spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမန်ကျီးကျေးရွာအနီးကျောက်မိုင်းလုပ်ငန်း မြေဝယ်ယူရန်ကြိုးပမ်းနေမှု ဒေသခံများကန့်ကွက်

    မန်ကျီးကျေးရွာအနီးကျောက်မိုင်းလုပ်ငန်း မြေဝယ်ယူရန်ကြိုးပမ်းနေမှု ဒေသခံများကန့်ကွက်

    -

    မွန်ပြည်နယ်တောင်ပိုင်းအစွန်ဆုံး ပင်လယ်ကမ်းစပ်ရှိ ရေးမြို့နယ်၊ မန်ကျီးကျေးရွာအနီး ဗလဲ့ခပွားတောင်၌ ကျောက်မိုင်းထုတ်လုပ်ရန် မြေဧက ၁၀၀ ခန့် ဝယ်ယူရန်ကြိုးပမ်းနေသော မြန်မာရွှေဧကရာဇ်သတ္တုတူးဖော်ရေးကုမ္ပဏီအား ဒေသခံများ ကန့်ကွက်နေကြောင်း သိရသည်။

    မန်ကျီကျေးရွာ ရာမညနိကာယကျောင်းတိုက်မှ အရှင်သီဟက “ရွာသားတွေ ဘာကြောင့် သဘောမတူကြလဲဆိုရင် ဒီတောင်ပြိုကျမယ်ဆိုရင် ရွာသားတွေ ဒုက္ခရောက်ကြမယ်။ တောင်မရှိတော့တဲ့အတွက် လေဒဏ် ရေဒဏ် သဘာဝဘေးတွေဖြစ်ပေါ်လာရင် ရွာသားတွေ ခံရလိမ့်မယ်။ အဲဒီလို ကြိုတင်တွက်ဆထားတဲ့အတွက် ရွာသားတွေက ဒီကျောက်ထုတ်လုပ်ငန်းကို လက်မခံကြဘူး”ဟု မိန့်ကြားသည်။

    ကုမ္ပဏီအနေဖြင့် မြေနေရာဝယ်ယူနိုင်ရေးအတွက် ပိုမိုလှုပ်ရှားဆောင်ရွက်လာနေသည်ကို လေ့လာတွေ့ရှိနေရပြီး ရွာသားများအနေဖြင့် မြို့နယ်မှ ပြည်ထောင်စုအဆင့်ထိ ကန့်ကွက်စာများ ပေးပို့ထားကြောင်း အရှင်သီဟက မိန့်သည်။

    ဓနိကျေးရွာဒေသခံ နိုင်မောင်ပြက “ဟိုဘိုးဘွားစဉ်ဆက်ကတည်းက ဒီ (ဗလဲ့ခပွား) တောင်ပေါ်မှာ စိုက်ပျိုးပြီး အသက်မွေးဝမ်းကြောင်းပြုနေတာ အခုချိန်ထိပေါ့၊ ဒါကြောင့် ကျနော်တို့မရောင်းပေးနိုင်ဘူး” ဟု ပြောသည်။

    Photo- မန်ကျီးကျေးရွာ ဗလဲ့ခပွားတောင်(MNA)

    သို့ရာတွင် မြန်မာရွှေဧကရာဇ်ကုမ္ပဏီ၏ ကျောက်မိုင်းလုပ်ငန်းအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြလာခြင်း မရှိသေးကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

    “အဲဒီကုမ္ပဏီကနေ ကျောက်ထုတ်လုပ်ချင်တယ်လို့ ကြားတော့ကြားမိပါတယ်။ ဒါပေမယ့် သူတို့ထုတ်ချင်ရင် ခရိုင်ထွေအုပ်ဆီကို လုပ်ထုံးလုပ်နည်းနဲ့အညီ တင်ပြရပါလိမ့်မယ်”ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    ကျောက်ထုတ်လုပ်ငန်းလုပ်ဆောင်သည့်အခါ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုမရှိစေရေး၊ ကျောက်ထုတ်လုပ်ငန်းလုပ်ဆောင်နေသည့် နေရာတိုင်းတွင် မိမိတို့ သဘာဝပတ်ဝန်းကျင်ဌာန၏ သဘောထားများကို တောင်းခံရမည်ဖြစ်ကာ ကျောက်ထုတ်ခွင့်ပဏာမပေါ်မူတည်ပြီး ဆောင်ရွက်မည့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း EIA ၊ ထိခိုက်မှုကာကွယ်တားဆီးရေး စီမံချက် EMP အပေါ်မူတည်၍ ကုမ္ပဏီလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    အဆိုပါ ဗလဲ့ခပွားတောင်ပေါ်တွင် ကွမ်းသီး၊ ဝဥ၊ ရော်ဘာများ စသဖြင့် ဒေသခံများ စိုက်ပျိုးပြီး မန်းကျည်း၊ ဓနိကြားကျေးရွာမှ ဒေသခံခြံပိုင်ရှင် ၁၀၀ ကျော် အသက်မွေးဝမ်းကြောင်းပြုနေကြောင်း သိရသည်။

    မွန်ပြည်နယ် ကျိုက်ထို၊ ပေါင်နှင့် ကျိုက်မရောမြို့နယ်တို့တွင် လိုင်စင်ရ လမ်းခင်းကျောက်နှင့် ဂဝံကျောက် လက်ရှိထုတ်လုပ်သည့်လုပ်ငန်း ၇၄ ခုရှိကြောင်း သတင်းမှတ်တမ်းများက ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks