spot_img
Tuesday, December 10, 2024
More
    spot_img
    Homeသတင်းလွှတ်တော်တွင် မလျော်ကန်သည့်အသုံးနှုန်းများရှောင်ရှားရန် ဒုတိယဥက္ကဋ္ဌ တိုက်တွန်း

    လွှတ်တော်တွင် မလျော်ကန်သည့်အသုံးနှုန်းများရှောင်ရှားရန် ဒုတိယဥက္ကဋ္ဌ တိုက်တွန်း

    -

    ရွှေရိုး (မော်လမြိုင်၊ မေ-၁၂)

    လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော်နှင့် မသင့်လျော်သည့် စကားရပ်များ၊ အသုံးနှုန်းများကို ရှောင်ရှားရန်၊ လွှတ်တော်ဂုဏ်အင်္ဂါရပ်နှင့် မလျော်ကန်သည့် စကားရပ်များကို လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်မှတ်တမ်းတင်ထားခြင်းမှ ပယ်ဖျက်ပေးရန် ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက မေလ ၁၀ ရက်နေ့ လွှတ်တော်အစည်းအဝေးနောက်ဆုံးနေ့၌ တိုက်တွန်းပြောကြားခဲ့သည်။

    ဒေါက်တာအောင်နိုင်ဦးက “နောက်နောင်မှာလည်း ကိုယ်စားလှယ်တွေ သုံးနှုန်းပြောဆိုတဲ့ စကားရပ်တွေ လွှတ်တော်မှာ မလျော်ကန်တဲ့ စကားရပ်တွေကို ရှောင်ရှားသင့်ကြောင်း ထပ်ပြီးတော့ ကျွန်တော်တိုက်တွန်းအကြံပြုပါတယ်”ဟု ပြောသည်။

    လွှတ်တော်အစည်းအဝေး၌ ကိုယ်စားလှယ်များ၏ သုံးနှုန်းပြောဆိုခဲ့သော အချို့စကားရပ်အသုံးနှုန်းများတွင် လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအရဖြစ်စေ၊ ထုံးတမ်းအစဉ်အလာအရဖြစ်စေ ထိခိုက်စေသည့် သုံးနှုန်းပြောဆိုမှုများကို တွေ့ရှိမိကြောင်း၊ အဆိုပါ မလျော်ကန်သည့် စကားရပ်အသုံးနှုန်းများကို ပယ်ဖျက်ခြင်း မပြုပါက နောင်လာနောက်သားများ အစည်းအဝေးမှတ်တမ်းများကို ဖတ်ရှုလေ့လာသည့်အခါ အထင်သေးပြီး လေးစားမှုပျက်ပြားနိုင်မည်ဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ထောက်ပြပြောဆိုသည်။

    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “ဝန်ကြီးလိမ်လည်သည်”ဆိုသည့်စကားလုံး သုံးနှုန်းပြောဆိုခဲ့ကြောင်း တွေ့ရှိရသည်။

    အဆိုပါ လွှတ်တော် ဒုဥက္ကဌ၏ အကြံပြု ဆွေးနွေးတင်ပြခြင်းနှင့် ယင်းအကြံပြုဆွေးနွေးခြင်းအား ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင် အတည်ပြုကြောင်း ကြေညာခဲ့သည်။

    မေလ ၁၀ ရက်နေ့က ၆ ရက်ကြာကျင်းပပြီးစီးခဲ့သည့် (၁၃) ကြိမ်မြောက် မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးတွင် မေးခွန်း (၂၃) ခုမေးမြန်းခဲ့ပြီး အဆိုများတင်သွင်းခြင်းနှင့် အတည်ပြုခြင်းများ၊ လျာထားချက်တစ်ရပ်အတည်ပြုခြင်း၊ နည်းဥပဒေတစ်ရပ်တင်သွင်းခြင်း၊ အစီရင်ခံစာ(၅)ခု မှတ်တမ်းခြင်း ကော်မတီသက်တမ်းတိုးမြှင့်ခြင်းနှင့် ပြင်ဆင်ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။

    Photo- မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး
    (မွန်လွှတ်တော်)




    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,000SubscribersSubscribe
    spot_img

    Latest posts