Homeသတင်းစသုံးလုံးညွှန်မှူးနေအိမ် ဖောက်ထွင်းသူကို တစ်ပတ်အတွင်း ဖမ်းမိ

စသုံးလုံးညွှန်မှူးနေအိမ် ဖောက်ထွင်းသူကို တစ်ပတ်အတွင်း ဖမ်းမိ

-

မင်းချမ်းညီ (မော်လမြိုင်၊ ဧပြီ -၂၂)

မွန်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး) ညွှန်မှူးနေအိမ် ဖောက်ထွင်းခဲ့သူကို တစ်ပတ်အတွင်း သံဖြူဇရပ်မြို့၌ ဖမ်းဆီးရမိကြောင်း မုပွန်နယ်မြေရဲစခန်းမှ သိရသည်။

မုပွန်နယ်မြေရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မင်းမင်းထွန်းက “သံဖြူဇရပ် သေမင်းတမန်ပြတိုက်နားမှာ မနေ့နေ့လည်(ဧပြီ ၂၁ ) က ဖမ်းမိတယ်။ အခုလက်ရှိက (ပြစ်မှုကျူးလွန်သူကို) စစ်ဆေးနေတုန်းပါပဲ။ သူရယ်၊ သူ့အမျိုးသမီးနဲ့ တခြားစစ်ဆေးသင့်တဲ့သူတွေကို ဆက်လက်စစ်ဆေးဆောင်ရွက်နေပါတယ်။ စီစီတီဗွီမှတ်တမ်းကိုလည်း မနေ့က ပြန်ရပါပြီ” ဟု ပြောသည်။

နေအိမ်သို့ဝင်ရောက် ဖောက်ထွင်းစဉ် CCTV မှတ်တမ်း အထိုင်စက်ကို ဖြုတ်ယူသွားပြီးနောက် နဂါးရုံ ဘုရားဝင်းတောင်အောက်သို့ လွှင့်ပစ်ထားသည်ကို ယမန်နေ့ညနေပိုင်းတွင် ပြန်လည်သိမ်းဆည်းရမိခဲ့သည်။

မွန်ပြည်နယ်စသုံးလုံး ညွှန်ကြားရေးမှူး ဦးမျိုးဇော်ဝင်းနှင့် မိသားစုဝင်များနေအိမ်တွင် မရှိခိုက် ရွှေဆွဲကြိုး၊ ပတ္တမြားဆွဲကြိုး၊ စိန်လက်စွပ်၊ ပုလဲဆွဲကြိုး၊ နားကပ်၊ လက်ကောက်နှင့် အခြားတန်ဖိုးကြီး လက်ဝတ်ရတနာများ၊ SAMSUNG အမှတ်တံဆိပ် မိုဘိုင်းဖုန်းနှင့် ငွေသားစက္ကူများ စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း ၄၇၀ ခန့် ပြီးခဲ့သည့် သြင်္ကန်အကြတ်နေ့တွင် ဖောက်ထွင်းခိုးယူခံရခြင်း ဖြစ်သည်။

ယင်းသို့ ဖောက်ထွင်းမှုဖြစ်ပွားပြီး သုံးရက်အကြာ ပြစ်မှုကျူးလွန်သူဟု ယူဆရသူ ရဲမင်းပိုင်၏ ဇနီးအပါအဝင် ပါဝင်ပတ်သက်သူများနှင့် သက်သေခံပစ္စည်းများကို သိမ်းဆည်းရမိခဲ့သော်လည်း ၎င်းမှာထွက်ပြေးလွတ်မြောက်ခဲ့သည်။

အဆိုပါ ဖောက်ထွင်းမှုနှင့်ပတ်သက်ပြီး (ပ) ၁၅၈၆ / ၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၄၅၄ ဖြင့် မုပွန်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားသည်။


Photo- ပြန်လည်သိမ်းဆည်းရမိသော လက်ဝတ်ရတနာအချို့(Facebook)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts