spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ပထမတန်းကို ဒေသဆိုင်ရာသင်ရိုးပူးတွဲသင်ကြားနိုင်အောင် ဆောင်ရွက်ထား

    မွန်ပြည်နယ်တွင် ပထမတန်းကို ဒေသဆိုင်ရာသင်ရိုးပူးတွဲသင်ကြားနိုင်အောင် ဆောင်ရွက်ထား

    -

    ရူပါဗလွဲ(မော်လမြိုင်၊ မေ ၂၀)

    မွန်ပြည်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် ယခုနှစ် (၂၀၁၈-၂၀၁၉) ပညာသင်နှစ်မှစတင်၍ ပထမတန်း (Grade-1) ကို မွန်ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း ပူးတွဲသင်ကြားနိုင်အောင် ဆောင်ရွက်ထားကြောင်း မွန်ပြည်နယ် ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။

    “ဒီသင်ရိုးညွန်းတမ်း(မူကြမ်း)ကို မိတ်ဆက်ပြီးလို့ အနည်းငယ်ပြန်ဆင်ပြီးရင် အချောဖြစ်ပါမယ်။ အချောဖြစ်တဲ့အခါမှာ သင်ရိုးညွန်းတမ်းကိုသင်နိုင်ဖို့အတွက် ဆရာ/ဆရာမတွေကို သင်တန်းပေးရမယ်။ (Grade-1) ခလေးကိုတော့ ဒီနှစ်အတွင်းမှာ သင်ဖြစ်သွားအောင် ဆောင်ရွက်နေပါတယ်”ဟု ဒေါက်တာချိုချိုမြတ်
    အောင်က ဆိုသည်။

    မွန်ဒေသဆိုင်ရာသင်ရိုးညွန်းတမ်း(မူကြမ်း) မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ မေလ (၂၀) ရက်နေ့တွင် မော်လမြိုင်မြို့ ငွေမိုးဟိုတယ်၌ ကျင်းပခဲ့ရာ မွန်ပြည်နယ်အတွင်းရှိ ဒေသဆိုင်ရာသိမှတ်ဖွယ်ရာများ စသည့်ဒေသဆိုင်ရာ သမိုင်းအကြောင်းအရာများ၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ မြေယာဒေသအကြောင်းများ၊ ဒေသထွက်ကုန်နှင့် စီးပွားရေးလုပ်ငန်းများကို မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားဘာသာစကားနှင့် မြန်မာဘာဖြင့် နှစ်ပိုင်းခွဲ၍ သင်ပေးမည်ဖြစ်ကြောင်း ဒေါက်တာချိုချိုမြတ်အောင်က ဆက်ပြောသည်။

    ကျောင်းစာသင်ချိန်များတွင် ဒေသဆိုင်ရာသင်ရိုးညွန်းတမ်းကို သင်ကြားပေးခြင်းအားဖြင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုကို နားလည်သွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာသင်ရိုးညွန်းတမ်းရေးဆွဲရေးအဖွဲ့ဝင် ဆရာ ဦးအောင်မောင်းက ပြောသည်။

    “တိုင်းရင်းသားတစ်ဦးနဲ့တစ်ဦး ယဉ်ကျေးမှုသဘောနားလည်မယ်၊ ရှောင်သင့်တဲ့အရာတွေ ရှောင်လို့ရအောင် သူ့ကျေးရွာဓလေ့နဲ့သူ ရှိတဲ့အခါကျတော့ မကြိုက်တာတွေရှိကြတယ် အဲဒါတွေကို ကလေးတွေ ငယ်ငယ်ကတည်းက ရှောင်ရှားနိုင်လို့ရတယ်”ဟု ဦးအောင်မောင်းက ဆိုသည်။

    မွန်ပြည်နယ်အတွင်း မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားများရှိနေသည့်အတွက် တိုင်းရင်းသားဘာသာစကား သင်ကြားရေးတွင် ကျောင်းတစ်ကျောင်းအတွင်း လူဦးရေများသည့်တိုင်းရင်သားဘာသာဖြင့် ဦးစားပေး သင်ကြားပေးသွားမည် ဖြစ်သည်။

    မွန်ပြည်နယ်က ပထမဦးဆုံး စတင်ဆောင်ရွက်ခဲ့သော ဒေသဆိုင်ရာသင်ရိုးညွန်းတမ်း(မူကြမ်း)ကို ပဉ္စမတန်းအထိ ရေးဆွဲထားပြီးဖြစ်သော်လည်း ယခုနှစ်တွင် ပထမတန်းအဆင့်မှ စတင်သင်ကြားသွားမည်ဖြစ်သည်။

    Photo-ကျောင်းသုံး မွန်ဖတ်စာအုပ်များ (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks