Homeသတင်းကျိုက်ထိုမြို့နယ်လမ်းခင်းကျောက်မိုင်းလုပ်ငန်းများ ယာယီပိတ်သိမ်းထားသည်ဟု မွန်ဝန်ကြီးချုပ်ဆို

ကျိုက်ထိုမြို့နယ်လမ်းခင်းကျောက်မိုင်းလုပ်ငန်းများ ယာယီပိတ်သိမ်းထားသည်ဟု မွန်ဝန်ကြီးချုပ်ဆို

-

ကျိုက်ထိုမြို့နယ် လမ်းခင်းကျောက်မိုင်းတနေရာ(Nay Min)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ လမ်းခင်းကျောက်ထုတ်လုပ်ငန်း(ကျောက်မိုင်း) များ ယာယီပိတ်သိမ်း၍ Environmental Management Plan-EMP ရေးဆွဲတင်ပြပြီးမှသာ ပြန်လည်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

“အဲဒီ ကမ်းနီ ကျေးရွာအုပ်စုနဲ့ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုတွေမှာ ရှိတဲ့ ကျောက်မိုင်းတွေကို မေလ ၂၆ ရက်နေ့ကတည်းက ယာယီပိတ်သိမ်းခိုင်းထားပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

အဆိုပါကျောက်မိုင်းများနှင့်ပတ်သက်၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒဿမပုံမှန်အစည်းအဝေး(မေ ၂၉ ရက်)ပထမနေ့အပြီး မီဒီယာများ မေးမြန်းမှုကို ၎င်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်က ကျိုက်ထိုမှာရှိတဲ့ NLD အတွင်းရေးမှူးကို လှမ်းမေးတော့ သူက ဓါတ်ပုံရိုက်ပြတယ်၊ ဒီလောက်ကြီးနေပါလား အခုမှဘဲသိတယ်။ အဲဒါနဲ့ချက်ချင်းပဲ ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာအုပ်စုနဲ့ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုမှ ရှိနေကြတဲ့ ကျောက်မိုင်းတွေကို သထုံခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ကျိုက်ထိုမြို့နယ်အုပ်ချုပ်ရေးမှူးကို ချက်ချင်းစစ်ဆေးခိုင်းခဲ့ပါတယ်”ဟု ဒေါက်တာအေးဇံက ပြောသည်။

ထို့အပြင် ပေါင်မြို့နယ်အတွင်းရှိ ကျောက်မိုင်းများကိုပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို စစ်ဆေးခိုင်းထားပြီး အချို့ကျောက်မိုင်းများက သဘာဝပတ်ဝန်းကျင်ဥပဒေ နားလည်ထားခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

အလားတူ မေလ ၂၈ ရက်က ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လမ်းခင်းကျောက်ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များတွေ့ဆုံခဲ့ပြီး EMP ရေးဆွဲတင်ပြရန်နှင့် တင်ပြခြင်းမရှိသော ကျောက်ထုတ်လုပ်ငန်းများ လိုင်စင်သက်တမ်းတိုးပေးမည်မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု ဆိုသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း လမ်းခင်းကျောက်မျိုးစုံ ထုတ်လုပ်နေသည့် လုပ်ငန်းရှင် ၅၇ ဦးရှိသည့်အနက် EMP ရေးဆွဲတင်ပြနိုင်သူ ၁၅ ဦးသာရှိကြောင်း၊ ယမန်နှစ်တွင် လိပ်သဲကျောက်မိုင်း ၅၂ မိုင်းနှင့် ဂဝံမိုင်း ၂ မိုင်း လိုင်စင်ချထားပေးကြောင်း ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ စာရင်းအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts