spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားစာသင်ကျောင်းများအား ကျပ်သိန်း (၅၀၀) ကူညီထောက်ပံ့ရန် မွန်လွှတ်တော်တင်ပြ

    မွန်အမျိုးသားစာသင်ကျောင်းများအား ကျပ်သိန်း (၅၀၀) ကူညီထောက်ပံ့ရန် မွန်လွှတ်တော်တင်ပြ

    -

    မွန်ပြည်နယ်အတွင်းရှိ မွန်အမျိုးသားစာသင်ကျောင်းများ ပြုပြင်ခြင်းနှင့် လိုအပ်သောကျောင်းသုံးပရိဘောဂများအတွက် ငွေကျပ်သိန်း (၅၀၀) ထောက်ပံ့ခွင့်ပြုပေးရန် မွန်ပြည်နယ်အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ထံမှ သိရသည်။

    ၂၀၁၈ ခုနှစ် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ရန်ပုံငွေမှ မွန်တိုင်းရင်းသားတို့၏ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများထောက်ပံ့ရေးမှ ကျန်ရှိနေသည့် ကျပ်သိန်း ၅၀၀ ကို မွန်အမျိုးသားပညာရေးကျောင်းများ ကူညီထောက်ပံ့ခွင့်ပြုရန် တင်ပြခြင်းဖြစ်သည်ဟု မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    “မွန်အမျိုးသားကျောင်းကနေ စာနဲ့တင်ပြလာတယ်၊ သူတို့ ကျောင်းမှာ လိုအပ်ချက်တွေကို ပြုပြင်ဖို့အတွက် ကျပ်သိန်း ၅၀၀ တောင်းခံလာတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    အဆိုပါတင်ပြစာတွင် ဒေါက်တာအောင်နိုင်ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း နှင့် ရေးမြို့နယ်၊ အမှတ် (၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းတို့ ပါဝင်လက်မှတ်ရေးထိုးထားကြောင်း သိရသည်။

    ထို့အပြင် မွန်စာရေးဆရာများအသင်းအတွက်သော်လည်းကောင်း၊ မွန်သဒ္ဒါစာအုပ် ထုတ်ရန်အတွက် သော်လည်းကောင်း ကျန်ရှိနေသည့် ရန်ပုံငွေများကို ခွဲဝေသုံးစွဲရမည်ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    “ပြည်နယ် အစိုးရအတည်ပြုပေးမယ်လို့ မျှော်လင့်တယ်၊ ဒီကြားထဲမှာ ကျန်တဲ့လုပ်ငန်းတွေကလည်းရှိသေးတယ်၊ မွန်စာရေးဆရာအသင်း ကိစ္စတွေလည်းရှိတယ်၊ နောက်တစ်ခုက မွန်သဒ္ဒါစာအုပ်ထုတ်ဖို့လည်း ရှိသေးတယ်၊ ရန်ပုံငွေက နည်းတယ်ဆိုတော့ လောလောဆယ် ခွဲဝေသုံးရမယ်” ဟု ၄င်းက ဆက်ပြောသည်။

    ခြံစည်းရိုးပြုလုပ်ခြင်း၊ ခန်းဆီးနံရံပြုလုပ်ခြင်း၊ အမိုးလုပ်ငန်း၊ မျက်နှာကျက်လုပ်ငန်း၊ အချောသပ်လုပ်ငန်း၊ သစ်သားကြမ်းခင်းလုပ်ငန်းနှင့် တံခါးပြတင်းပေါက်ပြုလုပ်ရန်အပ်သည့် စာသင်ကျောင်းများ၌ သံဖြူဇရပ်မြို့နယ်တွင် (၂) ကျောင်း၊ မုဒုံမြို့နယ်တွင် (၂) ကျောင်းနှင့် ရေးမြို့နယ်တွင် (၃) ကျောင်း ပါဝည်သည်ဟု မွန်အမျိုးသားပညာရေးကော်မတီထံမှ သိရသည်။

    ယမန်နှစ်တွင်လည်း မွန်စာသင်ကျောင်း (၁၃၀) ကျော်အတွက် မွန်ပြည်နယ်လွှတ်တော်မှတစ်ဆင့် ပြည်ထောင်စုအစိုးရထံသို့ ထောက်ပံ့ငွေကျပ်သိန်း (၈၀၀) တောင်းခံရရှိခဲ့ကြောင်း သတင်းမှတ်တမ်းများတွင် တွေ့ရှိရသည်။

    မုဒုံမြို့နယ်မှ မွန်အမျိုးသားစာသင်ကျောင်းတစ်ခု(Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks