spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းMCL ဘိလပ်မြေစက်ရုံမှ သင်္ဘောကြီးဖြတ်သန်းမှုကြောင့် အတ္တရံမြစ်ကမ်းပါးပြိုကျဟု ဆို

    MCL ဘိလပ်မြေစက်ရုံမှ သင်္ဘောကြီးဖြတ်သန်းမှုကြောင့် အတ္တရံမြစ်ကမ်းပါးပြိုကျဟု ဆို

    -

    MCL ဘိလပ်မြေစက်ရုံမှ သင်္ဘောကြီး တစ်စီး(MNA)

    ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသရှိ MCL ဘိလပ်မြေစက်ရုံမှ သင်္ဘောကြီး နေ့စဉ်ဖြတ်သန်းမှုကြောင့် အတ္တရံမြစ်ကမ်းပါးပြိုံကျမှုဖြစ်လာရသည်ဟု ပျားတောင်ဒေသခံ မင်းမရော့မွန်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ဒီလိုကမ်းပါးပြိုကျမျိုးက အရင်က တစ်ခါမှမမြင်ဖူးဘူး၊ အခု MCL သဘောင်္တွေက တစ်နေ့ ၁၀ ကြိမ်မက ဖြတ်သွားဖြတ်လာနေတော့ ကမ်းပါးမှာဆို အရင်က ဒူးအထိနစ်တဲ့ရွံ့မြေတွေ ရှိတယ်။ အခုအဲ့ရွံ့ပျော့တွေ မရှိတော့ဘူး၊ မာနေတဲ့မြေတွေပဲ ရှိတော့တယ် ဒါဟာ သင်္ဘောကြီးကြောင့်တစ်ခုတည်းပဲ ဖြစ်နိုင်ချေရှိတယ်”ဟု မင်းမရော့မွန်က ပြောသည်။

    MCL ဘိလပ်မြေစက်ရုံကြောင့် ကမ်းပါးပြိုကျခြင်း၊ ကမ်းပါးအနီးအနားရှိ အိမ်များယိမ်းယိုင်သွားခြင်း၊ ရေနေသတ္တဝါများရှားပါးလာခြင်းနှင့် ကျောက်မိုင်းခွဲမှုကြောင့် အိမ်နံရံအချို့ အက်ကွဲသွားသည်ဟု သူက ဆက်ပြောသည်။

    ထို့ပြင် မြစ်အတွင်း ဒေသခံများ ထောင်ထားသည့် ငါးဖမ်းပိုက်ကို သင်္ဘောကြီးနှင့်ချိတ်မိပြီး ကုမ္ပဏီသို့ ဖုန်းဆက်အကြောင်းကြားခဲ့သော်လည်း ပြန်လည်ဖြေရှင်းခြင်းမရှိခဲ့သည့်ဖြစ်စဉ်များလည်း ရှိခဲ့သည်ဟု ၄င်းကဆက်ပြောသည်။

    အလားတူ သင်္ဘောကြီးဖြတ်သန်းသွားလာမှုကြောင့် အတ္တရံမြစ်ကမ်းပါးပြိုကျမှုမဖြစ်ပေါ်စေရန် MCL ဘိလပ်မြေစက်ရုံမှ ရေအပိုင်းကျွမ်းကျင်ပညာရှင်နှင့် ပူးပေါင်းပြီး လုပ်ဆောင်သွားရန်ရှိကြောင်း MCL မန်နေဂျင်းဒါရိုက်တာ ဇူးရတ်ချိုင်းက ပြောသည်။

    “MCL မှာ Plan ရှိတယ် ဒီမြစ်ကြောင်းလမ်းမှာ expert ဖြစ်တဲ့ကုမ္ပဏီတွေကို ငှားပြီးတော့ ဒါမှမဟုတ် ရေပိုင်းကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ သုတေသနလုပ်ဖို့ရှိတယ်၊ ဒီမြစ်ကြောင်းမထိခိုက်အောင် ဆောင်ရွက်ဖို့ အစီစဉ်ရှိပါတယ်”ဟု သူကပြောသည်။

    MCL ဘိလပ်မြေစက်ရုံမှ သင်္ဘောကြီးဖြစ်သန်းသွားမှုကြောင့် အတ္တရံမြစ်ကမ်းပါးပြိုကျမှုဖြစ်ပေါ်ခဲ့သည် ဟုတ်၊ မဟုတ်ကိုလည်း ပူးပေါင်းလုပ်ဆောင်မှုအထဲမှာ သုတေသနပြုလုပ်သွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
    MCL ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးအစား အခြားလောင်စာဖြင့် လည်ပတ်ရန် ဒေသခံတို့က အကြိမ်ကြိမ် ဆန့်ကျင် ကန့်ကွက် တောင်းဆိုခဲ့သော် လည်း ကျောက်မီးသွေးသုံး လောင်စာဖြင့် စက်ရုံကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့က စတင်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။

    ကျောက်မီးသွေးသုံး မော်လမြိုင်ဘိလပ်မြေစက်ရုံသည် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှပ်နှံထားပြီး မြန်မာနိုင်ငံသားပိုင် Pacific Link Cement Industries Ltd. မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ SCG (Siam Cement Group) မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းဖြင့် ပုဂ္ဂလိကအကျိုးတူ ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks