Wednesday, May 6, 2026
More
    spot_img
    Homeသတင်း၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် လုံခြုံရေးကဏ္ဍဆွေးနွေးမည်

    ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် လုံခြုံရေးကဏ္ဍဆွေးနွေးမည်

    -

    NCA-S EAO အစည်းအဝေး(nca-s eao)

    လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး) တွင် လုံခြုံရေးကဏ္ဍကို ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း NCA-S EAO ခေါင်းဆောင်များက ပြောသည်။

    NCA-S EAO မှ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်က “ အခုလာမယ့် ညီလာခံမှာ လုံခြုံရေးဏ္ဍကိုလည်း ထည့်သွင်းဆွေးနွေးမယ်၊ ကဏ္ဍ ၅ ခုလုံး ဆွေးနွေးမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

    ပြီးခဲ့သည့် ၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး) တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် စသည့်ကဏ္ဍကြီး ၅ ရပ်ကို ၅ နေရာသီးသန့်ခွဲ၍ ဆွေးနွေးခဲ့သော်လည်း လုံခြုံရေးကဏ္ဍ၌ တစ်ခုတည်းသော တပ်မတော်ထားရှိရေးနှင့်ပတ်သက်၍ တပ်မတော်အစုအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့တို့ အငြင်းပွားမှုဖြစ်ပြီး ဆွေးနွေးမှု ရပ်ဆိုင်းလိုက်သည်ကို တွေ့ရှိခဲ့ရသည်။

    ထို့အပြင် နိုင်ငံရေးကဏ္ဍ၌ “ခွဲမထွက်ရ” ဟူသည့်ကိစ္စတွင် ရှေ့မတိုးနိုင်ဘဲ တစ်ဆို့မှုများဖြစ်ပေါ်ကာ ညီလာခံကျင်းပနေစဉ် ၂ ရက်တိတိ ရပ်နားလိုက်ရသည့်ဖြစ်စဉ်များ ရှိခဲ့သည်။

    အလားတူ DDR-လက်နက်ဖြုတ်၊တပ်ဖျက်သိမ်း ပေါင်းစည်းခြင်းနှင့် SSR လုံခြုံအခန်းကဏ္ဍပြုပြင်ပြောင်းလဲခြင်းတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား မကြာသေးမီက အလွတ်သဘောဆွေးနွေးမှုများ၌ သဘောတူညီချက်မရရှိသေးဘဲ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ဖျက်သိမ်းပေးရန်ပုံစံမျိုး တပ်မတော်ဘက်က ပြောဆိုခဲ့သည်ဟု မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက ဆိုသည်။

    မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက “တပ်မတော်ဘက်ကတော့ သူတို့တပ်ကိုပဲ အခိုင်အမာထားချင်တယ်၊ တိုင်းရင်းသားတွေရဲ့တပ်ကို ဖျက်ဆီးလိုက်ချင်တဲ့သဘောရှိနေတာပေါ့လေ၊ အဲဒီမှာ တစ်ဆို့မှုတွေ ရှိနေတယ်” ဟု ပြောသည်။

    သို့ရာတွင် လာမည့်ငြိမ်းချမ်းရေးညီလာခံ၌ ပြည်နယ်များ၏ “ခွဲမထွက်ရ” ဆိုသော အငြင်းပွားစရာကိစ္စရပ်များ ဆွေးနွေးမည်မဟုတ်ကြောင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များက ပြောကြားခဲ့သည်။

    ၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး) ကို ဇွန်လ ၃၀ ရက်နေ့မှစတင်၍ ၅ ရက်ကြာကျင်းပရန် အကြမ်းဖျဉ်းလျာထားပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေးတွင် ဆက်လက်အတည်ပြုရမည်ဟု ညီလာခံလမ်းညွှန်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks