spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းပြည်တွင်းငြိမ်းချမ်းရေးကို အာမခံနိုင်သည့်အချက်များ ညီလာခံတွင်မပါရှိဟု UPDJC ဒုဥက္ကဌဝန်ခံ

    ပြည်တွင်းငြိမ်းချမ်းရေးကို အာမခံနိုင်သည့်အချက်များ ညီလာခံတွင်မပါရှိဟု UPDJC ဒုဥက္ကဌဝန်ခံ

    -

    လက်ရှိကျင်းပနေသည့် ၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး) ညီလာခံမှ ရရှိလာသော အချက်အလက်များသည် ပြည်တွင်းငြိမ်းချမ်းရေးကို အာမခံချက်ပေးနိုင်သည့် အချက်အလက်များ အလုံအလောက်မပါရှိဟု UPDJC ဒုဥက္ကဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က ဝန်ခံလိုက်သည်။

    “ဒီညီလာခံတွေကျင်းပပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျနော်တို့လုပ်နေတာဟာ အနှစ် ရ၀ ကျော်ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းစေဖို့ဖြစ်တယ်၊ အခုရလာတဲ့အချက်အလက်တွေဟာ ပြည်တွင်းငြိမ်းချမ်းရေးကို အာမခံချက်ပေးနိုင်တဲ့ အချက်အလက်တွေ အလုံအလောက်မပါရှိသေးဘူးဆိုတာ ကျနော်ဝန်ခံချင်ပါတယ်” ဟု ညီလာခံ ၅ ရက်နေ့မြောက်တွင် သတင်းထောက်များကို ပြောကြားလိုက်ခြင်း ဖြစ်သည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA အတိုင်း “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် ယခုရရှိလာသည့်အချက်အလက်များက အားရကျေနပ်စရာမရှိကြောင်း သူက ဆက်ပြောသည်။

    UPDJC ဒုဥက္ကဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်ကို သတင်းထောက်များမေးမြန်းစဉ်(Facebook)

    “ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်းရေးအဖွဲ့အစည်းကနေ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် အခြေခံရမည့်မူ အများစုကိုသော်လည်းကောင်း အဓိကအရေးကြီးတဲ့မူအားလုံးကို ကျနော်တို့တင်ပြပြီးပြီ၊ အနှစ် ရ၀ ကြာခဲ့တဲ့ပြည်တွင်းစစ် ချုပ်ငြိမ်းရေးကိုလည်း ကျနော်တို့တင်ပြပြီးပြီ” ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က ဆိုသည်။

    အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်များတင်ပြချက်ကို အစိုးရနှင့် တပ်မတော်ပူးပေါင်း၍ လက်ခံနိုင်သည့်အချက်နှင့် လက်မခံသေး၍ဆက်လက်ဆွေးနွေးရဦးမည်အချက်တို့ကို အပြုသဘောဆောင် ဆွေးနွေးနိုင်ပါက တစ်ကြိမ်တည်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်နိုင်ကြောင်း သူကယူဆသည်။

    အလားတူ ငြိမ်းချမ်းရေးဖြစ်မြောက်စေရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ ကြိုးပမ်းလာခဲ့သည့် ၅ နှစ်ခန့်ကာလအတွင်း ၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး) ကျင်းပနိုင်သည့်အခင်းအကျင်းသို့ ရောက်ရှိလာသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းတိုးတက်လာသည်ဟု မဆိုနိုင်သေးကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက မွန်သတင်းအေဂျင်စီသို့ ယနေ့တွင် သုံးသပ်ပြောကြားသည်။

    နိုင်ဟံသာက “ညီလာခံမှာ အဓိကကျတဲ့ နိုင်ငံရေးအပိုင်း ဖက်ဒရယ်အပိုင်း တိုင်းရင်းသားအခွင့်အရေးတွေကို ဘာမှမဆွေးနွေးဖြစ်သေးဘူး၊ ဒါတွေကိုအထောက်အကူဖြစ်စေတဲ့ လုံခြုံရေးအပိုင်းမှာလည်း ဘာကိုမှမဆွေးနွေးဖြစ်သေးဘူး” ဟု ဆိုသည်။

    ညီလာခံတွင် အဓိကကျသည့် အစိတ်အပိုင်းများကိုမကိုင်တွယ်ဘဲ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝဝန်းကျင် ထိန်းသိမ်းရေးတို့ကို ဆွေးနွေးခြင်းသည် အပေါ်ယံနှမ်းဖြူး ဟန်ပြညီလာခံဟုသာ သူကဝေဖန်လိုက်သည်။

    ယနေ့ကျင်းပသည့် (၁၇) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေးက ညီလာခံမှတင်သွင်းလာသည့် နိုင်ငံရေး ( ၄ ) ချက်၊ စီးပွားရေး ( ၁ ) ချက်၊ လူမှုရေး ( ရ ) ချက်၊ မြေယာနှင့်သဘာဝဝန်းကျင်ကဏ္ဍ ( ၂ ) ချက် စုစုပေါင်း ( ၁၄ ) ချက်ကို သဘောတူညီခဲ့ပြီး မနက်ဖြန် ဇူလိုင် ၁၆ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ( ၂၁ ) ရာစုပင်လုံ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၂ Union Accord Part -2 လက်မှတ်ရေးထိုးပွဲ ကျင်းပ၍ ညီလာခံပိတ်ပွဲကျင်းပမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks