spot_img
Saturday, January 31, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ပြည်နယ်များဖွဲ့စည်းပုံရေးဆွဲရေး တောင်းဆိုသင့်

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ပြည်နယ်များဖွဲ့စည်းပုံရေးဆွဲရေး တောင်းဆိုသင့်

    -

    ကျနု်ပ်တို့နိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်သည် တည်ငြိမ်အေးချမ်းမှု မရှိသေးပါ၊ နည်းမျိုးစုံသော ပဋိပက္ခပြဿနာ များကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးရာတွင် အမြင်ချင်းမတူညီကြ၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကြန့်ကြာနေခြင်းဖြစ်သည်။ သူဖက် ကိုယ့်ဖက် လွန်ဆွဲနေသည့်သဘောလည်း ရှိနေသည်။

    စစ်တပ်၏ပြောဆိုမှုက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ ပြည်ထောင်စုမှ ခွဲမထွက်ရေးမူကို ဝန်ခံကတိလက်မှတ်ရေးထိုးရမည်ဖြစ်သည်။ ၎င်းတို့၏ ဆိုလိုရင်းမှာ ဝန်ခံကတိ လက်မှတ် အရင်ထိုးရမည်။ သို့သော် တိုင်းရင်းသားများက ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသည့် မိမိတို့ကံကြမ္မာ မိမိတို့ဖန်တီးခွင့် ရှင်းရှင်းလင်းလင်း တာဝန်ခံမှု မရှိသရွေ့ ဝန်ခံကတိ လက်မှတ်ထိုးမည် မဟုတ်သလို ကတိလည်းပေးနိုင်ပေးနိုင်မည်မဟုတ်ကြောင်း အတိအလင်း ပြောဆိုခဲ့ပြီးဖြစ်သည်။

    တိုင်းရင်းသားများလိုလားကြသော အဓိကအာမခံချက်က မိမိတို့ကံကြမ္မာ မိမိတို့ကိုယ်တိုင် ဖန်တီးခွင့်ရှိရမည် ဖြစ်ပြီး ဗမာလူမျိုးနှင့် တန်းတူအခွင့်အရေး ရှိရမည်။ ပြည်နယ်ကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဖြစ်ပြီး ဗမာလူမျိုးအတွက်လည်း ဗမာပြည်နယ်တစ်ခုရှိမှသာ တန်းတူရေးဆိုသည့် အခွင့်အရေး ရရှိလာနိုင်မည်။

     ထို့ကြောင့် မွန်ပြည်သစ်အပါအဝင် အခြားသော လက်နက်ကိုင်တိုင်းသားအဖွဲ့အစည်း နှင့်တိုင်းရင်းသား နိုင်ငံရေးပါတီများ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်မည်ဆိုပါက မိမိတို့ကံကြမ္မာ မိမိတို့ဖန်တီးနိုင်ရေးအတွက် မိမိတို့နှင့်သက်ဆိုင်သော ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ တောင်းဆိုသွားရန် အထူးပင်လိုအပ်ပါသည်။ ပြီးခဲ့တဲ့ငြိမ်းချမ်းရေး ညီလာခံတွင်  ပြည်ထောင်စု သဘောတူညီချက်စာချုပ် Union Accords ရရှိခဲ့သော်လည်း ဆိုင်ရာ ဆိုင်ရာပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးနှင့်ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ မရှိခဲ့ပေ။

    ပြည်ထောင်စုမှ “ခွဲမထွက်ရ” ဆိုသည့် တောင်းဆိုချက်ကို အခြားတဖက်ကပြန်ကြည့်မည်ဆိုလျင် တိုင်းရင်းသားများ ခွဲထွက်လိုသည့်ဆန္ဒမရှိအောင် ပြည်ထောင်စုအတွင်းမှာ အတူတကွနေချင်သည့် ဆန္ဒရှိအောင် ဖန်တီးပေးမည်ဆိုပါက မည်သည့်တိုင်းရင်းသားမှ ပြည်ထောင်စုမှ ခွဲထွက်စရာအကြောင်းမရှိပါ။ တိုင်းရင်းသားများ၏ဆန္ဒအတိုင်း တန်းတူအခွင့်ရေးနှင့် မိမိတိုကံကြမ္မာ မိမိတို့ဖန်တီးခွင့်ဆိုသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တပ်မတော်ဖက်က ရိုးသားစွာ အသိမှတ်ပြုမည်ဆိုပါက “ခွဲမထွက်ရ”ဆိုသည်ကို ပြောစရာမလိုတော့ပေ။

    တိုင်းရင်းသားများ၏ ဘုံသဘောတူညီချက်မှာ လူမျိုးကိုအခြေခံသော အမျိုးသားပြည်နယ်များနှင့် ဖွဲ့စည်းထားသောဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရန်ဖြစ်ပြီး ပထဝီအနေအထားကို အခြေမခံသောပြည်ထောင်စုဖြစ်သည်။ တစ်ချို့ဒေသတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်သောဒေသ ဖြစ်ပါက အမျိုးသားများပြည်နယ်အဖြစ် ဖွဲ့စည်းပေးရမည်ဖြစ်ပါသည်။

    တိုင်းရင်းသားများ မိမိတို့သက်ဆိုင်ရာပြည်နယ် ဖွဲ့စည်းအုပ်ချုပ်ပုံကို ရေးဆွဲ အတည်ပြုပြီးပါက ဖက်ဒရယ်မူကို ပြန်လည်ညှိနှိုင်းဆွေးနွေးရမည်။ ဗမာလူမျိုးအနေနှင့်လည်း ဗမာပြည်နယ်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲရမည်။ ထိုပြည်နယ်များဖြင့် စုပေါင်းညီညာ အေးအတူ ပူအမျှ နေထိုင်သွားမည်ဆိုပါက ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်အဖြစ် ရပ်တည်သွားနိုင်မည်ဖြစ်ကြောင်း ရှုမြင်ပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks