spot_img
Tuesday, February 10, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်၂၀၀၈ ဖွဲ့စည်းပုံ၊ ဖက်ဒရယ်ပြည်ထောင်စစ်စစ်နှင့် မွန်တိုင်းရင်းသားအရေး

    ၂၀၀၈ ဖွဲ့စည်းပုံ၊ ဖက်ဒရယ်ပြည်ထောင်စစ်စစ်နှင့် မွန်တိုင်းရင်းသားအရေး

    -

    မွန် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲခေါင်းစဉ်(Facebook)
    မွန်ပြည်သစ်ပါတီ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ချုပ်ဆိုပြီးနောက် မွန်နိုင်ငံရေးပါတီများနှင့် မွန်လူထုအဖွဲ့အစည်းများပါမကျန် မွန်လူမျိုးတစ်ရပ်လုံးအနေဖြင့် နိုင်ငံရေးတောင်းဆိုချက်များ တင်ပြနိုင်ရန် စတင်လှုပ်ရှားလာကြပြီ ဖြစ်သည်။

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံသို့မတက်ရောက်မီ မွန်-လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပတော့မည်ဖြစ်သည်။

    ဧပြီလအတွင်းမှာပင် မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ ညီစားစခန်းနှင့် ဝယ်ဇင်စခန်းတို့တွင် နိုင်ငံရေး၊ စီပွားရေး၊ လူမှုရေး၊ မြေယာနှင့်သယံဇာတ စသည့် ကဏ္ဍများအတွက် မွန်လူထု၏သဘောထားအမြင်များကို စာတမ်းများပြုစုကာ လူမျိုးစုအလိုက် နိုင်ငံရေးဆွေးနွေးပွဲသို့တင်သွင်းသွားမည် ဖြစ်ပါသည်။

    သို့ရာတွင် နိုင်ငံရေးအရ မွန်လူမျိုးတို့ တောင်းဆိုချက်မှာ လူမျိုးကိုအခြေခံသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးဖြစ်သည့်အတွက် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသဖြင့် မဖြစ်နိုင်သည်ကို တောင်းဆိုနေသလားဟု မေးခွန်းထုတ်စရာပင်။

    လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံသည် ဗမာလူမျိုးအတွက် နယ်မြေကိုအခြေခံထား၍ တိုင်းဒေသကြီးများဖွဲ့စည်းကာ တိုင်းရင်းသားများအား ပြည်နယ်များဖွဲ့စည်းပေးထားသည့်ပုံသဏ္ဍာန် ဖြစ်နေသဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ဗမာလူမျိုးများကသာ အမြဲတမ်းစိုးမိုးခွင့် ရရှိနေဦးမည်ဖြစ်သည်။

    လူမှုရေးနှင့်ဆက်စပ်သော ပညာရေးကဏ္ဍများတွင် တိုင်းရင်းသားတို့၏ မိမိတို့မိခင်ဘာသာစကား/စာပေကို သင်ကြားခွင့်မရှိခြင်း၊ တိုင်းရင်းသားဒေသရှိ အစိုးရရုံးများတွင်လည်း သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကား/စာပေတို့ကို သုံးစွဲခွင့်မပြုခြင်းနှင့် ဗမာစကား/စာပေကိုသာ အဓိကထားသုံးစွဲနေခြင်းက တန်းတူညီမျှမှုဟု မဆိုနိုင်ပေ။

    ထို့ကြောင့် တိုင်းရင်းသားများတောင်းဆိုချက်နှင့် လက်ရှိတည်ရှိနေသော ၂၀၀၈ ဖွဲ့စည်းပုံသည် ဖီလာဆန့်ကျင်နေသည့်အနေအထားတွင်ရှိနေပြီး ၄င်းအနေအထားများမှ လွတ်မြောက်ရေး ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် တည်ဆောက်နိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံများမှတဆင့် ဆက်လက်ကြိုးပမ်းရမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks