spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းတနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်းနှင့်အပေါင်းအပါ ၃ ဦးတို့ကို ရာဇဝတ်ကြီးအမှု ၄ မှုခွဲ၍တရားစွဲဆို

    တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်းနှင့်အပေါင်းအပါ ၃ ဦးတို့ကို ရာဇဝတ်ကြီးအမှု ၄ မှုခွဲ၍တရားစွဲဆို

    -

    မွန်သတင်းအေဂျင်စီ(မတ် ၂၆)

    တနင်္သာရီတိုင်းတရားလွှတ်တော်၌ အဂတိတိုက်ဖျက်ရေးကော်မရှင်က ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် အပေါင်းအပါ ၃ ဦးတို့ကို ယမန်နေ့တွင် ရာဇဝတ်ကြီးအမှု ၄ မှုခွဲ၍ တရားစွဲဆိုခဲ့ကြောင်း သတင်းရရှိသည်။

    တနင်္သာရီတိုင်းတရားလွှတ်တော် တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ‘‘လေးမှုစလုံးကို တရားစွဲတင်တာဖြစ်ပါတယ်။ စာရွက်စာတမ်းတွေ၊ အထောက်အထားတွေ၊ တရားစွဲ ဆိုခွင့်ပြုအမိန့်တွေ အားလုံးစုံတဲ့ အတွက်ကြောင့်မို့ လက်ခံပါတယ်’’ ဟု ပြောသည်။

    ထားဝယ်အကျဉ်းထောင်အတွင်း အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော ဝန်ကြီးချုပ်ဟောင်းနှင့် အပေါင်းအပါများကို ယမန်နေ့က တိုင်းတရားလွှတ်တော်သို့ ပထမအကြိမ် ရုံးထုတ်ပြီး တရားစွဲတင်ခဲ့ခြင်း ဖြစ်သည်။

    ဝန်ကြီးချုပ်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှု ၄ မှု၊ GGS ကုမ္ပဏီမန်းနေးဂျင်းဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အမှု ၂ မှုစီဖြင့် တရားစွဲဆိုထားပြီး လာမည့်ဧပြီ ၄ ရက်နေ့ရုံးချိန်းတွင် အမှုစတင်စစ်ဆေးမည် ဖြစ်သည်။

    ဒေါက်တာလဲ့လဲ့မော်ကို မတ်လ ၁၀ ရက်တွင် အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခဲ့သဖြင့် လစ်လပ်သော ဝန်ကြီးချုပ်ရာထူးအတွက် တိုင်းလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်သမ္မတက တိုင်းအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကို မတ်လ ၂၂ ရက်တွင် ခန့်အပ်ခဲ့သည်။

    တနင်္သာရီတိုင်း ဝန်ကြီးချုပ်အသစ်ဖြစ်လာသူ ဦးမြင့်မောင်က အစိုးရအဖွဲ့ကို အဂတိကင်းစင်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ပွင့်လင်းမြင်သာသည့် အစိုးရတစ်ရပ်ဖြစ်စေရေး စီမံဆောင်ရွက်မည်ဟု ယမန်နေ့က ကျင်းပသော တိုင်းဒေသကြီး လွှတ်တော်အရေးပေါ် အစည်းအဝေးတွင် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် လွှတ်တော်၌ ကတိပြုပြောကြားခဲ့သည်။

    Photo-
    အဂတိလိုက်စားမှု တရားစွဲဆိုခံထားရသူ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်(Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks