spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေသည် ဖျက်သိမ်းသင့်သော ဥပဒေဟုဆို 

    မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေသည် ဖျက်သိမ်းသင့်သော ဥပဒေဟုဆို 

    -

    မင်းသူရိန်(မော်လမြိုင်၊ ဇန် ၁)

    မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေသည် ဖျက်သိမ်းသင့်သော ဥပဒေဖြစ်ကြောင်း မွန်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများကွန်ယက် ညှိနှိုင်းရေးမှူး မင်းအောင်ထူးက ပြောသည်။

    မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့ထုတ်ပြန်ချက်အရ လက်ရှိအသုံးပြုနေသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာမြေစာရင်းဌာနသို့ မှတ်ပုံတင်ရမည်ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ အဆိုပါမြေများကို အသုံးပြုပါက ထောင်ဒဏ် ၂ နှစ်(သို့မဟုတ်) ငွေဒဏ်ကျပ် ၅ သိန်း (သို့မဟုတ်) ပြစ်ဒဏ်နှစ်ခုပေါင်း ကျခံရမည် ဖြစ်သည်။

    “မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို သုံးသပ်ကြတယ်၊ အရင်ကလဲ သုံးသပ်ကြတယ်၊ ပြောရရင် သတ်မှတ်ကာလတစ်ခု ကျော်လွန်သွားရင် ဒီနိုင်ငံသားတွေ တိုင်းရင်းသားတွေဟာ အလိုလိုနေရင်း ရာဇဝတ်သားကောင်တွေ ဖြစ်သွားမယ်၊ ဒီအားနည်းချက်ကို အစိုးရကို တွန်းအားပေးဖို့ လိုပါတယ်”ဟု မင်းအောင်ထူးက ပြောဆိုသည်။

    Photo- မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေဆိုင်ရာအမြင်ဖွင့်ဆွေးနွေးပွဲ(Min Aung Htoo)

    ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ အရပ်ဘက်အဖွဲ့အစည်းက မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်နိုင်ရန်နှင့် ရုပ်သိမ်းနိုင်ရန်အတွက် ညှိနှိုင်းတိုင်ပင်ပြီး အစိုးရကို တွန်းအားပေးသွားမည်ကြောင်း၊ အဆိုပါ ဥပဒေနှင့် ပတ်သက်၍ ဥပဒေ၏ ကောင်းကျိုး၊ ဆိုးကျိုးများကို ပြည်သူလူထုအား အမြင်ဖွင့်ရန်၊  ဥပဒေပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များကို တိုက်တွန်းရန်၊ နိုင်ငံတော်သမ္မတအထိ စာတင်သွားရန်၊ ဆန္ဒထုတ်ဖော်မှုပြုလုပ်ရန်၊ ဆန္ဒထုတ်ဖော်ရာတွင် ဆိုရှယ်မီဒီယာနည်းလမ်း ကမ်ပိန်းပြုလုပ်ရန်နှင့် ဆန္ဒထုတ်ဖော်မှုကို သိမ့်မွေစွာပြုလုပ်ရန် ဆုံးဖြတ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

    “တိုင်းရင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ကာကွယ်ပေးရမယ်ဆိုတာလည်းရှိတဲ့အတွက် အကောင်းဆုံးကတော့ အခြေခံဥပဒေခုံရုံးကို တင်ပြသင့်တယ်”ဟု သထုံမြို့နယ် မဲဆန္ဒနယ်မြေ (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောသည်။
    ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေဆိုင်ရာ အမြင်ဖွင့်ဆွေးနွေးပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ ပိုင်ခေတ်ခန်းမ၌ ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာတွင် မွန်ပြည်နယ်လုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
    အဆိုပါဥပဒေကိုအခြေခံ၍ ပြည်ထောင်စုလွှတ်တော်က မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၁၈) အား ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့ပြီးနောက်ပိုင်း၌ အရပ်ဘက်အဖွဲ့အစည်းများ၊ မြေယာနှင့် ပတ်သက်သော အဖွဲ့အစည်းများနှင့် ပြည်သူလူထုအကြား ဝေဖန်စရာများစွာ ဖြစ်ပေါ်လာသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks