spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းမုဒုံမြို့နယ် နွေရာသီမွန်စာပေသင်ကြားရေးကျောင်းဆင်းပွဲကို ယနေ့ညပိုင်းတွင်ကျင်းပမည်

    မုဒုံမြို့နယ် နွေရာသီမွန်စာပေသင်ကြားရေးကျောင်းဆင်းပွဲကို ယနေ့ညပိုင်းတွင်ကျင်းပမည်

    -

    မင်းသစ္စာခိုင်(ဧပြီ ၉)
    မုဒုံမြို့နယ်၊ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအဖွဲ့က ကြီးမှူးသော(၂၇) ကြိမ်မြောက် နွေရာသီမွန်စာပေသင်တန်းဆင်းပွဲနှင့် မြို့နယ်အဆင့် ထူးချွန်ကျောင်းသားများ ဂုဏ်ပြုပွဲကို ယနေ့ညပိုင်းတွင် သာယာကုန်းကျေးရွာတိုက်ကျောင်း၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    “အတန်းတစ်ခုချင်းစီက ပ၊ ဒု၊ တနှင့် နှစ်သိမ့်ဆု ၂ ဆု၊ မုဒုံမြို့နယ်မှာ အတန်းပေါင်း ၂၁ ခုကို မြို့နယ်စာမေးပွဲလုပ်ပေးထားတယ်။ ဆုပေးဖို့အတွက် အားလုံး ၄၈ သိန်း လျာထားတယ်။ ” ဟု မုဒုံမြို့နယ် နွေရာသီမွန်စာပေသင်ကြားရေးကော်မတီ အတွင်းရေးမှူး နိုင်တမော့တိုင်း (ခေါ်) ဒေါက်တာမင်းထွန်းရှိန်က ပြောသည်။

    အတန်း ၁၂ ခုမှ ထူးချွန်ကျောင်းသား ၆၀ ဦးအပါဝင် မြို့နယ်အဆင့်ဖြေဆိုအောင်မြင်သောကျောင်းသား ၃၂၅ ဦးတို့ကို ဂုဏ်ပြုဆုပေးအပ်မည့်အပြင် ဆရာ/ဆရာမ ၄၁၉ ဦးတို့ကိုလည်း ဂုဏ်ပြုပူဇော်မည်ဟု ၎င်းက ဆက်ပြောသည်။

    မွန်စာပေ(သမိုင်းတန်း)တွင် တတိယဆုရရှိသူ မင်းထောအောင်က “အခု မြို့နယ်အဆင့်မှာ ဆုရတော့ ပျော်ပါတယ်။ မွန်ဒေသလုံးဆိုင်ရာအဆင့်မှာလည်း မျှော်လင့်ချက်နဲ့ စာမေးပွဲ ထပ်ဖြေဖို့ရှိတယ်” ဟု ပြောသည်။

    ယင်းပွဲတွင် မွန်ဒေသလုံးဆုံရာ မွန်စာပေသင်ကြားရေးအဖွဲ့မှ ဦးဆောင်ဆရာတော်များ၊ လွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးအချို့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဆုရကျောင်းသားများနှင့် ဒေသခံများ တက်ရောက်မည် ဖြစ်သည်။

    အဆိုပါသင်တန်းဆင်းပွဲတွင် ကျောင်းသားကျောင်းသူမျာ၏ ယိမ်းအကဖျော်ဖြေမှုနှင့် လယီတိုင်ပကောင်း မွန်ဇာတ်သဘင်ကလည်း ကပြဖျော်ဖြေမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

    မုဒုံမြို့နယ် နွေရာသီမွန်စာပေသင်ကြားရေးကို ယခုနှစ်တွင် တိုက်နယ်၁၁ ခုမှ ရေးဖြေကျောင်းသားပေါင်း (၅၀၀၀) ကျော်၊ သူငယ်တန်းနှုတ်ဖြေ (၄၀၀၀) ကျော် ပါဝင်ကြောင်း သိရသည်။


    Caption; မုဒုံမြို့နယ်အဆင့် စာမေးပွဲ ဖြေဆိုနေပုံ (FB: Nai Mon Ral Jal)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks