spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းပဲခူးမြို့တွင် မွန်အမျိုးသားနေ့(ဗဟို) ကျင်းပရေး တိုင်းဒေသကြီးအစိုးရနှင့် ကော်မတီဝင်တို့ဆွေးနွေး

    ပဲခူးမြို့တွင် မွန်အမျိုးသားနေ့(ဗဟို) ကျင်းပရေး တိုင်းဒေသကြီးအစိုးရနှင့် ကော်မတီဝင်တို့ဆွေးနွေး

    -

    ပဲခူးမြို့တော်တွင် ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျင်းပရေးကော်မတီဝင်များ တိုင်းဒေသကြီးအစိုးရရုံး၌ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကျင်းပရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဗညားဉာဏ်ထွန်းက မွန်သတင်းအေဂျင်စီကို ပြောသည်။

    ဗညားဉာဏ်ထွန်းက “လာမယ့် မွန်အမျိုးသားနေ့ပွဲတော်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် အပြည့်အဝ တာဝန်ယူပေးမယ်” ဟု ဆိုသည်။

    လာမည့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင်ကျရောက်မည့် မွန်အမျိုးသားနေ့ (ဗဟို)အခမ်းအနားကို ပဲခူးမြို့ပေါ်ကျင်းပသွားမည် ဖြစ်သည့်အတွက် လုံခြုံရေးနှင့် ကျန်းမာရေးအပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ယူမည် ဖြစ်သည်။

    “ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ မွန်အမျိုးသားနေ့ဗဟိုအတွက် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက ၁၃၅ သိန်းထောက်ပံ့တယ်” ဟု ဗညားဉာဏ်ထွန်းက ဆက်ပြောသည်။


    Photo- ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မွန်အမျိုးသားနေ့ (ဗဟို) ကျင်းပရေးကော်မတီတို့တွေ့ဆုံဆွေးနွေးစဉ်(MNA)

    အဆိုပါ ပဲခူးမြို့တွင်ကျင်းပမည့် မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားအတွက် ငွေကျပ်သိန်း ၁၆၀၀ သုံးစွဲရန် လျာထားခဲ့ရာ မွန်ပြည်နယ် အစိုးရထံ ငွေကျပ်သိန်း ၅၀၀ တင်ပြတောင်းခံထားပြီး ရန်ပုံငွေ လက်ကျန် သိန်း ၁၂၀၀ ကျော်ကိုလည်း သုံးစွဲသွားမည်ဟု ကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌ နိုင်မွန်ရာဇာက ဆိုသည်။

    ထို့အတူ လုပ်ငန်းရှင်များထည့်ဝင်ငွေ၊ ပြည်ပရောက်မွန်များထံမှ အလှူခံရရှိငွေ၊ အမှတ်တရပစ္စည်းများ၊ အထိန်းအမှတ်အင်္ကျီ၊ မြေစိုက်ပိုစတာနှင့် အလံများရောင်းရငွေ၊ ဆိုင်ခန်းခ၊ လုပ်ငန်းကြော်ငြာခများ၊ စတိတ်ရှိုးနှင့် လက်ဝှေ့ပွဲရံပုံငွေများမှ ဘဏ္ဍာရေးရှာဖွေသွားမည်ဟု ၎င်းကဆက်ပြောသည်။

    နှစ်စဉ်တပို့တွဲလပြည့်ကျော် ၁ ရက်နေ့တိုင်း ကျရောက်သည့် မွန်အမျိုးသားနေ့အခမ်းအနားများကို မွန်လူမျိုးများက မိမိတို့ရောက်ရှိရာဒေသတွင်ကျင်းပလေ့ရှိသကဲ့သို့ မွန်တစ်မျိုးသားလုံးကိုယ်စားပြုသော မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားကိုလည်း နှစ်စဉ်တစ်မြို့နယ်စီ လှည့်လည်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဇာသပြင်ကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks