spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်နှစ်ပါတီပေါင်းစည်းရေး အချိန်ကန့်သတ်ထားခြင်းမရှိသော်လည်း သဘောတူညီမှု (၅) ချက်အပေါ် မူတည်နေဟုဆို

    မွန်နှစ်ပါတီပေါင်းစည်းရေး အချိန်ကန့်သတ်ထားခြင်းမရှိသော်လည်း သဘောတူညီမှု (၅) ချက်အပေါ် မူတည်နေဟုဆို

    -

    AMDP-MNP ထိပ်ပိုင်းခေါင်းဆောင်များ နှစ်ပါတီပေါင်းစည်းရေးဆွေးနွေးပွဲ(Facebook)

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP နှစ်ပါတီပေါင်းစည်းရေးကို အချိန်ကန့်သတ်ထားခြင်းမရှိသော်လည်း သဘောတူထားသည့် သဘောတူညီမှု (၅) ချက်အပေါ် မူတည်နေကြောင်း နှစ်ပါတီပြောရေးဆိုခွင့်ရှိသူတွေက ဆိုသည်။

    “ပေါင်းစည်းဖို့က အချိန်တိတိကျကျသတ်မှတ်ထားတာမရှိဘူး၊ ကျွန်တော်တို့သဘောတူထားတဲ့ အချက် (၅) ချက်ကို တစ်ချက်ချင်းစီဆွေးနွေးပြီးရင် နောက်ဆုံးအချက်က ပေါင်းစည်းဖို့ပဲ၊ အချက် ၂ ချက်ကို ကျွန်တော်တို့ သဘောတူထားပြီးသား၊ ဆွေးနွေးဖို့က (၃) ချက်ပဲ ကျန်တယ်”ဟု AMDP တွဲဖက်အတွင်းရေးမှူး(၁) နိုင်စံတင်က ပြောသည်။

    အဆိုပါ ကျန်ရှိနေသည့်အချက် (၃) ချက်အား ရှေ့ဆက်တစ်ပတ်တစ်ကြိမ်၊ နှစ်ပတ်တစ်ကြိမ် ဆွေးနွေးသွားပြီး မကြာမီ ပေါင်းစည်းနိုင်မည်ဟု သူက ဆက်ပြောသည်။

    “ဇွန် ၁၈ ဆွေးနွေးမှုအပေါ် ပြန်သုံးသပ်ကြည့်မယ်ဆိုရင် သူတို့ AMDP ဘက်ကလည်း မြန်မြန်ပေါင်းစည်းလိုတဲ့ ဆန္ဒရှိတဲ့အတွက် အချိန်ဆွဲနေလို့ မရဘူးလို့ ပြောတာရှိတယ်၊ MNP ဘက်ကလည်း ပေါင်းစည်းရေးကိုမြန်မြန်ဖြစ်စေချင်တယ်၊ ဒါပေမယ့် နိုင်ငံရေးအရ စိတ်ရှည်ရမယ် ဆွေးနွေးရမယ်၊ ဘယ်နေ့ ပေါင်းဖြစ်မလဲဆိုတာ သေချာမပြောနိုင်သေးဘူး၊ သဘောတူထားတဲ့ အချက် (၅) ချက် ဆွေးနွေးမှုအပေါ် မူတည်တယ်” MNP အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ဆိုသည်။

    နှစ်ပါတီက ပေါင်းစည်းရေးကို မြန်မြန်ဖြစ်စေချင်သည့်အတွက် သဘောတူထားသည့် ပါတီပေါင်းစည်းရေးမူ အချက် (၅) ချက်ကို ဆွေးနွေးရာတွင်လည်း အခက်အခဲမရှိနိုင်ကြောင်း၊ အကယ်၍ ညှိနှိုင်းရန်ခက်ခဲသည့်အချက်ရှိလာပါက ချန်လှပ်ထားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် နှစ်ပါတီပေါင်းစည်းရေးမူ အချက် (၅) ချက်နှင့် ပေါင်းစည်းရေးအတွက် နှစ်ပါတီမှ လိုအပ်ချက်များကို ပြန်လည်သုံးသပ်၍ လာမည့် ဇွန်လ (၂၄) ရက်နေ့တွင် ပြန်လည်ဆွေးနွေးပြီး တရားဝင်ထုတ်ပြန် သွားဖြစ်မည်ကြောင်း နှစ်ပါတီပြောရေးဆိုခွင့်ရှိသူတွေက ဆိုသည်။

    AMDP နှင့် မွန်အမျိုးသားပါတီ MNP နှစ်ဖက်ပါတီပေါင်းစည်းမှု ဦးဆောင်ကော်မတီ (၅) ဦးစီပါဝင်သော ပါတီထိပ်ပိုင်းခေါင်းဆောင်များ ဇွန်လ ၁၈ ရက်နေ့က မော်လမြိုင်မြို့ရှိ AMDP ဗဟိုဌာနချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks