spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်းများကို မွန်ပြည်သစ်ပါတီ NMSP အကောင်အထည်ဖော်မည်

    ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်းများကို မွန်ပြည်သစ်ပါတီ NMSP အကောင်အထည်ဖော်မည်

    -

    ရွှေရိုး(နိုဝင်ဘာ-၆)။ ။ မွန်ပြည်နယ် ဒေသဖွံ့ဖြိုးရေးနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို မွန်ပြည်သစ်ပါတီ (NMSP) က မွန်စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

    “ကျွန်တော်တို့က မွန်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်။ ဘယ်သူတွေ စိတ်ဝင်းစားလဲ ဘယ်သူတွေက ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ချင်သလဲဆိုရင် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားမယ်။ အဲဒါကြောင့် ကျွန်တော်တို့ အကောင်အထည်ဖော်ချင်တဲ့ကိစ္စရပ်တွေ ကျွန်တော်တို့လုပ်ချင်တဲ့အရာတွေကို အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်”ဟု နိုင်ဝင်းလှက ပြောသည်။

    မွန်စီးပွားရေးလုပ်ငန်းရှင်များအသင်းစတင်ဖွဲ့စည်းခဲ့စဉ်(Facebook)

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးနောက်ပိုင်းတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အား ဒေသဖွံ့ဖြိုးရေးနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ တိုးတက်လာစေရန် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ၎င်းက ဆိုသည်။

    “ကျွန်တော်တို့က ပြည်နယ်အစိုးရအဖွဲ့ကနေတဆင့် တင်ပြထားတယ်။ တင်ပြထားတဲ့အထဲမှာတော့ နှစ်ချက်ရှိတယ်။ တစ်ခုကတော့ ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသစီးပွားရေးတွေဖြစ်တယ်။ အဲဒီတင်ပြထားတာတွေကိုလည်း ဒီနေ့ဒီအချိန်အထိ ဘာတစ်ခုမှ အကောင်အထည်မပေါ်လာသေးဘူး။ ဆွေးနွေးနေကြတုန်းပါပဲ။ လောလောဆယ်တော့ လုပ်ငန်းဆောင်ရွက် အကောင်အထည်ဖော်တာတွေ မရှိသေးဘူး။ ဆွေးနွေးထားတာပဲ ရှိသေးတယ်”ဟု နိုင်ဝင်းလှက ဆက်ပြောသည်။

    သို့ရာတွင် မည်သည့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်သွားမည်ကို အသေးစိတ်ရှင်းပြခဲ့ခြင်း မရှိပေ။

    စီးပွားရေးကဏ္ဍနှင့် ပတ်သက်ပြီး မွန်စီးပွားရေးလုပ်ငန်းရှင်များအသင်းက “မွန်ပြည်သစ်ပါတီနှင့် ပူးပေါင်းဆောင်ရွက်မည့်အဖွဲ့”ကို အောက်တိုဘာလ ၂၀ ရက်နေ့က ဖွဲ့စည်းလိုက်ပြီးဖြစ်ကြောင်း မွန်စီးပွားရေးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး နိုင်ထွန်းလွင်က ဆိုသည်။

    “ဒါပေမယ့် လုပ်ငန်းအကောင်အထည်ဖော်တဲ့အခါမှာ ကျွန်တော်တို့ အသေးစိတ် ပြန်ဆွေးနွေးရဦးမယ်။ ဒါမှအကောင်အထည်ဖော်လို့ရမယ်။ နောက်ပြီး လုပ်ငန်းအကောင်အထည်ဖော်တဲ့အခါမှာလည်း စီးပွားရေးလုပ်ငန်းခိုင်ခိုင်မာမာတစ်ခုဖြစ်ဖို့ဆိုတာကို ဆွေးနွေးရဦးမယ်”ဟု နိုင်ထွန်းလွင်က ဆက်ပြောသည်။

    မွန်ပြည်သစ်ပါတီ (NMSP) သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က NCA လက်မှတ်ရေးထိုးခဲ့ရာတွင် အစိုးရထံမှ မည်သည့်အထောက်အပံ့ရံပုံငွေကိုမျှ လက်ခံရယူခဲ့ခြင်းမရှိသလို ဒေသဖွံ့ဖြိုးရေးစီမံကိန်းများကိုလည်း အစိုးရထံမှ ချထားပေးခြင်းမရှိကြောင်း မွန်ပြည်သစ်ခေါင်းဆောင်များထံမှ သိရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks