spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းအပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့အခမ်းအနား မန္တလေးမြို့တွင် ကျင်းပ

    အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့အခမ်းအနား မန္တလေးမြို့တွင် ကျင်းပ

    -

    ဝံသမွန်(မန္တလေး-မတ် ၁၄)

    မြန်မာနိုင်ငံ မြစ်ချောင်းများစောင့်ကြည့်ရေးအဖွ့ဲနှင့် သက်ဆိုင်ရာ ဒေသရှိ အရပ်ဖက်လူမှု အဖွဲ့အစည်းတို့ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့အခမ်းအနားကို မန္တလေးမြို့ရှိ ဆာကူရာဟိုတယ် ချယ်ရီခန်းမ၌ မတ်လ ၁၃-၁၄ ရက်နေ့များတွင် ၂ ရက်တာကျင်းပခဲ့ကြောင်း တွေ့ရှိရသည်။

    ရင်းနှီးမြုပ်နှံမှုများပြုလုပ်သည့်အခါ ဆည်ကြီးများဆောက်လုပ်မည့်အစား အသေးစားလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံခြင်းအားဖြင့် ဒေသခံများအလုပ်အကိုင်ရရှိလာမည်ဟု ကရင်မြစ်ချောင်း စောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံ စောသာဘိုးက ဆိုသည်။

    “ကျွန်တော်တို့တိုင်းပြည်မှာ တကယ်လိုအပ်နေတာက ငြိမ်းချမ်းရေးပါ ငြိမ်းချမ်းရေးဆိုတာ လက်နက်တွေမဟုတ်ပဲ ကျွန်တော်တို့ပြည်သူတွေရဲ့ စားဝတ်နေရေး၊ ဖူလှုံမှုအကုန်လုံးက ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတယ်၊ ဆိုတော့အခု ဆည်ကြီးတွေဆောက်ခြင်းဟာ ဒေသဖွံ့ဖြိုးရေးမဟုတ်ဘူး၊ တစ်ကယ့်ငြိမ်းချမ်းရေးရမှသာလျှင် မိမိဒေသဖွံ့ဖြိုးရေးအတွက် ရေရှည်ဖန်တီးနိုင်ရမယ်” ဟု စောသာဘိုးက ပြောသည်။

    ထို့အတူ သဘာဝပတ်ဝန်းကျင်ဖျက်စီးခြင်း၊ မြစ်များချောင်းများ ဖျက်စီးခြင်းသည် လူမျိုးစုတစ်စု၏ ဖြစ်တည်မှုကိုဖျက်စီးခြင်းနှင့်တူကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သုတေသနပညာရှင် ဒေါက်တာမြင့်ဇော်က ဆိုသည်။

    “မြစ်ချောင်းတွေကို ဖွံ့ဖြိုးရေးဆိုတဲ့ခေါင်းစဉ်နဲ့ မြစ်ချောင်းတွေကို တစ်ခြားတခြားသောခေါင်းစဉ်တွေအောက်မှာ ဖျက်စီးနေတာကို ကျွန်တော်တို့ဒါကို အားလုံးဆန့်ကျင်ကြတယ်” ဟု ဒေါက်တာမြင့်ဇော်က ပြောသည်။
    ယင်းအခမ်းအနားကို ကချင်၊ ရှမ်း၊ မွန်၊ ကရင်၊ ကရင်နီ၊ ဧရာဝတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ စိတ်ဝင်းစားသူ ၃၀၀ ကျော်တက်ရောက်ကြောင်း တွေ့ရသည်။

    လက်ရှိမြန်မာနိုင်ငံ၏ အဓိကအသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းသည် ထိုမြစ်ကိုမှီခိုအားထားနေရသည့် ဒေသခံတိုင်းရင်းသားများ၏ စီးပွားရေး၊ ကျန်းမာရေး၊အတွက် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်နေကြောင်း ယနေ့အခမ်းအနားတက်ရောက်လာသော ဒေသခံများက ပြောသည်။

    မြန်မာနိုင်ငံရှိ ကချင်၊ ကရင်၊ မွန်၊ ကရင်နီနှင့် ရှမ်းတိုင်းရင်းသားများ၏ အဓိကအားထားရာ ဧရာဝတီမြစ်နှင့် သံလွင်မြစ်တို့တွင် ရေကာတာတည်ဆောက်ခြင်းနှင့်ပတ်သက်ပြီး ဒေသခံတို့၏ စိုးရိမ်ပူပန်မှု စကားသံများ၊ မြစ်ချောင်းများအား မည်သို့ထိန်းသိမ်းသွားရမည်ကို ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ ဆွေးနွေးဖလှယ်နိုင်ရန်ရည်ရွယ်၍ အခမ်းအနားကျင်းပခြင်းဖြစ်သည်။

    Photo- အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့အခမ်းအနား တက်ရောက်သူများ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks