spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းမွန်လွှတ်တော်မှ မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးအသစ်ကို အတည်ပြု

    မွန်လွှတ်တော်မှ မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးအသစ်ကို အတည်ပြု

    -

    မွန်သတင်းအေဂျင်စီ(မေ-၇)

    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းဆိုင်ရာကိစ္စနှင့်စပ်လျဉ်းပြီး မွန်ပြည်နယ် ဝန်ကြီးချုပ်မှပေးပို့လာသော ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီးအဖြစ် ဦးလှထွန်းအား ခန့်အပ်တာဝန်ပေးမည့်အပေါ် မေလ ၆ ရက်နေ့က ကျင်းပခဲ့သော မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးမှ အတည်ပြုခဲ့သည်။

    မွန်ပြည်နယ်အတွက် လစ်လပ်လျက်ရှိသည့် လျှပ်စစ်၊ စွမ်းအင် နှင့် စက်မှုဝန်ကြီးနေရာကို မေလ ၂ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ကန့်ကွက်သူမရှိ အတည်ပြုခြင်းဖြစ်သည်။

    မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက ‘‘ဦးလှထွန်းကို ဝန်ကြီးခန့်အပ်ရန် ပြည်နယ်လွှတ်တော်က သဘောတူသည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်က ဖွဲ့စည်းပုံအ ခြေခံဥပဒေပုဒ်မ ၂၆၂ ပုဒ်မခွဲ(င) အရ၊ ပြည်နယ်လွှတ်တော် နည်းဥပဒေ ၅၃ အရ နိုင်ငံတော်သမ္မတ ထံ တင်ပြသွားရန်နှင့် နိုင်ငံတော်သမ္မတထံမှ ဝန်ကြီးအဖြစ် ခန့်အပ်စာရရှိမှသာ လွှတ်တော်မှာ ကတိသစ္စာပြုအစီအစဉ် ဆက်လက် ဆောင်ရွက်သွားမယ်’’ဟု ပြောသည်။

    ဝန်ကြီးချုပ်တင်ပြထားသည့် ကိုယ်ရေးအကျဉ်းတွင် ရန်ကုန်တိုင်းဒေသကြီးဇာတိဖြစ်သော အသက်(၆၁)နှစ်အရွယ်ရှိ ဦးလှထွန်းသည် BE လျှပ်စစ်စွမ်းအား ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဘွဲ့ရရှိခဲ့ကြောင်း၊ ပဲခူးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာဌာန ဒုတိယအင်ဂျင်နီယာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

    ယခင် မွန်ပြည်နယ်အစိုးအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးမင်းထင်အောင်ဟန်ကို ၎င်း၏သဘောဆန္ဒအလျောက် ယမန်နှစ်မေလကုန်ပိုင်းတွင် နုတ်ထွက်ခွင့်ပြုခဲ့ပြီး စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က လစ်လပ်ဝန်ကြီးနေရာကို ပူးတွဲထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။


    Photo- မွန်ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီးသစ်အဖြစ် လွှတ်တော်အတည်ပြုခဲ့သူ ဦးလှထွန်း (Dawei Watch)




    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks