spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့ ဈေးကြိုရုပ်စုံအဝိုင်းကို ငွေကျပ်သိန်း ၁၅၀၀ အသုံးပြု၍ ပြန်လည်တည်ဆောက်မည်

    မော်လမြိုင်မြို့ ဈေးကြိုရုပ်စုံအဝိုင်းကို ငွေကျပ်သိန်း ၁၅၀၀ အသုံးပြု၍ ပြန်လည်တည်ဆောက်မည်

    -

    မင်းသူရိန် (မော်လမြိုင်၊ မေ ၈)

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဈေးကြိုရုပ်စုံအဝိုင်းကို မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ငွေကျပ်သိန်း ၁၅၀၀ အသုံးပြု၍ ပြန်လည်တည်ဆောက်မည်ဖြစ်သည့်အတွက် မေလ ၇ ရက်နေ့ ညပိုင်းက ဖြိုချခဲ့ပြီး အဝိုင်းအသစ် ပြန်လည်တည်ဆောက်ရန် လုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း တွေ့ရသည်။

    မော်လမြိုင်မြို့ရှိ ဈေးကြိုရုပ်စုံအဝိုင်းကို အသစ်ပြန်လည်တည်ဆောက်ပေးနိုင်ရန် ၂၀၁၇ ခုနှစ် မတ်လ ၂၁ ရက်နေ့က ပြုလုပ်ကျင်းပသော ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့) တွင် မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက မေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

    “မော်လမြိုင်မြို့ရှိ ဈေးကြိုရုပ်စုံအဝိုင်းကို မူလတည်ဆောက်ပေးမှုများအပေါ် အလေးထားသလို တည်ဆောက်ခဲ့သူများကိုလည်း လေးစားဂုဏ်ယူပါတယ်၊ တခြားနိုင်ငံရေး အရောင်မပါဘဲ ပြည်သူလူထု အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးနဲ့ ယာဉ်လမ်းကြောင်း ပိုမိုကောင်းမွန်ရေးအတွက် ရည်ရွယ်လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပါတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

    ဈေးကြိုရုပ်စုံအဝိုင်းကို တည်ဆောက်ခဲ့သည်မှာ အနှစ် ၂၅ ကျော် ကြာမြင့်နေပြီဖြစ်သဖြင့် အောက်ခြေအဝိုင်းမှာ အက်ကြောင်းများဖြစ်ပေါ်လာပြီး အပေါ်ပိုင်းမှာလည်း သိသာစွာ တိမ်းစောင်းလာကာ ပြိုကျပျက်စီးမှုနှင့် ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်လာခင် အချိန်မီ ပြန်လည်တည်ဆောက်ပေးနိုင်ရန်အတွက် မွန်ပြည်နယ်လွှတ်တော်တွင် မေးမြန်းတင်ပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

    ထိုနောက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ လေ့လာစိစစ်မှုများပြုလုပ်ပြီး အချိန်မီတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ကတိပြုဖြေကြားခဲ့ပြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဈေးကြိုရုပ်စုံအဝိုင်းကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ ပုံစံစနစ်တကျရေးဆွဲကာ ဘတ်ဂျက်တွင် ထည့်သွင်းလျာထားခဲ့ကြောင်းနှင့် ဈေးကြိုရုပ်စုံအဝိုင်းကို ပြန်လည်တည်ဆောက်ရန် အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ဈေးကြိုရုပ်စုံအဝိုင်းကို မွန်ပြည်နယ် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးမြင့်၏ လမ်းညွှန်မှုဖြင့် ၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။


    Photo- ဈေးကြိုရုပ်စုံအဝိုင်းကို ဖြိုချနေစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks