Thursday, April 17, 2025
spot_img
Homeသတင်းမူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်း မွန်ပြည်သစ်ပါတီ ဖွင့်လှစ်မည်

မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်း မွန်ပြည်သစ်ပါတီ ဖွင့်လှစ်မည်

-

ရွှေရိုး(ဝယ်ဇင်၊ ဇန်-၁၀)

မွန်ပြည်သစ်ပါတီဦးဆောင်၍ သံဃာတော်များနှင့် ဒေသခံများပူးပေါင်းကာ မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းကို ရေးမြို့နယ်၊ ဝယ်ဇင်ကျေးရွာအနီးရှိ ဒေဒဂွန်ဇွယ်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် ဥက္ကဋ္ဌ နိုင်ဉာဏ်ထွန်းက ပြောသည်။

နိုင်ဉာဏ်ထွန်းက “မူးယစ်ဆေးဝါးစွဲသူဆိုရင် လူမျိုး၊ ဘာသာမရွေးဘူး၊ လာရောက်အပ်နှံရင် လက်ခံသွားမယ်။ မွန်မဟုတ်ဘူးဆိုပြီးတော့ မခွဲခြားဘူး၊ အများအားဖြင့် ဒီဒေသမှာဆိုရင်တော့ မွန်တွေများမှာပေါ့”ဟု ပြောသည်။

မိမိကြမ္မာ မိမိဖန်တီးနိုင်ရေး ကြိုးပမ်းရုန်းကန်နေရသည့် မွန်ပြည်သစ်ပါတီသည် အစိုးရတစ်ရပ်မဟုတ်သည့်အတွက် မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေး စီမံကိန်း အကောင်အထည်ဖော်နိုင်ရန် မွန်သံဃာတော်များနှင့် ပြည်သူများ၏ ကူညီထောက်ပံ့ပေးမှုဖြင့် မြို့နယ်အဆင့်၊ ကျေးရွာအဆင့်တို့ကို အဖွဲ့ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

သံဖြူဇရပ်မြို့၊ ဟံသာထောကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသီလဝန္တက “အခုလောလောဆယ်မှာမူးယစ်ဆေးပြတ်ဖို့ အရင်လုပ်မယ်။ မူးယစ်ဆေးဝါး ပြတ်သွားပြီးဆိုရင် သူတို့ဘဝပြန်လည်ထူထောင်ရေးအတွက် အသက်မွေးဝမ်းကြောင်း အတတ်ပညာတစ်ခုခုကို သင်ပေးဖို့ စီစဉ်ပေးထားတယ်”ဟု မိန့်ကြားသည်။

ယင်းစီမံကိန်းအတွက် လိုအပ်သောငွေကြေးများနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် ရေးမြို့နယ်အတွင်းရှိ မွန်ဘုန်းတော်ကြီးကျောင်းများနှင့် ချိတ်ဆက်ထားကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

“ ရေရှည်ရပ်တည်နိုင်စေဖို့အတွက် ဥပမာ တစ်လဆိုရင် ဘုန်းကြီးကျောင်းတွေကနေ ဆန်တစ်အိတ်၊ ငွေကျပ်တစ်သောင်းဖြစ်ဖြစ် နှစ်သောင်းဖြစ်ဖြစ် အလှူခံယူသွားဖို့ စဉ်းစားထားတယ်”ဟု ဆရာတော်က မိန့်သည်။

အလားတူ မွန်ပြည်သစ်ပါတီ သထုံခရိုင်၊ မော်လမြိုင်ဌာနချုပ်ရုံးများတွင်လည်း မိဘအုပ်ထိန်းသူများ လာရောက်အပ်နှံမှုဖြင့် စခန်းသွင်း၍ မူးယစ်ဆေးစွဲပြတ်သည်အထိ စောင့်ရှောက်ကုသပေးလျက်ရှိကြောင်း တွေ့ရှိရသည်။

Photo- မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းလမ်းညွှန်(MNA)

ဆက်စပ်သတင်း

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
34,000SubscribersSubscribe
spot_img

Latest posts