spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းပြည်ထောင်စုတည်ဆောက်ရေးတွင် တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များရရှိရန် ကြိုးပမ်းသွားမည်ဟု မွန်ဝန်ကြီးချုပ်ဆို

    ပြည်ထောင်စုတည်ဆောက်ရေးတွင် တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များရရှိရန် ကြိုးပမ်းသွားမည်ဟု မွန်ဝန်ကြီးချုပ်ဆို

    -

    ရွှေရိုး(ရေး-ဧပြီ ၂၉)

    မွန်ပြည်သစ်ပါတီနှင့် မိမိတို့အစိုးရအဖွဲ့တို့သည် ပိုမိုကောင်းမွန်သည့်အနာဂတ်နှင့် ပြည်ထောင်စုကို တည်ဆောက်သည့်နေရာတွင် တန်တူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များရရှိနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။
    ဂျပန်နိုင်ငံ Nippon Foundation မှ မွန်ပြည်သစ်ပါတီ (NMSP) ထံ ဧပြီလ ၂၅ ရက်နေ့က ရေးမြို့နယ်၌ ကျင်းပသော ဖွံ့ဖြိုးရေးသုံးစက်ယန္တရားများပေးအပ်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ်ဒေါက်တာအေးဇံ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

    ဒေါက်တာအေးဇံက “မွန်ပြည်သစ်ပါတီနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့ဟာ ပိုမိုကောင်းမွန်တဲ့အနာဂတ်နဲ့ မိမိတို့ရဲ့ပြည်ထောင်စုကို တည်ဆောက်တဲ့နေရာမှာ အဓိကကျတဲ့ တန်တူညီမျှရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ကို ရရှိဖို့အတွက် ကိုယ်ပိုင်ပြဌာန်းတဲ့အခွင့်အရေးတွေ ရရှိဖို့အတွက် ဆက်လက်ကြိုးစားဆောင်ရွက်သွားပါ့မယ်”ဟု ဆိုသည်။

    မိမိတို့အစိုးရအဖွဲ့သည် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ပူးပေါင်းပြီး ဒီမိုကရေစီအရေး၊ အမျိုးသားတန်တူရေးနှင့် ကိုယ်ပိုင်ပြဌာန်းသည့် အခွင့်အရေးများကို အာမခံချက်အပြည့်အဝရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ကြမည်ဖြစ်ကြောင်း ဒေါက်တာအေးဇံက ဆိုသည်။

    အလားတူ “ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်တဲ့အခါ မိမိတို့ မွန်ပြည်သစ်ပါတီအနေနဲ့ ရှေ့ဆက်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ ဝန်မလေးပါဘူး၊ စေနောအပြည့်အဝရှိပြီးသား ဖြစ်တယ်”ဟု မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က ပြောသည်။

    မွန်ပြည်သစ်ပါတီ (NMSP) သည် ဒီမိုကရေစီအရေး၊ အမျိုးသားတန်တူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို အပြည့်အဝရရှိသည့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသော စစ်မှန်သည့်ပြည်ထောင်စုကို တည်ဆောက်မည်ဟု ယုံကြည်သောကြောင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ထောမွန်က ဆက်ပြောသည်။

    အဆိုပါ ဖွံ့ဖြိုးရေးသုံးစက်ယန္တရားများပေးအပ်ပွဲအခမ်းအနားတွင် နိပွန်ဖောင်ဒေးရှင်းမှ မွန်ပြည်သစ်ပါတီသို့ မြေတူးစက် (Excavator) (၁) စီး၊ မြေကော်စက် (Dozer) (၁) စီး၊ မြေသယ်ယာဉ် (ISUZU) (၂) စီးအတွက် စာရွက်စာတမ်းများအား ပေးအပ်ခဲ့ကြောင်း တွေ့ရှိရသည်။

    Photo-မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့ကိုအတူတကွတွေ့ရစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks