spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းစနောင်းတိုင်း မွန်သတင်းဂျာနယ်ထုတ်ဝေသူ ဦးမင်းစိန်တီ (အသက် ၇၄ နှစ် ) ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းခြင်းမှတ်တမ်း

    စနောင်းတိုင်း မွန်သတင်းဂျာနယ်ထုတ်ဝေသူ ဦးမင်းစိန်တီ (အသက် ၇၄ နှစ် ) ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းခြင်းမှတ်တမ်း

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ညောင်ကုန်းကျေးရွာ (ဦးရွှေ + ဒေါ်စောပု) တို့၏သား ဒေါ်ပုလဲမြ +(ဦးအောင်ကြည်)၊ ဒေါ်တင်ကြည် + ဦးဝင်းမောင်၊ နိုင်ကြည်ဆွေ+(ဒေါ်ခင်နု)၊ (ဦးအောင်မြကြည်)+ ဒေါ်တင်လှ တို့၏ ညီ/မောင်၊ ဒေါက်တာမင်းနွယ်စိုး၊ ဦးသိန်းထွေး+(ဒေါ်မြင့်မြင့်ဝေ) တို့၏ အစ်ကိုဖြစ်သူ စနောင်းတိုင်း Guiding Star မွန်သတင်းဂျာနယ် ထုတ်ဝေသူ “ဦးမင်းစိန်တီ” သည် ၂၀၁၉ ခုနှစ်၊ မတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်တွင် နေအိမ်၌ ကွယ်လွန်အနိစ္စရောက်ရှိကြောင်း ဝမ်းနည်းစွာ ကြားသိရသည်။

    ဦးမင်းစိန်တီသည် မန္တလေးမြို့ သူနာပြုတက္ကသိုလ်၊ လူကြီးကျန်းမာရေးပညာပြုစုမှုပညာဌာနမှူး ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အငြိမ်းစားဝန်ထမ်းတစ်ဦး ဖြစ်သည်။

    သူသည် ရန်ကုန်မြို့တွင် သူနာပြုဝန်ထမ်းဘဝဖြင့် အနှစ် ၃၀ ကျော်တာဝန်ထမ်းဆောင်ခဲ့စဉ် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်) အလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် ကာလရှည်ကြာ တာဝန်ယူဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ်ပြီး မွန်ယဉ်ကျေးမှုတေးသီချင်းများ၊ မွန်ဇာတ်သဘင်များ၊ မွန်ဘာသာ ကလေးကဗျာများကို ဦးစီးထုတ်လုပ်ဖြန့်ချီခဲ့သူ ဖြစ်သည်။

    အစိုးရဝန်ထမ်းမှ အငြိမ်းစားယူပြီးနောက် မွန်ဒေသ လူမှုဖွံ့ဖြိုးရေးကွန်ယက် MSDN တွင် ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သည်။

    ထို့ကြောင့် ဆရာ “ဦးမင်းစိန်တီ” ကွယ်လွန်ခြင်းသည် မိမိတို့မီဒီယာလုပ်ငန်းနှင့်အတူ မွန်တိုင်းရင်းသားတို့အတွက် အစားထိုးမရသော ဆုံးရှုံးမှုတစ်ရပ်အဖြစ် မွန်သတင်းအေဂျင်စီမှခံယူ၍ အထူးဝမ်းနည်းကြောင်း မှတ်တမ်းတင်အပ်ပါသည်။

    မွန်သတင်းအေဂျင်စီ
    ၂၀၁၉ ခုနှစ်၊ မတ်လ (၇) ရက်။


    Photo- ဦးမင်းစိန်တီ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks