spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမွန်နိုင်ငံရေးညီလာခံက မွန်ကိုယ်စားပြုပါတီဖြစ်မြောက်ရေးကော်မတီ (၂၁) ဦးနှင့် အကြံပေး ၂၇ ဦးဖွဲ့စည်း

    မွန်နိုင်ငံရေးညီလာခံက မွန်ကိုယ်စားပြုပါတီဖြစ်မြောက်ရေးကော်မတီ (၂၁) ဦးနှင့် အကြံပေး ၂၇ ဦးဖွဲ့စည်း

    -

    ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံနောက်ဆုံးနေ့တွင် မွန်အမျိုးသားကိုယ်စားပြုပါတီ ဖြစ်မြောက်ရေးကော်မတီ (၂၁) ဦးနှင့် နိုင်ငံရေးအကြံပေးကော်မတီ ၂၇ ဦးကို ဖွဲ့စည်းခဲ့ကြောင်း ဒု-ခေါင်းဆောင် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    အဆိုပါ (၂၁) ဦးကော်မတီတွင် ခေါင်းဆောင် နိုင်တလညီ၊ ဒု-ခေါင်းဆောင် ဒေါက်တာအောင်နိုင်ဦး အဖွဲ့ဝင်များတွင် ဒေါက်တာမင်းစိုးလင်း၊ နိုင်ရဲဇော်၊ နိုင်မွန်ရာဇာ၊ မိစု၊ မိစန္ဒာနွန်၊ မိကျဲလိုင် အပါအဝင် စုစုပေါင်း (၂၁) ဦး ပါဝင်သည်ဟု ၄င်းက ဆိုသည်။

    “တရားဝင်ပါတီအဖြစ် ရပ်တည်နိုင်ဖို့အတွက် ပါတီမှတ်ပုံတင်ဖို့နဲ့ ညီလာခံကနေအတည်ပြုထားတဲ့ ပါတီစည်းမျဉ်းဥပဒေတွေကိုလည်း အထွေထွေရွေးကောက်ပွဲကော်မရှင်ကိုတင်ရမယ်”ဟု သူက ပြောသည်။

    ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံ(MNA)

    သို့ရာတွင် ကော်မတီ (၂၇) ဦးအကြံပေးအဖွဲ့၏ကြီးကြပ်မှုဖြင့် (၂၁) ဦးကော်မတီက သင့်တော်မည့်အချိန်တွင် မွန်ကိုယ်စားပြုပါတီ တရားဝင်မှတ်ပုံတင်၍ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ညီလာခံမှတ်တမ်းတင်သူ မင်းဉာဏ်စိုက်ရာမာဉ်က ဆိုသည်။

    “မွန်တစ်ပါတီဖြစ်ပေါ်လာဖို့အတွက် မွန် ၂ ပါတီ(MNP-AMDP) နဲ့ ၂၁ ဦးဖော်ဆောင်ရေးကော်မတီ ဆွေးနွေးတဲ့အခါမှာလည်း ၂၇ ဦးအကြံပေးကော်မတီက အလယ်ဒိုင်တစ်ခုလို ရပ်တည်ပေးသွားဖို့ ဆုံးဖြတ်ထားတယ်” ဟု မင်းဉာဏ်စိုက်ရာမာဉ်က ပြောသည်။

    ၄င်းက ညီလာခံမှ အချက်(၆) ချက်ဆုံးဖြတ်ထားသော်လည်း အရေးကြီးသည့်အချက်များမှာ မွန်ကိုယ်စားပြုပါတီ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေမူကြမ်း အတည်ပြုခြင်း၊ မွန်အမျိုးသားကိုယ်စားပြုပါတီဖြစ်မြောက်ရေး ၂၁ ဦးကော်မတီ အတည်ပြုခြင်း၊ နိုင်ငံရေးအကြံပေး ကော်မတီ ၂၇ ဦးအား အတည်ပြုခြင်း၊ နိုင်ငံရေးပါတီများနှင့် ဆွေးနွေးရာတွင် အကြံပေးကော်မတီ၂၇ ဦးကြီးကြပ်မှုဖြင့် ၂၁ ဦးကော်မတီမှ မွန်အမျိုးသားပါတီတစ်ရပ်ပေါ်ထွန်းရေး ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

    အဆိုပါညီလာခံ နောက်ဆုံးနေ့တွင် အထင်ကရမွန်ဆရာတော်များ၊ မွန်နိုင်ငံရေးအစုအဖွဲ့များ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ အနုပညာရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့များ၊ မွန်အမျိုးသမီးများနှင့် ဖိတ်ကြားသင့်သူများ စုစုပေါင်း (၆၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts