Homeသတင်းမွန်ပါတီတည်ထောင်လိုသူများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မနက်ဖြန်တွင်တွေ့ဆုံမည်

မွန်ပါတီတည်ထောင်လိုသူများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မနက်ဖြန်တွင်တွေ့ဆုံမည်

-

ရွှေရိုး(ဒီဇင်ဘာ ၁၀)

မွန်နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအင်အားစုများ ပေါင်းစည်းပြီးနောက် “မွန်ပါတီ” အမည်ဖြင့် ပါတီတည်ထောင်ခွင့်တင်ပြခဲ့ပြီးဖြစ်သည့်အတွက် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မနက်ဖြန် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တွေ့ဆုံရန် အကြောင်းကြားထားကြောင်း မွန်ပါတီတာဝန်ရှိသူများက ပြောသည်။

မွန်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) နိုင်လယိတမက “သူတို့ ခေါ်ပြီးတွေ့ဆုံကတည်းက တစ်ခုခုတော့ အခဲအခဲရှိမှာ သေချာပါတယ်။ ပါတီနာမည်ကို ပေးပြောင်းမလား၊ တစ်ခြားနာမည် ပြောင်းခိုင်းမလားဆိုတာကိုတော့ ကော်မရှင်နဲ့တွေ့ဆုံပြီးမှ တိတိကျကျပြောနိုင်မယ်။ သေချာတာတစ်ခုကတော့ တစ်စုံတစ်ခုတော့ အခက်အခဲရှိနေပါတယ်”ဟု ဆိုသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP ပါတီတို့ ပေါင်းစည်းကြောင်းနှင့်အတူ “မွန်ပါတီ” တည်ထောင်လိုသူ ၂၅ ဦးတို့မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုဝင်ဘာလ ၂၀ ရက်က ပါတီတရားဝင်မှတ်ပုံရေး တင်ပြခဲ့ပြီးနောက် နိုဝင်ဘာလ ၃၀ ရက်နေ့က ကော်မရှင်မှအကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

Photo- မွန်ပါတီ လုပ်ငန်းစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး(Aung Mon)

“အကယ်၍ မဖြစ်မနေပြောင်းရမယ်ဆိုရင် ပါတီနာမည်ကို ကျွန်တော်တို့ မွန်ပြည်သူတွေရဲ့ဆန္ဒကို ခံယူထားတုန်းက ဒုတိယဆန္ဒအများဆုံးပေးထားတဲ့ ပါတီရဲ့နာမည်ကို ပြောင်းရလိမ့်မယ်”ဟု နိုင်လယိတမက ဆက်ပြောသည်။

ဒုတိယဆန္ဒအများဆုံးပြုထားသည့်အမည်မှာ “မွန်ညီညွတ်ရေးပါတီ Mon Unity Party” ဟု သတင်းများက ဖော်ပြခဲ့သည်။

လက်ရှိ မွန်ပါတီသစ်၏ ဗဟိုကော်မတီတွင် ပါတီနှစ်ရပ်မှတစ်ဖက် ၅၀ ဦးစီ၊ မွန်ကိုယ်စားပြုပါတီ ဖော်ဆောင်ရေးအဖွဲ့မှ ၂၀ ဦးနှင့် မွန်လူမှုအဖွဲ့အစည်းမှ ၂၀ ဦး စုစုပေါင်း ၁၄၀ ဦးတို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts