spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမုဒုံတွင် ရာဘာမှိုင်းခံရုံမီးလောင်မှုကြောင့် သိန်း ၃၀၀ ကျော် ဆုံးရှုံး

    မုဒုံတွင် ရာဘာမှိုင်းခံရုံမီးလောင်မှုကြောင့် သိန်း ၃၀၀ ကျော် ဆုံးရှုံး

    -

    မင်းချမ်းညီ(မုဒုံ၊ ဇန်-၇)
    မွန်ပြည်နယ် ၊ မုဒုံမြို့နယ် ၊ ကွမ်တာကျေးရွာရှိ ဦးလှဝင်း၏ ဟိုက်ဝင်းရာဘာရုံမှ ရာဘာမှိုင်းခံရုံ ဇန်နဝါရီ ၆ ရက်နေ့ ညပိုင်းကမီးလောင်မှုကြောင့် ငွေကျပ် သိန်း ၃၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့မှသိရသည်။

    ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း မုဒုံမြို့ ၊ မြို့မ (၄) ရပ်ကွက်၊ စိန်ချယ် (၅) လမ်းရှိ ဦးဇော်ဝင်း၏ ခိုင်ရွှေဝါ ရာဘာရုံ မီးလောင်မှုကြောင့် ငွေကျပ်သုံးသိန်းကျော် (၃၆၂,၀၀၀) ဆုံးရှုံးခဲ့ရသဖြင့် မုဒုံမြို့နယ်တွင် တစ်လအတွင်း ၂ ကြိမ်မြောက် ရာဘာရုံမီးလောင်မှုဖြစ်ကြောင်း၊ မီးဘေးကြိုတင်ကာကွယ်သည့်စနစ်များ  မရှိသည့်အတွက် မကြာခဏမီးလောင်ခြင်းဖြစ်ကြောင်း
    မွန်ပြည်နယ်မီးသတ်တပ်ဖွဲ့မှ ညွှန်ကြားရေးမှူး ဦးတင်မောင်နီက ပြောသည်။

    ဦးတင်မောင်နီက “ရာဘာပြားတွေကို စပယ်ခွံမီးဖိုနဲ့ မှိုင်းခံရာကနေ မီးများပြီးတော့ အနီးမှာရှိတဲ့ရာဘာပြားတွေကို မီးကူးစက်လောင်ကျွမ်းတာဖြစ်ပါတယ်။ ညတုန်းက  ၁၁ နာရီခွဲလောက်က စလောင်တာပါ။ မီးအရမ်းများတော့  ခရိုင်က ကား ၂ စီးလောက် ထွက်ပေးရတယ်။
    မီးဘေးကြိုတင်ကာကွယ်ရေးစနစ်မရှိလို့ အခုလိုဖြစ်တာပါ။
    အဲလိုလုပ်ထားရင် စဖြစ်ဖြစ်ချင်းမှာ ငြိမ်းသတ်နိုင်ရင် အဲလောက်ကြီး ဆုံးရှုံးမှာမဟုတ်ပါဘူး။”
    ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

    Photo- ရာဘာမှိုင်းခံရုံ မီးလောင်စဉ်(Ko Oo)
    ယင်းမီးလောင်မှုသည် level 3 အဆင့်ရှိသည့်အတွက် မီးငြိမ်းသတ်ယာဉ် ၁၁ စီး၊ ရေသယ်ယာဉ် ၄ စီး၊ မော်လမြိုင်ခရိုင်မှ မီးသတ်ယာဉ် ၂ စီးတို့ဖြင့် ဇန်နဝါရီလ ၇ ရက်နေ့ နံနက်အစောပိုင်းထိ ၂ နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရသည်ဟု ၎င်းကဆက်ပြောသည်။
    ရာဘာမှိုင်းခံရုံ ၁၅ပေ × ၉၀ ပေ  သွပ်မိုးအုတ်ကာ ရာဘာရုံတစ်ရုံ နှင့် ရာဘာပြား  လေးသောင်းရှစ်ထောင်ခန့် မီးလောင်ဆုံးရှုံးခဲ့မှုကြောင့် တန်ဘိုးအားဖြင့် ငွေကျပ်သိန်း ၃၀၀ ကျော် ( ၃၀,၄၈၇,၅၀ဝိ) ဆုံးရှုံးခဲ့ရပြီး ရာဘာမှိုင်းခံရုံတာဝန်ခံ  ဦးဇော်ဝင်းကို  မုဒုံမြို့မ ရဲစခန်းမှ (ပ) ၃၉/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks