spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာနက မွန်အမျိုးသားနေ့ဗဟိုသို့ ငွေကျပ် ၃၅ သိန်းထောက်ပံ့

    ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာနက မွန်အမျိုးသားနေ့ဗဟိုသို့ ငွေကျပ် ၃၅ သိန်းထောက်ပံ့

    -

    မွန်သတင်းအေဂျင်စီ(မော်လမြိုင်၊ ဇန်-၂၃)

    လာမည့်တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်သော ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟို ကျင်းပရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာနက ငွေကျပ် ၃၅ သိန်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။

    နေပြည်တော်ရှိ တိုင်းရင်းသားရေးရာဝန်ကြီးဌာနတွင် ဇန်နဝါရီ ၂၁ ရက်နေ့လည်ပိုင်းက ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် အမှူးပြုသော ဌာနဆိုင်ရာအရှာရှိများနှင့် မွန်အမျိုးသားကျင်းပရေးကော်မတီ ဗဟိုဥက္ကဌ နိုင်စိုးသိန်း ဦးဆောင်သော အဖွဲ့ဝင်များတို့ တွေ့ဆုံစဉ်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

    နိုင်စိုးသိန်းက “တိုင်းရင်းသားဝန်ကြီးက မွန်အမျိုးသားနေ့ဗဟို ဥက္ကဌအနေနဲ့ အကြိမ်တော်တော်များ ဦးဆောင်ခဲ့တဲ့ အတွေ့အကြုံ တော်တော်ရှိခဲ့ပါတယ်၊ ဒါကြောင့် ဒီနှစ်ပဲခူးမှာ ပထမဦးဆုံးကျင်းပတာဖြစ်လို့ သူ့ဆီကအကြံဉာဏ်တွေ တောင်းခံပါတယ်”ဟု ပြောသည်။

    နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သက်ဆိုင်ရာဝန်ကြီးများ မွန်အမျိုးသားနေ့ဗဟို အခမ်းအနားသို့ တက်ရောက်ချီးမြင့်ရန် ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးမှတဆင့် ဘိတ်ကြားလွှာများ ပေးအပ်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

    အလားတူ မွန်အမျိုးသားကျင်းပရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်တို့သည် ဇန်နဝါရီ ၂၂ ရက်နေ့လည်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲတွေနဲ့တွေ့ဆုံခဲ့ပြီး အခမ်းအနားကျင်းပမည့်ပုံစံများအား ဆွေးနွေးရှင်းပြခဲ့ကြောင်း မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီဗဟို အထွေထွေအတွင်းရေးမှူး မင်းဗညားဉာဏ်ထွန်းက ဆိုသည်။

    မင်းဗညားဉာဏ်ထွန်းက “အခမ်းအနား ၃ ရက် ကျင်းပပုံအစီအစဉ်တွေကို အကြမ်းဖျဉ်းတင်ပြဆွေးနွေးပါတယ်၊ သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာတွေဝင်ရောက်ကူညီရမယ့် အပိုင်းတွေ အထူးသဖြင့် လုံခြုံရေးအပိုင်း စည်ပင်သာယာရေးအပိုင်းတွေ ဆွေးနွေးခဲ့တာပေါ့” ဟု ပြောသည်။

    မွန်အမျိုးသားနေ့ဗဟို အခမ်းအနားကို ပဲခူးမြို့၊ ရွှေမော်ဓေါဘုရားရင်ပြင်တော်၌ လာမည့်ဖေဖော်ဝါရီ ၂၀ ရက်နေ့မှစတင်၍ ၃ ရက်တိတိအခမ်းအနား ကျင်းပသွားမည်ဖြစ်ရာ မွန်အမျိုးသားနေ့ကျရောက်သည့် နံနက်ပိုင်း၌ နေရာ ၃ နေရာမှ ဘင်ခရာအဖွဲ့ ၃ ကြောင်းချီတက်၍ အလံတော်အလေးပြုခြင်းအခမ်းအနား၊ ညပိုင်းတွင် ဟောပြောမှုအစီအစဉ်၊ မွန်ရိုးရာရှေးဟောင်းအဆိုအက၊ ခေတ်ပေါ်တေးဂ႘တ၊ ယိမ်းအလှပဒေသာအကများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ရန် စီစဉ်ထားကြောင်း သူကဆက်ပြောသည်။

    ယခုနှစ် ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားဗဟိုကျင်းပရန် ဘတ်ဂျက်ရန်ပုံငွေ ကျပ်သိန်းတစ်ထောင့်နှစ်ရာ( (၁၂၀,၀၀၀,၀၀၀) ခန့် လျာထားကြောင်း ကျင်းပရေးကော်မတီမှ သိရသည်။

    Photo- ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာနတွင် တွေ့ဆုံဆွေးနွေးကြစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks