Homeသတင်းထိုင်းနယ်စပ် စစ်ဆေးရေးဂိတ်တစ်ခုတွင် ICE မူးယစ်ဆေး ၁၅ ကီလိုဂရမ် စံချိန်တင်ဖမ်းဆီးမိ

ထိုင်းနယ်စပ် စစ်ဆေးရေးဂိတ်တစ်ခုတွင် ICE မူးယစ်ဆေး ၁၅ ကီလိုဂရမ် စံချိန်တင်ဖမ်းဆီးမိ

-

ထိုင်းနိုင်ငံ ဘုရားသုံးဆူရွာမှ စံခလပူရီမြို့ Sangkhlaburi အကြား နန်းပကိတ်စစ်တပ်စစ်ဆေးရေးဂိတ်ကိုဖြစ်သန်းသည့် မော်တော်ကားတစ်စီးမှ ICE မူးယစ်ဆေးဝါးအလေးချိန် ၁၅ ကီလိုဂရမ် တန်ဘိုးငွေအားဖြင့် ဘတ်သိန်း ၁၅၀ ခန့် ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းက စံချိန်တင်ဖမ်းဆီးမိကြောင်း ကန်ချနပူရီ အများပြည်သူဆိုင်ရာဒေသသတင်း လူမှုကွန်ယက်စာမျက်နှာမှ သတင်းရရှိသည်။

ထိုင်းနိုင်ငံသူ နိဖာဖတ်ကလန်ဗု(အသက် ၂၈ နှစ်) မောင်းနှင်လာသည့် တိုယိုတာကားအမှတ် 9465 ပေါ်တွင် အထူးပြုလုပ်ထားသေားအံဝှက် ၃ နေရာ၌ ညီမဖြစ်သူ(အသက် ၁၈ နှစ်) ဝမ်ဆလုံစပ်စဝါန် နှင့်အတူ အဆိုပါ မူးယစ်ဆေးဝါများကို ထိုင်းစစ်တပ် Special Unit Ladhya က ဖမ်းဆီးရမိသည်ဟု ဆိုသည်။

စစ်တပ်ဂိတ်မှ စစ်ဆေးနေစဉ်(Facebook)

အဆိုပါ ဖမ်းဆီးခံရသူ နိဖာဖတ်ကလန်ဗုက “ကျမတို့ညီအစ်မ ၂ ယောက်က ကားတစ်စီး၊ ဆွေးမျိုးသားချင်းထဲက ချိပ်ဆိုသူက ကားတစ်စီးနဲ့ စံခလပူရီကိုလာလည်ပတ်တယ်၊ ချိပ်က မနက်ပိုင်းမှာ ဘုရားသုံးဆူနယ်စပ်ကို အလည်သွားတယ်၊ နေ့လည်ပိုင်းမှာ ကျမတို့ကို ဘုရားသုံးဆူဘက် လာဖို့ ဖုန်းဆက်ပြောတော့ ကျမတို့ညီအစ်မ ၂ ယောက် လိုက်သွားတယ်၊ ဟိုရောက်တော့ ချိပ်က ကျမကားကို ခဏတောင်းစီးတယ်၊ မွန်းလွဲပိုင်းလောက်မှာ ကျမကိုကားပြန်အပ်ပြီး သူ့ကားနဲ့ ကန်ချနပူရီကို ပြန်သွားပါတယ်၊ ကျမတို့လည်း အခုလိုအပြန်မှာ ဒီဂိတ်မှာ အခုလို အဖမ်းခံရတာပါ၊ ဒီမူးယစ်ဆေးဝါးတွေဟာ ကျမတို့ပစ္စည်းမဟုတ်ဘူး” ဟု ငြင်းဆိုကြောင်း အဆိုပါ အများပြည်သူဆိုင်ရာဒေသသတင်း လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြသည်။

အဆိုပါ ထိုင်းစစ်ဆေးရေးဂိတ်သည် မြန်မာနိုင်ငံမှလာသော တရားမဝင်မူးယစ်ဆေးဝါးများကို မကြာခဏဖမ်းဆီးမိလေ့ရှိပြီး ထိုသို့ ဖမ်းဆီးရမိခဲ့သည့်မူးယစ်ဆေးဝါးများအနက် ယခုအကြိမ် အများဆုံးဖြစ်သည်ဟု ထိုင်းစစ်တပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၄င်းက “ဒီမိန်းခလေးတွေရဲ့ ပစ္စည်းလည်း ဖြစ်နိုင်သလို သူတို့သယ်ဆောင်နေမှန်းမသိအောင် လုပ်ထားတာလည်း ဖြစ်နိုင်တယ်။ ဂိတ်တွေဖြတ်တဲ့အခါ ဥပဒေနဲ့မလွတ်ကင်းတဲ့ပစ္စည်းတွေ ပါနေမှန်းမသိအောင် ဒရိုင်ဘာကို ဒီမူးယစ်ဂိုဏ်းတွေက စီမံအကွက်ချပြီး လုပ်ဆောင်တာမျိုးလည်း ရှိပါတယ်”ဟု မှတ်ချက်ပြုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts