spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ပါဝင်မှုနှင့် ခေါင်းဆောင်မှုမြင့်မားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြီးစီး

    ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ပါဝင်မှုနှင့် ခေါင်းဆောင်မှုမြင့်မားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြီးစီး

    -

    မွန်သတင်းအေဂျင်စီ (မတ် ၅)

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA-S EAO ၏ အမျိုးသမီးခေါင်းဆောင်များ ဦးဆောင်ကျင်းပသော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ပါဝင်မှုနှင့် ခေါင်းဆောင်မှုမြင့်မားရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ( တတိယအကြိမ်) ကို မတ်လ ၃ ရက်နေ့က ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်၌ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှစတင်၍ ၅ ရက်ကြာကျင်းပခဲ့ရာတွင် NCA လက်မှတ်ရေးထိုး ၁ဝ ဖွဲ့မှ အမျိုးသမီး ကိုယ်စားလှယ် ၄၀ ဦးပါဝင်တက်ရောက်ကြပြီး လာမည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ၎င်းတို့၏အမြင်သဘောထားများနှင့် အကြံပြုတိုက်တွန်းချက်များ ပိုမိုပြောဆိုနိုင်ရေးအတွက် စွမ်းရည်မြှင့်တင်ပေးခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဗဟိုဦးဆောင်ကော်မတီဝင် မိဆူးပွင့်က မွန်သတင်းအေဂျင်စီကို ပြောသည်။

    “NCA လက်မှတ်ရေးထိုးလိုက်ပြီးတဲ့အချိန်မှာ အဖွဲ့အစည်းတွေမှာရှိတဲ့အမျိုးသမီးတွေဟာ လူထုကြားမှာ ပိုပြီးအလုပ်လုပ်လာရတဲ့ အခြေအနေတွေ ရှိလာတာပေါ့၊ လူထုကြားမှာ လူထုနဲ့အတူတူ အလုပ်လုပ်လာရတဲ့အချိန်မှာ အမျိုးသမီးတွေကို အောက်ခြေလုပ်ငန်းတွေဖြစ်တဲ့ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စည်းရုံးရေးကဏ္ဍတွေမှာ အမျိုးသမီးတွေကို အများကြီးတာဝန်ပေးထားပေမယ့်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို အမျိုးသမီးတွေအခြေအနေမှန် တကယ်သိအောင် လုပ်ထားဖို့က အရေးကြီးတယ်လို့ ကျမမြင်တယ်” ဟု မိဆူးပွင့်က ဆိုသည်။

    NCA လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နေရသည့်အပိုင်း၊ ပိတ်ဆို့မှုဖြစ်နေသည့်အခြေအနေကို ဖြေရှင်းနိုင်ရန် ကြိုးစားနေရသည့်အပိုင်း၊ တစ်ဖွဲ့ချင်းအခြေအနေ တည်ငြိမ်စေရန် ထိန်းသိမ်းနေရသည့်အပိုင်းတို့ကို လှုပ်ရှားဆောင်ရွက်နေရသည့်အတွက် အမျိုးသမီးများအား သီးသန့်လေ့ကျင့်ပေးရန်နှင့် အချိန်ပေးနိုင်ရန် မလွယ်ကူကြောင်း မိဆူးပွင့်က ဆက်ပြောသည်။

    ၎င်းက “ကိုယ့်အဖွဲ့အစည်း ကိုယ့်ပါတီမှာရှိတဲ့အမျိုးသမီးတွေကို လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ သိသင့်သိထိုက်တာ အကုန်လုံးနားလည်အောင်လုပ်ပေးဖို့၊ အဖွဲ့အစည်းတစ်ခုချင်းစီက မလုပ်ပေးနိုင်ရင်လည်း ကျမတို့က အမျိုးသမီးအစုအဖွဲ့လိုမျိုးစုလိုက်ပြီးတော့ သီးသန့်အလုပ်ရုံဆွေးနွေးပွဲတွေ သမိုင်းဆိုင်ရာအချက်အလက်တွေ လက်ရှိအနေအထားတွေ ဆက်သွားသင့်တဲ့အခြေအနေတွေ ဒါတွေကိုဖော်ထုတ်တဲ့ရည်ရွယ်ချက်နဲ့ပါ” ဟု ဆိုသည်။

    အလုပ်ရုံဆွေးနွေးပွဲအစီအစဉ်တွင် လုံခြုံရေးဆိုင်ရာ NCA-S EAO လုပ်ငန်းကော်မတီမှပြင်ဆင်ထားသောမူဝါဒများကို ရဲဘော်မျိုးဝင်းမှလည်းကောင်း၊ ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း (၁) နှင့် (၂) ကိုလေ့လာခြင်း (မြေယာ) ကို ရဲဘော်ဆန်နီမှလည်းကောင်း၊ ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း (၁) နှင့် (၂) ကိုလေ့လာခြင်း (လူမှုရေး) ကို ရဲဘော်မိဆူးပွင့်၊ ပဒိုနော်ဒါးဒါး၊ မိဆာဒါး မှလည်းကောင်း အသီသီးဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    ထို့ပြင် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း (၁) နှင့် (၂) ကိုလေ့လာခြင်း၊ လုံခြုံရေးဆိုင်ရာ NCA-S EAO လုပ်ငန်းကော်မတီမှပြင်ဆင်ထားသောမူဝါဒများ၊ စေ့စပ်ညှိနှိုင်းခြင်းစွမ်းရည် (Negotiation Skill)၊ မူဝါဒရေးဆွဲရေးကျွမ်းကျင်မှုဆိုင်ရာ နည်းပညာ (Policy Development Training)၊ မီဒီယာကို အကျိုးရှိစွာအသုံးပြုခြင်းစွမ်းရည် (Media Advocacy Training) များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သတင်းရရှိသည်။



    Photo- NCA-S EAO အမျိုးသမီးခေါင်းဆောင်များ၏ အလုပ်ရုံဆွေးနွေးပွဲ (NCA-S EAO)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks