spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးလူထုစကားဝိုင်း ရေးမြို့တွင် ကျင်းပပြုလုပ်မည်

    ငြိမ်းချမ်းရေးလူထုစကားဝိုင်း ရေးမြို့တွင် ကျင်းပပြုလုပ်မည်

    -

    ရေးမြို့ ငြိမ်းချမ်းရေးလူထုစကားဝိုင်း ပိုစတာ(Copy)

    ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကို ပြည်သူလူထု သိရှိစေရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်သူလူထုမှ ပူးပေါင်းပါဝင်ရန်နှင့် ပြည်သူ့အသံ ဖော်ပြနိုင်ရန်ရည်ရွယ်ချက်ဖြင့် မွန်ပြည်နယ်၊ ရေးမြို့၊ မွန်ဓမ္မာရုံ၌ မေလ ၁၇ ရက်နေ့(တနင်္လာနေ့) တွင် ငြိမ်းချမ်းရေးလူထုစကားဝိုင်း ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း စီစဉ်သူများထံမှသိရသည်။

    အဆိုပါ ငြိမ်းချမ်းရေးလူထုစကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဌ နိုင်ဟံသာ၊ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် မင်းကျော်ဇေယျာဦး(မွန်အမျိုးသားပါတီ)၊ နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ဦးဌေးသိန်း (ခ) နောင်ကျော်၊ တကောင်း နိုင်ငံရေး လေ့လာမှုအရပ်ဘက် အဖွဲ့အစည်းမှ ဦးရဲမျိုးဟိန်းနှင့် စကားဝိုင်းကူညီပံ့ပိုးသူ Moderator မင်းအောင်ထူး ဆောင်ရွက်မည်ဖြစ်ကြောင်း ကျင်းပရေးဖိတ်ကြားစာတွင် ဖော်ပြထားသည်။

    ငြိမ်းချမ်းရေးလူထုစကားဝိုင်း ဦးဆောင်သူ ရေးမြို့ခံ ဒေါ်ဝင်းတိမ်လွှာက “ကျနော်တို့ ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါတယ်၊ ဖိတ်စာတွေကိုလည်း ဝေငှနေပါတယ်၊ ပါဝင်တက်ရောက်ဖို့ အားလုံးကို ဖိတ်ကြားပါတယ်၊ မွန်ဓမ္မာရုံမှာ လာမယ့် တနင်္ဂနွေနေ့ မနက် ၉ နာရီမှာ စကားဝိုင်း စပါမယ် ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အချက်အလက် Survey Form များကောက်ယူခြင်း၊ ထိုသို့ ရရှိသော အချက်အလက်များ၊ ပြည်သူ့ အသံများကို စုစည်းပြီး ငြိမ်းချမ်းရေး အကောင်အထည် ဖော်နေသော လုပ်ငန်းစဉ် အဆင့်ဆင့်တိုင်းရှိ သက်ဆိုင်ရာဌာနများသို့ ပေးပို့ခြင်း၊ ငြိမ်းချမ်းရေးသည် ပြည်သူလူထုအားလုံးနှင့် သက်ဆိုင်သည့်အတွက် မွန်ပြည်နယ်အတွင်းရှိ ဒေသခံအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း လူထုစကားဝိုင်းစီစဉ်သူ နိုင်ကိုသူက ပြောသည်။

    “ မွန်ပြည်နယ်မှာသာမက အခြား ပြည်နယ်နဲ့ တိုင်းတွေမှာလည်း “ငြိမ်းချမ်းရေးသို့ လူထုအသံ” စကားဝိုင်းပွဲတွေကို ဒေသခံ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ဆက်လျက် ကျင်းပပြုလုပ်သွားဖို့ အစီစဉ်တွေလည်း ရှိပါတယ်၊ ပြည်သူ့ အသံများမှ တဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကောင်ထည်ဖော် ဆောင်ရွက်ရာမှာ အထောက် အကူဖြစ်စေဖို့ ရည်ရွယ်ပြီး ကြိုးစား လုပ်ဆောင်နေတာပါ” ဟု နိုင်ကိုသူက ဆိုသည်။

    အလားတူ ငြိမ်းချမ်းရေးသို့ လူထုအသံ” ငြိမ်းချမ်းရေး လူထု စကားဝိုင်း” ကို ၂၀၁၇ ခုနှစ် ဇွန်လတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ချမ်းသာကြီး မင်္ဂလာခန်းမတွင် ကျင်းပပြုခဲ့ကြပြီး JMC အဖွဲဝင် ဦးကိုကိုကြီး ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)၊ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် တာလှဖေ (တအာင်း-ပလောင် အမျိုးသားပါတီ) ၊မင်းကျော်ဇေယျာဦး(မွန်အမျိုးသားပါတီ)၊ ဒေါ်ခင်မမမျိုး (နိုင်ငံရေး လေ့လာသူ) တို့က လက်ရှိဖြစ်ပေါ်နေသော ငြိမ်းချမ်းရေး ဖြစ်စဉ်များ အပေါ် သုံးသပ်ဟောပြော ဆွေးနွေးခဲ့ကြောင်း သတင်းများတွင် ရေးသားဖော်ပြခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks