spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းလိင်အကြမ်းဖက်မှုအတွေ့အကြုံပိုင်းဆိုင်ရာ အစီရင်ခံစာထုတ်ဝေ

    လိင်အကြမ်းဖက်မှုအတွေ့အကြုံပိုင်းဆိုင်ရာ အစီရင်ခံစာထုတ်ဝေ

    -

    မွန်ပြည်နယ်အတွင်း အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် ကျူးလွန်သော လိင်အကြမ်းဖက်မှုပြဿနာရှိနေသည်ကို သက်ဆိုင်ရာအစိုးရများနှင့် ပြည်သူလူထုများ သိရှိနိုင်ရန် ရည်ရွယ်ပြီး ဥပဒေရေးရာဝန်ဆောင်မှုအတွေ့အကြုံပိုင်းဆိုင်ရာ အစီရင်ခံစာအုပ်အား စံပြလူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့က ထုတ်ဝေလိုက်ကြောင်း တွေ့ရှိရသည်။

    အစီရင်ခံစာကို မွန်၊ မြန်မာ၊ အင်္ဂလိပ် (၃) ဘာသာဖြင့် ရေးသားပြုစုထားခြင်းဖြစ်ပြီး ယခုမေလပထမအပတ်အတွင်း ဖြန့်ဝေထားခြင်းဖြစ်ကြောင်း သိရသည်။

    “အမူလိုက်ပေးထားတဲ့ ဒီအစီရင်ခံစာကို ကြည့်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးက လျော့နည်းနေတယ်၊ တစ်ချို့ သက်ငယ်မုဒိမ်းတွေဆိုရင် ပြစ်မှုကျူးလွန်တဲ့သူတွေကို ထောင်ဒဏ် (၃) နှစ်ပဲ ပြစ်ဒဏ်ချထားတာတွေလည်းရှိနေတယ်၊ မိန်းကလေးတွေနဲ့ပတ်သက်တဲ့ လိင်အကြမ်းဖက်မှုအပေါ်မှာ တရားစီရင်ရေးက ပေါ့လျော့နေတယ်” ဟု စံပြလူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့မှ Program Coordinator မိဟံသာထောက ပြောသည်။

    လိင်အကြမ်းဖက်မှုအတွေ့အကြုံပိုင်းဆိုင်ရာ စာအုပ်မျက်နှာဖုံး(Copy)

    တရားစီရင်ရေးဏဏ္ဍတွင် ဖြစ်ပေါ်နေသော အကျင့်ပျက်ခြစားမှုများနှင့် ဘက်လိုက်မှုများကို တင်းကြပ်စွာ အရေးယူနိုင်ပါက အများပြည်သူမျှော်လင့်နေသော တရားဥပဒေစိုးမိုးရေးကို ရရှိလာနိုင်မည်ဟု သူက ဆက်ပြောသည်။

    ရိုးရာဓလေ့များအရ လိင်အကြမ်းဖက်ခံရခြင်းကို ရှက်စရာကိစ္စတစ်ခုအဖြစ် သတ်မှတ်ထားခြင်း၊ ၎င်းတို့ ကျူးလွန်ခံရမှုနှင့် ပတ်သက်ပြီး ဖွင့်ပြောရန် ကြောက်ရွံ့ခြင်း၊ မိသားစုဝင်များနှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းများ၏ ပြစ်တင်ရှုံ့ချခြင်း ခံစားရမည်ကို ထိန့်လန့်နေခြင်း၊ လိင်အကြမ်းဖက်မှုများသည် အိမ်တွင်းရေးအဖြစ်သာ ရှုမြင်နေကြပြီး အများနှင့်သက်ဆိုင်သော ကိစ္စဖြင့် ရှုမမြင်ကြခြင်း၊ အစိုးရနှင့်တရားဏဏ္ဍအပေါ် ယုံကြည်မှုမရှိခြင်းကြောင့် လိင်အကြမ်းဖက်မှုခံရသော အမျိုးသမီးများအနေဖြင့် တရားဥပဒေနည်းလမ်းအတိုင်း တရားမျှတမှုကို ရှာဖွေရန် အခက်အခဲများစွာရှိနေကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။

    “ပြစ်မှုကျူးလွန်ခံရသူတွေအနေနဲ့ ဖွင့်ပြောလာဖို့က တရားရုံးဆိုတာ ကြောက်ရမယ့်နေရာမဟုတ်ဘူး၊ ပြဿနာတစ်ခုခုဖြစ်ရင် ဖြေရှင်းရမယ့်နေရာ၊ တရားရုံးအနေနဲ့လည်း ပြစ်မှုကျူးလွန်တဲ့သူတွေကို ထိုက်တန်တဲ့ အပြစ်ဒဏ်ကိိုလည်း ပေးစေချင်တယ်” ဟု စံပြလူထုအခြေပြုဖွံ့ရေးအဖွဲ့၏ ရှေ့နေ မိယုနန္ဒာမြင့်က ပြောသည်။

    လိင်အကြမ်းဖက်မှုခံရသူများသည် စားဝတ်နေရေးအတွက် အဓိကရုန်းကန်နေရသည့် နေရာတွင်ပင် အဖြစ်များကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်ဝေက ပြောသည်။

    “အများသောအားဖြင့် ပြစ်မှုကျူးလွန်ခံရတဲ့သူတွေက ကျေးလက်ဒေသကလူတွေ ပညာအရည်အနိမ့်ပါးတဲ့လူတွေ ဆင်းရဲချို့တဲ့တဲ့လူတွေ ဖြစ်တာများတယ်၊ ဘာကြောင့်လဲဆိုတော့ ညအချိန်မတော် သွားလာလှုပ်ရှားရတယ်၊ အိမ်မှာ သားသမီးတွေကိုလည်း ထားပြစ်ခဲ့ရတယ်၊ စားဝတ်နေရေးကျပ်တည်းတဲ့အခါကျတော့ စားဖို့အတွက်ပဲ အနိုင်နိုင်လုပ်နေရတယ်” ဟု ဒေါ်မြင့်မြင့်ဝေက ပြောသည်။

    ရာဇဝတ်မှုကျူးလွန်သူများကို ပြစ်မှုပြစ်ဒဏ်မျှုတရန် ချမှတ်ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်မပေးဘဲ ၎င်းတို့အား ထောင်ဒဏ်အပြည့်ပေးစေရန်၊ အမျိုးသမီးနှင့် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်သည့် အထူးဥပဒေတစ်ရပ်ပြဌာန်းစေကြောင်း သူက ဆက်ပြောသည်။

    အဆိုပါအစီရင်ခံစာကို USAID ၏ တရားဥပဒေ စိုးမိုးမှုမြှင့်တင်ရေးစီမံကိန်း အထောက်အပံ့ဖြင့်၂၀၁၇ခုနှစ်၊ ဧပြီလ မှ ၂၀၁၈ ခုနှစ်၊ ဧပြီလအထိ ကျိုက်မရော၊ ပေါင်၊ မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြုဇရပ်နှင့် ချောင်းဆုံမြို့နယ်မှ လိင်အကြမ်းဖက်အမှုပေါင်း (၈၀) မှုအပေါ်အခြခံကာ စံပြလူထုအခြေပြုဖွံ့ရေးအဖွဲ့က ရေးသားပြုစုထားခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks