spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမိမိတို့ကြမ္မာ မဖန်တီးနိုင်သေးသည့်ကာလတွင် မွန်တစ်ပါတီသာရှိသင့်ဟု နိုင်ဟံသာပြော

    မိမိတို့ကြမ္မာ မဖန်တီးနိုင်သေးသည့်ကာလတွင် မွန်တစ်ပါတီသာရှိသင့်ဟု နိုင်ဟံသာပြော

    -

    မိမိတို့ကြမ္မာ မိမိတို့ဖန်တီးခွင့်မရှိသေးသည့်ကာလတွင် ရွေးကောက်ပွဲဝင်သည့် မွန်တစ်ပါတီသာရှိသင့်ကြောင်း မေလ ၁၂ ရက်နေ့က မော်လမြိုင်မြို့၊ လဝီမာန်သာသနာ ၂၅၀၀ ကျောင်းတွင် စတင်ကျင်းပသော ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံဖွင့်ပွဲ၌ သဘာပတိအဖွဲ့ဝင်အဖြစ်ဆောင်ရွက်သည့် မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ဟံသာ ပြောကြားလိုက်သည်။

    နိုင်ဟံသာက “မွန်တစ်ပါတီဖြစ်မှလည်း စည်းလုံးညီညွတ်မှုရှိကြမယ်၊ စည်းလုံးညီညွတ်မှလည်း မိမိကြမ္မာကို မိမိတို့အမြန်ဖန်တီးနိုင်လိမ့်မယ်၊ ဒါကြောင့် ပြန့်ကြဲနေတဲ့ မိမိတို့အင်အားစုတွေ ပြန်လည်စုစည်းနိုင်ဖို့အတွက် အတိတ်ကပုဂ္ဂိုလ်ရေးဘဲဖြစ်ဖြစ် တစ်ဖွဲ့နဲ့တစ်ဖွဲ့ဘဲဖြစ်ဖြစ် ပဋိပက္ခတွေကို မေ့ပျောက်ပစ်လိုက်ပြီးတော့ ပြန်လည်ပေါင်းစည်းရေးတံခါးတွေကို ပိတ်မထားပါနဲ့လို့ တိုက်တွန်းချင်တယ်” ဟု ပြောသည်။

    ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံကျင်းပနေစဉ်(MNA)

    သို့ရာတွင် မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှစ်ပါတီပေါင်းစည်းရေးအတွက် မွန်ပြည်သစ်ပါတီ NMSP ကြိုးပမ်းလျက်ရှိရာ ၂၀၁၈ ခုနှစ်အကုန်တွင် မပေါင်းစည်းဖြစ်ပါက သဘောထားပြောင်းလဲ၍ နည်းလမ်းသစ်ရှာသွားမည်ဟုလည်း ၄င်းက ဆိုသည်။

    “အခုထိတော့ နှစ်ပါတီပေါင်းစည်းရေးကို ကျွန်တော်တို့ကြိုးပမ်းနေတယ်၊ ကျွန်တော်တို့ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ်ထားတာက ၂၀၁၈ ကုန်တဲ့အထိ နှစ်ပါတီမပေါင်းဖြစ်ရင် ကျွန်တော်တို့က နောက်နည်းလမ်းတစ်ခု ရှာရတော့မယ်၊ သဘောကတော့ သူတို့ကိုချန်ထားခဲ့ရင်လည်း ချန်ထားလိုက်မယ်” ဟု နိုင်ဟံသာက ဆက်ပြောသည်။

    ထို့အပြင် မကြာမီသီတင်းပတ်အတွင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးပြီးစီးသည့်အခါ ၄င်းနှစ်ပါတီအား ထပ်မံတွေ့ဆုံပြီး မွန်နိုင်ငံရေးပါတီ ညီညွတ်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ဆိုသည်။

    အဆိုပါ ၃ ရက်ကြာ ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံတွင် မွန်အမျိုးသား ကိုယ်စားပြုပါတီ ဖွဲ့စည်းပုံစည်းမျဉ်းမူကြမ်း အတည်ပြုခြင်းနှင့် မွန်အမျိုးသားကိုယ်စားပြုပါတီဖော်ဆောင်ရေး ဆွေးနွေးဆုံးဖြတ်သွားမည်ဟု ကျင်းပရေးကော်မတီ အတွင်းရေးမှူး မိချယ်ရီစိုးက ပြောသည်။

    “ကျွန်မတို့ မွန်လူမျိုးထဲမှာ တစ်ပါတီပဲရှိရမယ်၊ အဲ့ရှိတဲ့တစ်ပါတီကလည်း မွန်အမျိုးသားကိုယ်စားပြုတဲ့ဖြစ်လာဖို့အတွက် မွန်လူထုနှင့် အများကြီးသက်ဆိုင်တယ်၊ ကိိုယ့်ရဲ့အမြင် ကိုယ့်ရဲ့ခေါင်းဆောင်ကို ပေးချင်တဲ့အကြောင်းအရာကို ဒီကတဆင့်ပေးဆောင်နိုင်တဲ့အတွက်ကြောင့် ဒီညီလာခံကို လာတက်ရောက်ပေးပါလို့ ဖိတ်ခေါ်ချင်တယ်” ဟု မိချယ်ရီစိုးက ဆက်ပြောသည်။

    အဆိုပါညီလာခံ ပထမနေ့တွင် အထင်ကရမွန်ဆရာတော်များ၊ မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ဟံသာနှင့် အဖွဲ့ဝင်များ၊ ဒေါက်တာမင်းကြည်ဝင်း (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး)၊ မွန်နိုင်ငံရေးအစုအဖွဲ့များ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ အရပ်ဖက်လူမှုအဖွဲ့အစည်း CSO များ၊ လူငယ်အဖွဲ့များနှင့် ဖိတ်ကြားသင့်သူများ စုစုပေါင်း ၆၀၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks