spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းကုလားဂုတ်ကျွန်းတွင် လူသတ်မှုကျူးလွန်သည့် တပ်မတော်အရာရှိတစ်ဦးကို ထောင်ဒဏ် ၁၀ နှစ်ချ

    ကုလားဂုတ်ကျွန်းတွင် လူသတ်မှုကျူးလွန်သည့် တပ်မတော်အရာရှိတစ်ဦးကို ထောင်ဒဏ် ၁၀ နှစ်ချ

    -

    မွန်သတင်းအေဂျင်စီ(မေ-၂၁)

    ရေးမြို့နယ်၊ ကုလားဂုတ်ကျွန်း၌ ယမန်နှစ်က အရပ်သားတစ်ဦးအပေါ် လူသတ်မှုကျူးလွန်ခဲ့သည့် တပ်မတော်အရာရှိတစ်ဦးကို မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် တရားရုံးက မေလ ၂၀ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

    ယမန်နှစ် မေလလယ်အတွင်း ကုလားဂုတ်ကျွန်း၌ တာဝန်ကျသော ခမရ (၅၈၇) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးအောင်ကိုမင်းက အလယ်ဆိပ်နေ သစ်ဝါးလုပ်ငန်းလုပ်ကိုင်သူ ကိုတင်စိုးမြင့်အား မှတ်ပုံတင်စစ်ဆေးရန်အကြောင်းပြု၍ တပ်စခန်းသို့ ခေါ်ဆောင်သွားရာမှ လူသတ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

    အရပ်သား၏မြေယာအငြင်းပွားမှုကိစ္စရပ်ကို ဝင်ရောက်ဖြေရှင်းမှု၊ အရက်သေစာသောက်စားမူးယစ်မှုတို့ဖြင့် တပ်မတော်အက်ဥပဒေအရ စွဲချက်တင်၍ အကျဉ်းစစ်တရားရုံးတို့ဖြင့် စစ်ဆေးစီရင်ပြီး အဆိုပါပြစ်မှုကျူးလွန်သူအား သက်ဆိုင်ရာမှ နယ်ဘက်တရားသို့ နိုဝင်ဘာလအတွင်းက လွှဲပြောင်းပေးခဲ့သည်။

    အဆိုပါပြစ်မှုကျူးလွန်သူအား ရာဇသတ်ကြီး ပုဒ်မ – ၃၀၂ လူသတ်မှုဖြင့် မော်လမြိုင်ခရိုင်တရားရုံး၌ တရားစွဲဆို၍ ယမန်နှစ် ဒီဇင်ဘာလတွင် အမှုစတင်ကြားနာစစ်ဆေးခဲ့ကြောင်း တွေ့ရှိခဲ့သည်။

    သေဆုံးသူ(ကိုတင်စိုးမြင့်) ၏ဇနီး မခင်ဆွေတင့် (အသက် ၃၆ နှစ် (ဘ) ဦးချမ်းအေး) က ၂၀၁၈ ခုနှစ် မေလ ၁၈ ရက်နေ့တွင် အဆိုပါတပ်မတော်အရာရှိအား လူသတ်မှု ၃၀၂ ဖြင့် လမိုင်းမြို့ရဲစခန်း၌ အမှုဖွင့်ခဲ့ကြောင်း သိရသည်။


    Photo-လူသတ်မှုအပြစ်ဒဏ်စီရင်ခြင်းခံရသူ
    ဗိုလ်ကြီးဟောင်း အောင်ကိုမင်း (လက်ထိပ်ဖြင့်အလယ်လူ) (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks