spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမိန်ဗလာတောင် ဂျပန်ခေတ်စစ်ကျန်ပစ္စည်း ကနဦးစူးစမ်းလေ့လာခွင့် ပြည်နယ်အစိုးရရပ်ဆိုင်း

    မိန်ဗလာတောင် ဂျပန်ခေတ်စစ်ကျန်ပစ္စည်း ကနဦးစူးစမ်းလေ့လာခွင့် ပြည်နယ်အစိုးရရပ်ဆိုင်း

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အနီးရှိ မိန်ဗလာတောင်၌ ဂျပန်ခေတ်စစ်ကျန်ပစ္စည်းများ တူးဖော်ရေးအတွက် ရန်ကုန်အခြေစိုက် Royal Eagle Development Group Co,Ltd ၏ ကနဦးစူးစမ်းလေ့လာခွင့်ကို မွန်ပြည်နယ်အစိုးရမှ ရပ်ဆိုင်းကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

    ဇူလိုင်လ ၁၀ ရက်နေ့ မွန်ပြည်နယ်အစိုးရရုံး၊ ဟသာင်္ခန်းမ၌ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဒုတိယ(၁) နှစ်ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

    ပြည်နယ်ဝန်ကြီးချုပ်က “ပြည်ထောင်စုအစိုးရမှ ကိုယ်တွယ်မယ်လို့ အကြောင်းကြားလာတဲ့အတွက် ပြီးခဲ့တဲ့ (ဇွန်) လ နောက်ဆုံးအပတ် တတိယအစည်းအဝေးမှာ ဒီမိန်ဗလာတောင်နဲ့ပတ်သက်ပြီးတော့ Feasibility Study လုပ်နေတာကို ရပ်ဆိုင်းခဲ့တယ်”ဟု ပြောသည်။

    မိန်ဗလာတောင် ဂျပန်ခေတ်စစ်ကျန်ပစ္စည်း ကနဦးစူးစမ်းလေ့လာနေပုံ(Facebook)

    မိန်ဗလာတောင်ရှိ ဂျပန်ခေတ်စစ်ကျန်ပစ္စည်းများသည် ရှေးဟောင်းပစ္စည်းမဖြစ်သည့်အတွက် ပြည်ထောင်စုအစိုးရမှ ကိုယ်တွယ်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လ တတိယအပတ်က ပြည်ထောင်စုအစိုးရမှ အကြောင်းကြားလာသည်ဟု သူကဆက်ပြောသည်။

    ထိုသို့ မိန်ဗလာတောင်တွင် လက်ရှိတူးဖော်နေသည့်နေရာကို မူလအနေအထားအတိုင်း ပြုလုပ်ပေးရန်၊ ထပ်မံရှာဖွေခြင်းမပြုလုပ်ရန်နှင့် ခြံစည်ရိုးကာထားသည့်နေရာများကို ပြန်လည်ရုတ်သိမ်းပေးရန် ကုမ္ပဏီသို့ အကြောင်းကြားထားကြောင်း ၎င်းက ဆက်ပြောသည်။

    မိန်ဗလာတောင်တူးဖော်နေမှုကို လွန်ခဲ့သည့် ဧပြီလ ၂၃ ရက်နေ့က ရန်ကုန်အခြေစိုက် Royal Eagle Development Group Co,Ltd အား ကနဦးစူးစမ်းလေ့လာခွင့်ကို ၃ လ ခွင့်ပြုထားကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။

    သို့ရာတွင် ရန်ကုန်အခြေစိုက် Golden Geo Myanmar Co.,Ltd မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် မိန်ဗလာတောင်ကို တူးဖော်ခဲ့ရာ ခွင့်ပြုချက်မရရှိသည့်အတွက် ရပ်ဆိုင်းခြင်းခံရကြောင်း၊ ယင်းအပြင် မိန်ဗလာတောင်ကို တူးဖော်ရန် ကုမ္ပဏီ (၃) ခုကျော် ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း လိုအပ်သည့်အချက်အလက်မပြည့်စုံသောကြောင့် ခွင့်ပြုချက်မပေးခဲ့ကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks