spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းFacebook က တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့ကိုပိတ်ပင်

    Facebook က တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့ကိုပိတ်ပင်

    -

    မွန်သတင်းအေဂျင်စီ(ဖေဖော်-၅)

    လူမှုကွန်ယက်ဆိုရှယ်မီဒီယာတစ်ခုဖြစ်သော Facebook ၏ မူဝါဒနှင့် ငြိစွန်းနေသောအဖွဲ့အစည်းများဟု ဆိုသည့် ရက္ခိုင့်တပ်မတော် AA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA စသည့်တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့တို့၏ Facebook စာမျက်နှာများကို ယနေ့မှစတင်၍ ပိတ်ပင်လိုက်ကြောင်း သိရသည်။

    မြန်မာနိုင်ငံရှိ အန္တရာယ်ရှိသောအဖွဲ့အစည်းများအား Facebook ပေါ်မှ ပိတ်ပင်တားမြစ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်းခေါင်းစဉ်ဖြင့် မွန်သတင်းအေဂျင်စီမှ လက်ခံရရှိခဲ့သော အီးမေးလ်ဖော်ပြချက်၌ အဆိုပါ လက်နက်ကိုင်အဖွဲ့အစည်းများအား Facebook မှ ပိတ်ပင်ခဲ့ပြီး သက်ဆိုင်သော အားပေးမှုများ၊ ထောက်ခံမှုများနှင့် ကိုယ်စားပြုခြင်းများကို သိသိချင်းဖယ်ရှားမည်ဟုလည်း ဆိုသည်။

    မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော တိုင်းရင်းသားအကြမ်းဖက်မှုများသည် ကြောက်မက်ဖွယ်ဖြစ်ပြီး ၎င်းတို့၏ ဝန်ဆောင်မှုများကို မုန်းတီးမှုဖြန့်နှံ့ခြင်း၊ အကြမ်းဖက်မှုများလှုံ့ဆော်ခြင်း၊ သို့မဟုတ် နယ်ပယ် အသီးသီးတွင် အခြေအနေများတင်းမာလာအောင် ဆောင်ရွက်ခြင်းများအတွက် အသုံးမပြုစေလိုကြောင်း Facebook က ဆိုသည်။

    ထို့အတူ မြန်မာ့စစ်တပ်အရာရှိများကိုပိတ်ပင်ခြင်း၊ အမုန်းပွားမှုနှင့် သတင်းမှားများကို တားဆီးခြင်းနှင့်ပတ်သက်သော ဆောင်ရွက်ချက် update များ၊ မြန်မာနိုင်ငံရှိလူ့အခွင့်အရေး သက်ရောက်မှုဆန်းစစ်ခြင်း နှင့် ပတ်သက်သော ရှာဖွေတွေ့ရှိချက်များကို Facebook က ဆောက်ရွက်လျက်ရှိသည်ဟု ရေးသားထားသည်။

    Facebook ဝန်ဆောင်မှုများမှ မကောင်းမှု ဆောင်ရွက်သူများအား ဆက်လက်ဖော်ထုတ် ဖယ်ရှားမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များနှင့် ပြည်နယ်အလိုက် လှုပ်ရှားဆောင်ရွက်သူများအပေါ် စုံစမ်းစစ်ဆေးရန်နှင့် လုံလောက်သော သက်သေအထောက်အထားရှိသည့်အခါ အရေးယူခြင်းများပါဝင်သည်ဟု သိရသည်။

    အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများ၊ ဘုန်းတော်ကြီး ဦးဝီရသူနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ၏ အမုန်းပွားစေသည့် Facebook အကောင့်များ ရာနှင့်ချီကာ ပိတ်ပင်ခဲ့သည်။

    တိုင်းရင်းသားမျိုးစုံရှိနေသည့် မြန်မာနိုင်ငံတွင် Facebook အသုံးပြုသူသန်း ၂၀ ကျော်ကို စစ်ဆေးမည့် မြန်မာဘာသာ တတ်ကျွမ်းသူဝန်ထမ်းအရေအတွက် ၉၉ ဦးအထိ တိုးမြှင့်ထားသည်ဟု သိရသည်။


    Picture- Facebook မှ အန္တရာယ်ရှိသောအဖွဲ့အစည်းများကိုပိတ်ပင်ခြင်း(Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts