spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားပါတီတရားစွဲဆိုထားသည့် ပါတီဝင်ဟောင်း ၃ ဦးအာမခံရရှိ

    မွန်အမျိုးသားပါတီတရားစွဲဆိုထားသည့် ပါတီဝင်ဟောင်း ၃ ဦးအာမခံရရှိ

    -


    တရားစွဲဆိုခံထားရသူများ(အလယ်လူ ၃ ဦး)နှင့် ဝန်းရံသူအချို့(MNA)

    မွန်အမျိုးသားပါတီ MNP မှ တရားစွဲဆိုထားသည့် ပါတီဝင်ဟောင်းသုံးဦးတို့အား ဇွန်လ ၁ ရက်နေ့ ပထမအကြိမ်ရုံးချိန်း၌ ကျိုက်မရောမြို့နယ်တရားရုံးက အာမခံပေးခဲ့သည်ဟု ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်သူ ဦးဇော်ဝင်းက ပြောသည်။

    “တရားစွဲဆိုခံသုံးဦးအတွက် ကျွန်တော်တို့ အာမခံလျှောက်ပါတယ်။ တရားရုံးကလည်း ၅ သိန်းတန် တစ်ယောက်စီ အာမခံပေးပါတယ်။ နောက်ရုံးချိန်းကတော့ ဇွန်လ ၁၅ ရက်နေ့မှာပါ”ဟု စွပ်စွဲခံရသူဘက်မှ တရားလွှတ်တော် ရှေ့နေ ဦးဇော်ဝင်းက ပြောသည်။

    ကျိုက်မရောမြို့နယ်၊ ကျွန်းရွာ၌ စိုက်ထူထားသည့် မွန်အမျိုးသားပါတီ ဆိုင်းဘုတ်ဖျက်ဆီးခဲ့သည့် ပါတီဝင်ဟောင်း မိစန္ဒာနွန်၊ မိစုမွန်နှင့် နိုင်ဉာဏ်လင်းတို့အား ပါတီဂုဏ်သိက္ခာကျဆင်းစေသည့်အတွက် ပညာပေးသည့်အနေဖြင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ပန်းအောင်က ပြောသည်။

    နိုင်ပန်းအောင်က “ဒီနေ့စွဲချက်တင်ထားတဲ့အပေါ်မှာ တရားရုံးရောက်နေပြီးဆိုတဲ့အတွက် ကျွန်တော်တို့ဟာ တရားရုံးကို ယုံကြည်ပြီးတော့ ကျွန်တော်တို့ ဖြစ်ပျက်တဲ့အပေါ်မှာ တရားရုံးအဆုံးအဖြတ်ကို ကျွန်တော်တို့ ရယူဖို့ ကျွန်တော်အပါအဝင် ပါတီဗဟိုကော်မတီကလည်း ဆုံးဖြတ်ချက် ချထားပြီးသားပါ”ဟု ပြောသည်။

    သို့ရာတွင် လတ်တလောအခြေအနေတွင် စွပ်စွဲခံရသည့်အဆင့်သာရှိသေးပြီး မိမိတို့ချေပပိုင်ခွင့်ရှိသေးသည့်အပြင် စွပ်စွဲခံထားရသည့် ပုဒ်မသုံးခုကိုလည်း ဥပဒေအတိုင်း ဖြေရှင်းသွားမည်ဖြစ်ကြောင်း စွပ်စွဲခံရသူ မိစန္ဒာနွန်က မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

    အဆိုပါ မွန်အမျိုးသားပါတီဝင်ဟောင်း ၃ ဦးတို့အား အသရေဖျက်မှု/အကျိုးဖျက်စီးမှု/ပူးပေါင်းကြံစည်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၀/၄၂၇/၁၁၄ တို့ဖြင့်တရားစွဲဆိုထားခြင်းဖြစ်ပြီး ပြစ်ဒဏ်ထင်ရှားပါက ၂ နှစ်အထိထောင်ဒဏ်နှင့် ငွေဒဏ်များပါကျခံနိုင်ရကြောင်း ဥပဒေပညာရှင်များထံမှ သိရသည်။

    ယင်းပထမအကြိမ်ရုံးချိန်း၌ တရားစွဲဆိုခံရသူများအပြင် ဝန်းရံသူအင်အား ၁၀၀ နီးပါးခန့် ကျိုက်မရောတရားရုံးသို့ လာရောက်ခဲ့ကြောင်း ယုံကြည်ရသည့် ၄င်းတို့၏ Fackbook ဓါတ်ပုံလှုပ်များတွင် တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks