spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းပဲခူးမွန်ပရိယတ္တိစာသင်တိုက်ဆရာတော် ဆီးချိုရောဂါဖြင့် ရုတ်တရက်ပျံလွန်တော်မူ

    ပဲခူးမွန်ပရိယတ္တိစာသင်တိုက်ဆရာတော် ဆီးချိုရောဂါဖြင့် ရုတ်တရက်ပျံလွန်တော်မူ

    -

    ဝံသမွန်(နိုဝင်ဘာ ၁၇)။ ။ မွန်ပြည်နယ် မော်လမြိုင်မြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ပဲခူး မွန်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တသီလာစာရ ဝါတော်(၅၈) သက်တော် (၇၈) နှစ်သည် သီတင်းသုံးရာကျောင်းတော်၌ ယနေ့နံနက် ၃ နာရီခွဲအချိန်ခန့်တွင် ဆီးချိုရောဂါဖြင့် ပျံလွန်တော်မူခဲ့သည်။

    စာချဆရာတော် အရှင်ဥတ္တရက “ဆရာတော်ကို ရန်ကုန်ဆေးရုံတင်ပြီး ပြန်လာတာ၊ ည ၇ နာရီလောက်မှာ အသက်ရှူကြပ်လာဆိုလို့ သံဃာတော်တွေနင်းနှိပ်ပြုစုတော့ နည်းနည်းသက်သာလာတယ်၊ မနက် ၃ နာရီကျော်ကျော်လောက်မှာ တစ်ခါပြန်ဖြစ်တော့ ဘာမှလုပ်လို့မရတော့ဘူး” ဟု မိန့်ကြားသည်။

    ဆရာတော်၏ကြွင်းကျန်ရုပ်ကလာပ်အား လာမည့် တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်(နိုဝင်ဘာ ၂၆) တွင် ယာယီနိဗ္ဗာန်ကျောင်းသို့ ပြောင်းရွှေ့စံမြန်းရန် စီစဉ်လျက်ရှိပြီး ဈာပနအခမ်းအနား အစီအစဉ်ကို ဆက်လက်ထုတ်ပြန်သွားမည်ဟု သိရသည်။

    Photo- ပဲခူး မွန်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တသီလာစာရ(ရာမညနိကာယ)

    ဆရာတော်သည် သက္ကရာဇ် ၁၃၅၄ ခုနှစ်က “မဟာဂန္ထဝါစကပဏ္ဍိတ” ဘွဲ့ကိုလည်းကောင်း၊ ၁၃၆၁ ခုနှစ်က “အဂ္ဂမဟာဂန္ထဝါစဘဏ္ဍိတ” ဘွဲ့တဆိပ်တော်ကိုလည်းကောင်း၊ ၁၃၆၅ ခုနှစ်တွင် “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တဆိပ်တော်ကိုလည်းကောင်း နိုင်ငံတော်မှချီးမြှင့်ခြင်းခဲ့ကြောင်း ဆရာတော်၏ ထေရုပ္ပတ္တိတွင် ရေးသားဖော်ပြထားသည်။

    ငယ်နာမည် မင်းသာငြိမ်း ဖြစ်သည့် ဆရာတော်သည် ကောဇာသက္ကရာဇ် ၁၃၀၃ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ သောကြာနေ့တွင် မွန်ပြည်နယ် လမိုင်းမြို့၌ ခမည်းတော် နိုင်ဂလိ၊ မယ်တော် မိပြဲ့တို့မှ ဖွားမြင်တော်မူခဲ့ပြီး မောင်နှမ ၁၀ ဦးအနက် တတိယမြောက်သား ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks