spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းဝဥအခြောက်ခံစက်ရုံတည်ထောင်ရန် ရင်းနှီးမြုပ်နှံမှုဖိတ်ခေါ်သွားမည်

    ဝဥအခြောက်ခံစက်ရုံတည်ထောင်ရန် ရင်းနှီးမြုပ်နှံမှုဖိတ်ခေါ်သွားမည်

    -

    အေးအေးမြင့် (ABM)(ဖေဖော်ဝါရီ ၂၅)

    ဝဥအခြောက်ခံစက်ရုံ တည်ဆောက်ရန် ချင်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

    “UK ကဆိုရင်တော့ နှစ်ဖွဲ့၊ သုံးဖွဲ့လောက် ပြောထားတယ် ။ စက်ရုံအတွက် ကျွန်တော်တို့ မြေနေရာ စပြီးတော့ရှာေ နပြီ။ ချင်းပြည်နယ် အစိုးရအဖွဲ့နဲ့လည်း ပြောထားပြီးပေါ့။ သူ တို့ကတော့ လျှပ်စစ်မီးရဖို့ ကူညီပေးမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့က လာမဲ့ရာသီမှာ စတင်နိုင်အောင် တော့ ကြိုးစားနေပါတယ်။ စက်ရုံကိုတော့ အောက်တိုဘာလောက် အပြီးတည်ထားရမှာပေါ့နော်။ သူက နိုဝင်ဘာ လောက်ဆိုရင် စပြီးတော့ စက်ရုံက လည်ပတ်ရမှာပေါ့။ ” ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးကျော်သူက ပြောသည်။

    လက်ရှိ ဝဥအခြောက်ခံစက်ရုံများမှာ မန္တလေးတိုင်းဒေသကြီး၌ စက်ရုံ ၃ ရုံ၊ မြဝတီမြို့နယ်၌ စက်ရုံ တစ်ရုံနှင့် ရေးမြို့နယ်၌ စက်ရုံ ၂ ရုံရှိကာ ချင်းပြည်နယ်၏ အခြားထွက်ကုန်များဖြစ်သော ထောပတ်၊ ကော်ဖီနှင့် လက်ဖက်ကိုလည်း ရင်းနှီးမြုပ်နှံမှုဖိတ် ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

    ဦးကျော်သူက “စက်ရုံအတွက် ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုပမာဏအနေ နဲ့ ကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာ ၁ မီလီယံလော က် မှန်းထားပါတယ်။ အဲ့ဒါတော့ ဘယ်လိုဖြစ်မယ်ဆိုတာ အသေးစိတ်ဆွေးနွေးပြီးမှ သိရမှာပေါ့။ ဘယ်လိုမှန်းမသိ သေးတော့ အသေးစိတ်ပြောလို့ မရသေးဘူး။ ဒါကို ချင်းပြည်နယ်မှာရှိတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ စိုက်ပျိုးထုတ်လုပ် တဲ့ တောင်သူတွေ ပါဝင်တဲ့ ကုမ္ပဏီတွေနဲ့ လုပ်သွားပါမှာ ပေါ့နော်။ ကျွန်တော်တို့ သစ်သီးဝလံအသင်းက ကြားထဲ ကနေ Organize လုပ်တာပါ။ အရင်ဆုံး UK နဲ့ကတော့ ဖြစ်နိုင်ခြေရှိပါတယ်” ဟု ဆိုသည်။

    မြန်မာနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသော ဝဥကို တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံမှ အဓိကဝယ်ယူနေခြင်းကြောင့် ဝဥ အခြောက်ခံစက် တည်ဆောက်ပြီးစီးပါက အဆိုပါ စက်ရုံမှ ထွက်ရှိသော ဝဥအခြောက်များကိုလည်း တင်ပို့သွားမည်ဖြစ်သည်။

    မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ဝဥအစိုတစ်ပိဿာပေါက်ဈေးမှာ ၂၀၁၆ ခုနှစ်က ၆၀၀ ကျပ် ၊ ၂၀၁၇ ခုနှစ်က ၁၅၀၀ ကျပ်ဝန်းကျင်နှင့် ၂၀၁၈ ခုနှစ်နောက်ပိုင်း ကျပ် ၂၀၀၀ ကျော်လာပြီး ဝဥအခြောက်တစ်ပိဿာကို ကျပ် ၁၂၀၀၀ ဝန်းကျင် ဈေးရရှိလာသည့်အတွက် ဝဥစိုက်ပျိုးရန် စိတ်ဝင်စားသူများပြားလာကြောင်း သတင်းရရှိသည်။

    နေပြည်တော်ရှိ MICC – 2 တွင် ဇန်နဝါရီလ ၂၈ ရက်နှင့် ၂၉ ရက်က ကျင်းပပြုလုပ်ခဲ့သည့် Invest Myanmar Summit 2019 တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခဲ့ရာ UK၊ တရုတ်၊ ထိုင်းနှင့် ဂျပန် အစရှိသည့် နိုင်ငံများမှ စိတ်ဝင်စားသည့် ကုမ္ပဏီများရှိခြင်းကြောင့် ယင်းကုမ္ပဏီများ နှင့် အသေးစိတ်ထပ်မံ၍ ဆွေးနွေးရမည်ဖြစ်ကြောင်း သိရသည်။


    Photo- ရေးမြို့နယ်မှ ဝဥအပင်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks