spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်း(၇၂) ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနား ဟံသာဝတီနေပြည်တော်ဟောင်းဗဂိုးမြို့တွင် ကျင်းပမည်

    (၇၂) ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနား ဟံသာဝတီနေပြည်တော်ဟောင်းဗဂိုးမြို့တွင် ကျင်းပမည်

    -

    ရူပါဗလွဲ-(အောက်တိုဘာ ၃၀)။ ။ ယခုနှစ်တွင်ကျရောက်သော (၇၂) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို ဟံသာဝတီနေပြည်တော်ဟောင်း ဗဂိုး(ပဲခူး)မြို့ ရွှေမောဓောစေတီရင်ပြင်ဝင်း၌ လာမည့်တပို့တွဲလပြည့်ကျော် (၁) (ဖေဖော်ဝါရီလ-၂၀) ရက်နေ့တွင် ကျင်းပရန် စီစဉ်လျက်ရှိသည်။

    ကျင်းပရေးကော်မတီ ဒု-ဥက္ကဌ နိုင်မွန်ရာဇာက “ ဒီနှစ် မွန်အမျိုးသားနေ့ဗဟိုအခမ်းအနား ကျင်းပဖို့အလှည့်ကျတာ ကျနော်တို့ရဲ့ ဗဂိုးဟံသာဝတီနေပြည်တော်ပေါ့၊ မြေစိုက်ပိုစတာမှာဆိုရင် ရွှေမောဓောဘုရားရုပ်ပုံတော်၊ ဟံသာဝတီမြို့ရိုးနန်းတော်နဲ့ မွန်ဘုရင် သမလ၊ ဝိမလရုပ်ပုံတွေကို အသားပေးဖော်ပြထားတယ်” ဟု ဆိုသည်။

    (၇၂) ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) မြေစိုက်ပိုစတာပုံကြမ်း(Copy)

    အဆိုပါ မွန်အမျိုးသားနေ့(ဗဟို) မြေစိုက်ပိုစတာပုံကြမ်းကို လာမည့် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ကျင်းပမည့် (၄) ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီအစည်းအဝေး၌ ဆက်လက်အတည်ပြုသွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

    ကျင်းပရေးကော်မတီ အထွေအထွေအတွင်းရေးမှူး မင်းဉာဏ်ထွန်းက “အရင်နှစ်တွေထက် ပိုပြီးထူးခြားတဲ့အစီအစဉ်တွေပါမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ မွန်နေပြည်တော်လည်းဖြစ်တဲ့ ပဲခူးတိုင်းမြို့တော်မှာကျင်းပတာဖြစ်တဲ့အတွက် အရင်နှစ်တွေထက် ခန်းနားကြီးကျယ်အောင် ကြိုးစားဆောင်ရွက်သွားရမယ်” ဟု ဆိုသည်။

    အဆိုပါ မွန်အမျိုးသားနေ့ပွဲတော်ရက်များအတွင်း မွန်ရိုးရာလက်ဝှေ့ထိုးပြိုင်ပွဲ၊ မွန်ဂီတ ရိုးရာအဆိုအကများ၊ စင်တင်ရိုးရာလက်ထပ်မင်္ဂလာပြပွဲနှင့် သမိုင်းဝင်ဓါတ်ပုံပြခန်းကိုလည်း ထားရှိပြသသွားမည်ဖြစ်ကြောင်း မင်းဉာဏ်ထွန်းက ဆက်ပြောသည်။

    မွန်တို့၏ စာပေ၊ ဘာသာစကား၊ သာသနာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးဓမ်းအစဉ်အလာများ ဖော်ထုတ် ထိန်းသိမ်းမြှင့်တင်ရေး။ မွန်တို့၏ ဇာတိသွေးဇာတိမာန် အစဉ်ထာရရှင်သန်စေရန်အတွက် တစ်မျိုးသားလုံးသွေးစည်းရေးနှင့် တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်ရေး။ မွန်တို့၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုစစ်ပေါ်ထွန်းရန် ကြိုးပမ်းဆောင်ရွက်ရေး ရည်ရွယ်ချက် (၃) ရပ်ဖြင့် မွန်အမျိုးသားအခမ်းအနားကျင်းပခြင်းဖြစ်ကြောင်း ကျင်းပရေးကော်မတီမှ သိရသည်။

    အကြိမ် (၅၀) မြောက် ရွှေရတုသဘင်မှ စတင်ဖွဲ့စည်းခဲ့သော မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားများကို တစ်နှစ်လျင်တစ်မြို့နယ်ကျ လှည့်လှည်ကျင်းပခြင်းဖြစ်ပြီး ယမန်နှစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင်ရွာတွင် အလှည့်ကျကျင်းပခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks