက်စပ်ပစ္စည်း ဝယ်သူများထံမှ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း စတင်ကောက်ခံသွားမှာဖြစ်ပြီး စာသုံးသူများအတွက် အခွန်တံဆိပ်မကပ်ပေးသည့် အရောင်းဆိုင်များတွေ့ရှိပါက မည်သူမဆိုတိုင်ကြားနိုင်သလို တိုင်ကြားသူကို ဆုငွေချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်းများဦးစီးဌာန (မွန်ပြည်နယ်) မှ သိရသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးမှူးများက ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များကို အခွန်အမှတ်တံဆိပ်နှင့်ပတ်သက်ပြီး အသိပညာပေးပြီးဖြစ်၍ လာရောက်ဝယ်သူများအား အခွန်အမှတ်တံဆိပ်မကပ်ပေးပါက ပထမအကြိမ် သတိပေးခံရပါက ဒဏ်ငွေ ကျပ် ၂ သိန်း၊ ဒုတိယအကြိမ် ကျပ် ၅ သိန်း၊ တတိယအကြိမ် ကျပ် ၇ သိန်း နှင့် စတုတ္ထအကြိမ် ကျပ် ၁၀ သိန်းအထိ သတ်မှတ်ထားကြောင်း ပြည်တွင်းအခွန်းများဦးစီးဌာန(မွန်ပြည်နယ်) မှ ညွှန်ကြားရေးမှူး ဦးကျော်သိန်းက ပြောသည်။

    ညွှန်ကြားရေးမှူး ဦးကျော်သိန်းက “စားသောက်ဆိုင်လုပ်ငန်းတွေနဲ့ သဘာဝချင်းတူတူပါပဲ။ ပြေစာ မကပ်ဘူးဆိုရင် ကျွန်တော်တို့ဆီ သတင်းပို့တင်ပြရင် အဲ့ဒီဆိုင်ကိုဒဏ်ရိုက်မယ်။ ဒဏ်ရိုက်လို့ရတဲ့ငွေ ၁၀ ရာခိုင်နှုန်းကို လာတင်ပြတဲ့သူကို ဆုကြေးအဖြစ် ပြန်ထုတ်ပေးမယ်။ ဥပမာ ၁၀ သိန်း ဒဏ်ရိုက်ရင် လာတိုင်သူက ၁ သိန်းရမယ်။ဒါပေမယ့် လာတိုင်တဲ့သူကိုတော့ လျှို့ဝှက်ထားပေးမယ်” ဟု ပြောသည်။

    သို့ရာတွင် လာရောက်တိုင်ကြားသူများအနေဖြင့် အရောင်းဆိုင်များပြေစာ ကပ်ထားခြင်းမရှိကြောင်း ပြေစာ တင်ပြရန်လိုအပ်ပြီး သက်ဆိုင်ရာမြို့နယ်အခွန်ရုံးမှာ အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် ဆက်သွယ်ရန် လိပ်စာတို့ကို ပေးပို့တိုင်ကြားနိုင်ပြီး တိုင်ကြားသူ၏ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ထားပေးမည်ဖြစ်သည်။

    မိုဘိုင်းဟန်းဆက်အပါအဝင် Ear Phone နားကြပ်များ၊ ဖုန်းကာဗာများ၊ ဖုန်းမှန် Sticker များ စသည့် ဆက်စပ်ပစ္စည်းများ ဝယ်ယူသူများထံမှ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်ကောက်ခံသွားမှာဖြစ်သလို အကယ်၍ ၁ သိန်းတန် မိုဘိုင်းဟန်းဆက်ဝယ်ယူပါက ကုန်သွယ်ခွန် ၅၀၀၀ ကျပ် ပေးသွင်းရမှာဖြစ်ကြောင်း ပြည်တွင်းအခွန်များရုံးမှ သိရသည်။

    ယင်းသို့ကုန်သွယ်ခွန် ကောက်ခံရပါက ပစ္စည်းတစ်ခု၏ မူလတန်ဖိုးထက် အနည်းငယ်ပို၍ ဈေးမြှင့် ရောင်းချမှ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင်များက ပြောသည်။

    “ကုန်သွယ်ခွန်ဖိုးနဲ့ ပစ္စည်းတန်ဖိုးပေါင်းပြီးတော့ Customer တွေက ပေးရမှာပေါ့။ နည်းနည်းပါးပါးဆိုလည်း ဆိုင်က စိုက်နိုင်ရင် စိုက်ပေ့ါ။ ရောင်းအားပေါ်မူတည်ပြီးတော့ တံဆိပ်ခေါင်းတွေ ဝယ်ရတယ်” ဟု သထုံမြို့နယ် အခွန်ဦးစီးမှူးရုံးက ခေါ်ယူ ဆွေးနွေးစဉ်က အစည်းအဝေးတက်ရောက်ခဲ့သည့် မြို့မဂုဏ် မိုဘိုင်းဖုန်းအပိုပစ္စည်းအရောင်းဆိုင်က ဒေါ်စန်းစန်းမြင့်က ပြောသည်။

    မိုဘိုင်းဖုန်းသုံးစွဲသူတဦးဖြစ်သည့် မုဒုံမြို့နယ်မှ ကိုသော်ဇင်ချမ်းက “ ပြည်သူတွေထဲက ကုန်သွယ်ခွန်ကောက်တာတွေက ကိုယ့်နိုင်ငံအတွက်ပဲဆိုတာ နားလည်ပါတယ်။ အခွန်အကောက်ဆိုတာလည်း နိုင်ငံတိုင်းမှာရှိနေတာပဲလေ။ကိုယ့်နိုင်ငံအတွက် ပေးရတာဆိုတော့ ဘာမှမပြောလိုပါဘူး။ဒါပေမယ့် ဖုန်းအပိုပစ္စည်းတွေ ဝယ်ယူနေတဲ့သူတွေက ဒီဘက်ခေတ်မှာ အခြေခံ လူတန်းစားတွေ များတယ်။တကယ်တမ်းအခွန်အခတွေ ရသင့်တဲ့ နေရာတွေမှာ အခွန်တွေဆုံးရှုံးနေတာတွေအများကြီးရှိတယ်။ ကျောက်မိုင်းတို့၊ စည်ပင်နဲ့ပတ်သက်တဲ့အခွန်တို့ အများကြီးပါ။ အဲ့ဒီလို အရေးကြီးတဲ့အခွန်အကောက်တွေကိုထိထိရောက်ရောက်အရင် လုပ်ပြီးမှ အခုဟာကို လုပ်သင့်တယ်။”ဟု ပြောကြားသည်။

    ယင်းသို့ ကုန်သွယ်ခွန်ကောက်ခံရန် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်၂၀၁၉ ခုနှစ်၊ သြင်္ကန်မတိုင်မီကတည်းက ညွှန်ကြားထားခြင်းဖြစ်ပြီး လက်ရှိမေလအတွင်း အရောင်းဆိုင်များအတွက် အခွန်အမှတ်တံဆိပ်ပမာဏကို ဇွန်လ ၁ ရက်နေ့တွင် စတင်အကော်ထည်ဖော်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန(မွန်ပြည်နယ်) မှ သိရသည်။


    Photo-ဖုန်းနှင့် ဆက်စပ်ပစ္စည်းများအရောင်းဆိုင် (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks