spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းတောင်းဆိုချက်မရမချင်း လွိုင်ကော်သပိတ်လှန်မည်မဟုတ်ဟု ဆို

    တောင်းဆိုချက်မရမချင်း လွိုင်ကော်သပိတ်လှန်မည်မဟုတ်ဟု ဆို

    -

    ဇော်ထိုက် (မော်လမြိုင်၊ ဖေဖော်ဝါရီ-၆)

    ဗိုလ်ချုပ်ရုပ်တု နေရာပြောင်းရွှေ့ပေးရေးနှင့် ရုပ်တုထားရှိပါက ပြည်နယ်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ပေးရေး အပါအဝင် တောင်းဆိုချက် ၃ ချက်မရမချင်း ကယားပြည်နယ် လွိုင်ကော်မြို့ရှိ NLD ဒီချုပ်ပါတီရုံးအရှေ့တွင် သပိတ်စခန်း ဆက်လက်ဖွင့်လှစ်ထားမည်ဟု သပိတ်စခန်း ဦးဆောင်သူများက ပြောသည်။

    “ကျွန်တော်တို့ကတော့ သပိတ်စခန်းကို အကန့်အသတ်မရှိ ဖွင့်သွားမယ်၊ ကျွန်တော်တို့ တောင်းဆိုချက် မရမချင် သပိတ်လှန်ဖို့လည်း မရှိဘူး”ဟု သပိတ်စခန်း ပြောရေးဆိုခွင့်ရှိသူ ကရင်နီပြည် လူငယ်အင်အားစုမှ ကိုဒီးဒီက ယနေ့တွင် ပြောသည်။

    သပိတ်စခန်း ဖွင့်လှစ်ထားမှုကို ဖေဖော်ဝါရီ ၄ ရက်က ကယားပြည်နယ် ဒီချုပ်ပါတီ ဥက္ကဋ္ဌ ဦးသောင်းဌေး လာရောက် တွေ့ဆုံခဲ့သော်လည်း ၎င်းတို့၏ တောင်းဆိုချက်များကို မလိုက်လျောသည့်အပြင် သပိတ်စခန်း ရုတ်သိမ်းရန် စာပေးခဲ့ကြောင်း ၎င်းက ပြောသည်။

    ယင်းအပြင် ဖေဖော်ဝါရီ ၂ ရက်နေ့က ကယားပြည်နယ်သို့ ရောက်ရှိလာသော ဒီချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်နှင့် ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်တို့ကို ၎င်းတို့တွေ့ဆုံခွင့်မရရှိခဲ့ကြောင်း သိရသည်။

    ဒေါက်တာ မျိုးညွှန့်က “သူတို့တွေအနေနဲ့ ကယားပြည်နယ် ပါတီ အလုပ်မှုဆောင်အဖွဲ့ကို တွေ့ချင်ရင် အချိန်မရွေး တွေ့ခွင့်ပေးထားတယ်၊ ဗဟိုအလုပ်မှုဆောင်ကို တွေ့ချင်ရင် ရန်ကုန်လာရပါမယ်၊ ဗဟိုက ရန်ကုန်မှာ ရှိပါတယ်၊ သပိတ်စခန်းဖွင့်တိုင်း ကျွန်တော်တို့ လိုက်လံ တွေ့ဆုံမှာ မဟုတ်ဘူး”ဟု ဆိုသည်။

    ၎င်းတို့၏ တောင်းဆိုချက်များမှာ ပါတီက ဆောင်ရွက်ထားသည့် ကိစ္စရပ်များ မဟုတ်သည့်အတွက်ကြောင့် လာရောက် တွေ့ဆုံပြီး တင်ပြပါက ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လွတ်လပ်ရေး အပါအဝင် တိုင်းရင်သားတို့၏ တန်းတူရေးအတွက် ကြိုးပမ်းခဲ့သော ဗိုလ်ချုပ်ရုပ်တုကို အများနှင့် မသက်ဆိုင်သည့် နေရာသို့ ပြောင်းရွှေ့ပေးရန် တောင်းဆိုနေခြင်းမှာ နောက်ကွယ်၌ ရည်ရွယ်ချက်တစ်ခု ရှိနေသည်ဟု ဒေါက်တာ မျိုးညွှန့််က ပြောသည်။

    သို့ရာတွင် သပိတ်စခန်းမှ စေ့စပ်ညှိနှိုင်းရေးမှူး ကိုခွန်သောမတ်က “သမိုင်းကြောင်း အစဉ်အဆက်အရ မရှိခဲ့တဲ့ ဗိုလ်ချုပ်ရုပ်တု ကျွန်တော်တို့ ပြည်နယ်မှာ စိုက်ထူခြင်းဟာ ကျွန်တော်တို့ စော်ကားခံရတယ်လို့ ပြောချင်ပါတယ်၊ အခုအခြေအနေက NLD ဟာ ဗိုလ်ချုပ်ရုပ်တုကို ဗန်းပြပြီး နိုင်ငံရေးအရ အမြတ်ထုတ်နေတာ ဖြစ်တယ်”ဟု ဆိုသည်။

    ဗိုလ်ချုပ် အောင်ဆန်းရုပ်တု စိုက်ထူမှုအပေါ် ကန့်ကွက်သည့် သပိတ်စခန်းကို ကန္ဒာဟေဝန်ပန်း ခြံရှေ့တွင် ဖွင့်လှစ်ခဲ့ရာ ရဲတပ်ဖွဲ့မှအင်အားသုံးဖယ်ရှားပြီးနောက် ဖေဖော်ဝါ ရီ ၂ ရက်တွင် ဒေသခံ ၅၀၀ ခန့်က လွိုင်ကော်မြို့၌ တန်ပြန်ထောက်ခံပွဲပြုလုပ်၍ ဗိုလ်ချုပ် မြင်းစီးကြေးရုပ်တု ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့သည်။

    ယင်းကြောင့် စိုက်ထူပြီးဖြစ်သော ဗိုလ်ချုပ်ရုပ်တုကို ရွှေ့ ဆိုင်းပေးရန် ကန့်ကွက်သည့် လူငယ် ၃၀ ကျော်က ဖေဖော်ဝါရီ ၂ ရက်စ၍ ကယားပြည်နယ်ဒီချုပ်ရုံးရှေ့တွင် သပိတ်စခန်းဖွင့်လှစ်ထားခြင်း ဖြစ်သည်။
    လက်ရှိတွင်လည်း ဗိုလ်ချုပ်ရုပ်တု ကန့်ကွက် ဆန္ဒပြသူ လူငယ် ၃၀ ကျော်သည် ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ၊ ၂၀ အပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀ (ခ)၊ (ဂ) တို့ဖြင့် တရားစွဲဆိုခံနေရသည်။


    Photo- ကယားပြည်နယ်ဒီချုပ်ရုံးရှေ့တွင် ဗိုလ်ချုပ်ရုပ်တုသပိတ်မှောက်နေသည့်လူငယ်များ(ခွန်သောမတ်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks