Homeသတင်းတရားစွဲဆိုခံထားသည့် MNP ပါတီဝင်ဟောင်းသုံးဦးကို လာမည့်အပတ်တွင် ရုံးချိန်းထပ်မံခေါ်ဆို

တရားစွဲဆိုခံထားသည့် MNP ပါတီဝင်ဟောင်းသုံးဦးကို လာမည့်အပတ်တွင် ရုံးချိန်းထပ်မံခေါ်ဆို

-

မွန်အမျိုးသားပါတီ MNP ပါတီဆိုင်းဘုတ်ဖျက်စီးမှုဖြင့် ကျိုက်မရောမြို့နယ် တရားရုံးတွင် စွပ်စွဲခံရသူ ပါတီဝင်ဟောင်း ၃ ဦးအား လာမည့် ဇွန်လ ၂၂ ရက်နေ့တွင် တတိယအကြိမ် ရုံးချိန်းထပ်မံခေါ်ဆိုထားကြောင်း အထက်တန်းရှေ့နေ ဦးအောင်ဆန်းဦးက ပြောသည်။

တရားစွဲခံရသူ ၃ ဦး၏ အကျိုးတော်ဆောင်ရှေ့နေများကို အသစ်ပြန်လည်တင်သွင်းရာတွင် မိစန္ဒာနွန်အတွက် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းနှင့် ဒေါ်အေးအေးမြိုင်၊ မိစုစုမွန်အတွက် အထက်တန်းရှေ့နေ ဦးအောင်ဆန်းဦးနှင့် ဒေါ်ဟန်နဒီ၊ နိုင်ဉာဏ်လင်းအတွက် အထက်တန်းရှေ့နေ ဦးမျိုးဇော်ဦးတို့ လိုက်လံအကျိုးဆောင်ပေးလျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့ပြီးခဲ့အပတ်တုန်းက ဘာကြောင့် ဒီရှေ့နေကိုယ်စားလှယ်လဲရလည်းဆိုတော့ အရင်အပတ်တုန်းက ကျွန်တော်တို့ ဆရာဦးဇော်ဝင်း၊ ဦးမင်းဇော်ဦး၊ ကျွန်တော်အောင်ဆန်းဦးရယ် ပူးတွဲပါဝါတင်သွင်းထားတယ်။ အဲဒါကြောင့် ပါဝါတင်သွင်းတဲ့နေရာမှာ စွပ်စွဲခံရသူသုံးဦးရဲ့ သဘောဆန္ဒအရ သူက သီးခြားရှေ့နေငှားစေချင်တယ်ဆိုလို့ သူက သီးခြားရှေ့နေလိုက်ပါဆောင်ရွက်ရန် တောင်းဆို လာတဲ့အပေါ်မှာ ကျွန်တော်တို့က ပါဝါသုံးခုကို တစ်ယောက်ကို ရှေ့နေတစ်အုပ်စုဆိုပြီးတော့ ကျွန်တော်တို့ ခွဲထုတ်လိုက်ရတာပေါ့နော်။ ဒါကတော့ သူတို့ရဲ့ ဆန္ဒအရပါ။ တရားရုံးဖက်ကလည်း ကျေနယ်တယ်”ဟု ဦးအောင်ဆန်းဦးက ရှင်းပြသည်။

သို့ရာတွင် ယနေ့ကျိုက်မရောတရားရုံး၌ ဒုတိယအကြိမ် ရုံးချိန်းအပြီးတွင် တရားလိုဘက်မှ ရှေ့နေများကို မေးမြန်းခဲ့သော်လည်း အမှုထပ်မံစစ်ဆေးရမည်ဖြစ်၍ ပြန်လည်ဖြေကြားပေးရန် အချိန်မရှိသေးကြောင်း ငြင်းဆန်ခဲ့သည်။

တရားစွဲခံရသူ ၃ ဦး(ညာဘက်) နှင့် ဝန်းရံသူ(MNA)

စွပ်စွဲခံရသူ မိစန္ဒာနွန်နှင့် မိစုမွန်တို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၀ အသရေဖျက်မှု၊ ၄၂၇ အကျိုးဖျက်စီးမှုနှင့် ၁၁၄ ပူးတွဲကြံစည်မှုတို့ဖြင့် စွဲဆိုထားပြီး နိုင်ညာဏ်လင်းကိုမူ ရာဇသတ်ကြီးပုဒ်မ ၄၂၇ အကျိုးဖျက်စီးမှုဖြင့် စွဲဆိုထားခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts