spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းဗိုလ်ချုပ်ရုပ်တုဆန္ဒပြသူများနှင့် ကယားပြည်နယ်အစိုးရ သဘောတူညီမှုရရှိ

    ဗိုလ်ချုပ်ရုပ်တုဆန္ဒပြသူများနှင့် ကယားပြည်နယ်အစိုးရ သဘောတူညီမှုရရှိ

    -

    ဇော်ထိုက် (မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၃)

    ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုနှင့်ပတ်သက်၍ ကယားပြည်နယ်အစိုးရနှင့် ဆန္ဒပြသူကရင်နီလူငယ်များအကြား ယမန်နေ့ ညနေပိုင်းက သဘောတူညီချက် အချို့ ရရှိခဲ့ကြောင်း ဆန္ဒပြပွဲဦးဆောင်သည့် ကရင်နီလူငယ်အင်အားစုမှ ကိုဒီးဒီက ပြောသည်။

    ယင်းသို့ ညှိနှိုင်းတွေ့ဆိုရာ၌ ဆန္ဒပြတောင်းဆိုသူများကို တရားစွဲဆိုမှုများ ရုတ်သိမ်းပေးရန်၊ ဗိုလ်ချုပ်ရုပ်တု ဖျက်သိမ်းသင့် မသင့် တစ်လအတွင်း ဆွေးနွေးရန် ၊ ဆွေးနွေးမှုမှ ရရှိလာသော ရလာဒ်များကို အစိုးရမှ အကောင်အထည်ရန် စသည့် သဘောတူညီချက်များ ရရှိခဲ့သည်ဟု ၎င်းက ပြောသည်။

    ကိုဒီးဒီက “သဘောတူချက်တွေ ရလို့ ကျွန်တော်တို့ သပိတ်တွေကို ရုတ်သိမ်းလိုက်ပါပြီ၊ အဓိက ကတော့ တရားစွဲဆိုမှုတွေ ရုတ်သိမ်းပေးတယ်၊ နောက်တစ်ခုက ဆန္ဒပြ သပိတ်ကော်မတီနဲ့ ရုပ်တု လုပ်ဆောင်တဲ့ ကော်မတီတို့ ဖျက်သိမ်းသင့် မသင့် ညှိနှိုင်းတွေ့ဖို့ ပါတယ်၊ ဒီဆွေးနွေးတဲ့ ကာလအတွင်းမှာ ဆန္ဒပြပွဲတွေ မလုပ်ဖို့ ပါတယ်၊ ဗိုလ်ချုပ်ရုပ်တု ချိတ်ပိတ်ထားဖို့ ပါဝင်တယ်”ဟု ဆိုသည်။

    သဘောတူညီချက်များကို အစိုးရအနေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဖြစ်ပြီး တစ်လအတွင်း လုပ်ဆောင်ပေးခြင်းမရှိပါက ဗိုလ်ချုပ်ရုပ်တုကို အစိုးရမှ တာဝန်ယူ၍ သက်ဆိုင်ရာ ပရဟိတရုံး (သို့မဟုတ်) သက်ဆိုင်ရာရုံးသို့ ရွှေ့ပြောင်းပေးရမည်ဖြစ်သည်ဟု ကိုဒီးဒီက ဆိုသည်။

    ယင်းသို့သဘောတူညီချက်များ မရယူနိုင်မီယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုနေ့အခမ်းအနားကျင်းပသော လွိုင်ကော်မြို့ရှိ ကန္တာဟေဝန်ပန်းခြံသို့ ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားပေးရန် ထောင်နှင့်ချီသော ဆန္ဒပြချီတက်တောင်းဆိုသူများအား ရဲတပ်ဖွဲ့မှ ရာဘာကျည်ဖြင့်ပစ်ခတ်ခြင်း၊ မီးသတ်ပိုက်ရေဖြင့် ဖြိုခွဲခြင်းအပြင် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် လူငယ် ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ကရင်နီလူငယ်အင်အားစုက သတင်းထုတ်ပြန်ခဲ့သည်။

    အလားတူ ကရင်နီပြည်သူများတောင်းဆိုမှုကို ထောက်ခံသော တက်ကြွလှုပ်ရှားသူတချို့က ရန်ကုန်မြို့လယ် မဟာဗန္ဓုလမ်း ပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် ယမန်နေ့မွန်းလွဲပိုင်း ၃ နာရီအချိန်ခန့်၌ အဆိုပါ ရဲတပ်ဖွဲ့၏ အကြမ်းဖက်ဖြိုခွင်းမှုကို ကန့်ကွက်ကြောင်း စုဝေး ဆန္ဒထုတ်ဖော်ခဲ့သည်ကို Online မီဒီယာများမှတဆင့် တွေ့ရှိရသည်။

    Generation Wave မှ ကိုမိုးသွေဃ်းက “ဒေသခံလူတွေက ဆန္ဒပြတယ်။ ဆန္ဒပြတဲ့သူတွေကို မတရားဖမ်းဆီးတယ်။ ပုဒ်မ အမျိုးမျိုးတပ်တယ်။ အခုဆိုရင် လူငယ်ပေါင်း ၅၀ ကျော်ရှိနေပြီ မတရားဖမ်းဆီးခံထားရတယ်။ ဒီနေ့မနက်မှာ ကယားပြည်နယ်က လူထု ထောင်ကျော်က ငြိမ်းချမ်းစွာ ဆန္ဒပြကြတယ်။ အဲ့ဒီအပေါ်မှာ ရာဘာကျည်နဲ့ပစ်တယ်။ ရိုက်နှက်ဖြိုခွဲ တယ်။ မီးသတ်ပိုက်နဲ့ဖြိုခွဲတယ်။ ဆိုတော့ ဒီနေ့ ဒီအချိန် ဒီနေရာမှာ ကျွန်တော်တို့ စုရုံးရောက်ရှိလာတာက အဲဒီလို မတရားအကြမ်းဖက်တဲ့ လုပ်ရပ်ကို ဆန့်ကျင်ဖို့ ဖြစ်တယ်။” ဟု ပြောသည်။

    ကယားပြည်နယ်အစိုးရသည် ယင်းသို့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိရန်အတွက် ယမန်နှစ်ကတည်းက ကြိုးပမ်း ခဲ့ခြင်းဖြစ်ပြီး ဆန့်ကျင်ကန့်ကွက်သူများကို ဖမ်းဆီးတရားစွဲဆိုမှုများပြုလုပ်ခဲ့ကြောင်း သတင်းမီဒီယာများက ဖော်ပြသည်။

    ကယားပြည်နယ်အစိုးရအဖွဲ့၏ အထက်ပါလုပ်ရပ်များအပေါ် ကန့်ကွက်ရှုတ်ချကြောင်း တိုင်းရင်းသား လူငယ်အင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီအချို့က ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။


    Photo- သဘောတူညီချက်(Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks